ဝန်ဆောင်မှုများအတွက် ကျေနပ်မှုမရှိက စားသုံးသူရေးရာ တိုင်နိုင်ကြောင်း သိသူနည်း

0
538

ဝန်ဆောင်မှုများအတွက် ကျေနပ်မှု မရှိပါက စားသုံးသူရေးရာဦးစီးဌာနထံ တိုင်ကြားနိုင်ကြောင်း သိရှိသူနည်း လျက်ရှိကြောင်း ကော့သောင်းခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။
ကော့သောင်းတွင် ဌာနစဖွင့်ချိန်မှ စပြီး၂၀၁၈ ခုနှစ် အောက်တိုဘာလပထမ အပတ်ထိ လာရောက်တိုင်ကြားသူ တစ်ဦးတည်းသာရှိကြောင်း အထက်ပါ ဌာနမှ သိရသည်။

“လူတွေက FDA ရုံးနဲ့ မကွဲပြား သလို၊ ကိုယ် အဆင်မပြေဖြစ်ခဲ့တာကို ဒီဌာနမှာ လာတိုင်ကြားလို့ ရတယ် ဆိုတာကို သိပ်မသိကြသေးဘူး၊ လျှပ် စစ်မီးကအစ ဝန်ဆောင်မှု အဆင်မပြေ ခဲ့ရင် ဒီဌာနမှာ လာတိုင်လို့ရတယ်၊ အဓိက စားသုံးသူ ပြည်သူဘက်ကရပ် တည်ဖြေရှင်းပေးတာ”ဟု ကော့သောင်း ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနခရိုင် ဦးစီးမှူး ဒေါ်မြသီတာက ပြောသည်။
စားသုံးသူရေးရာဦးစီးဌာနအနေ ဖြင့် ပြည်သူများနှင့်ပတ်သက်သည့် ဝန်ဆောင်မှုများအတွက် တိုင်ကြားနိုင် သည့် အမျိုးအစား ၉ ခု အောက်ရှိ အကြောင်းအရာများနှင့် ပတ်သက်၍ တိုင်ကြားနိုင်ပြီး ဝန်ဆောင်မှုပေးသူများ အနေဖြင့် စားသုံးသူရေးရာဦးစီးဌာန မှထုတ်ပြန်ထားသည့် ဥပဒေပုဒ်မ ၉ ကနေ ၁၄ ထိ အကျုံးဝင်ခဲ့လျှင် ၃ နှစ်ထက်မပိုသည့်ထောင်ဒဏ်နှင့် ကျပ်သိန်း ၅၀ ထက်မပိုသည့် ငွေဒဏ် အပြင် ဒဏ်နှစ်ရပ်စလုံး ကျခံနိုင်ကြောင်း ၎င်းက ထပ်မံ ရှင်းပြသည်။

“တိုင်တယ်ဆို ရဲစခန်းနဲ့ ရပ်ကွက် ရုံးလောက်ပဲ သိတယ်၊ ဒီလိုမျိုး ဝန် ဆောင်မှုပေးတဲ့အခါ ပြောတဲ့ အတိုင်း၊ ကြေညာထားတဲ့အတိုင်း မဟုတ်လို့ ကျေနပ်မှုမရှိခဲ့ရင် တိုင်ကြားနိုင်တဲ့ဌာန ရှိတာ ခုမှသိတယ်”ဟု ရွှေဇင်ယော် ရပ်ကွက်မှ ဦးမင်းမင်းက ပြောသည်။
ကော့သောင်းခရိုင်စားသုံးသူရေး ရာဦးစီးဌာနရုံးမှာ အဏ္ဏဝါရပ်ကွက်ရှိပြည်တော်အေးစေတီတော်အတက်လမ်း တွင် ဖွင့်ထားကြောင်း သိရသည်။

စာသုံးသူရေးရာသို့ တိုင်ကြားနိုင် သည့်ကိစ္စများ
(၁) အစားသောက်၊
(၂) အိမ်သုံးပစ္စည်း၊
(၃) ကလေးအသုံးဆောင်ပစ္စည်း၊
(၄) ဆက်သွယ်ရေးသုံးပစ္စည်း၊
(၅) လူသုံးကုန်ပစ္စည်း၊
(၆) ဆေးဝါး၊
(၇) ဖြည့်စွက်စာ၊
(၈) ဓာတုဗေဒပစ္စည်း၊
(၉) အလှကုန်ပစ္စည်း