ထားဝယ်လုံခြုံရေးကင်မရာများကို စောင့်ကြည့်ထိန်းချုပ်စနစ် တပ်မည်

0
410

ထားဝယ်မြို့အတွင်း စည်ပင် သာယာရေးအဖွဲ့က တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာ (CCTV) များအား ထိန်းချုပ်စောင့်ကြည့်မည့် စနစ်ကို ယခု ဘဏ္ဍာရေးနှစ်တွင် တပ်ဆင်မည်ဖြစ် ကြောင်း ထားဝယ်မြို့နယ် စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ပြောသည်။
ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်က ငွေ ကျပ်သိန်း ၂၅၀ ဖြင့် မီးပွိုင့်များတွင် (CCTV) လုံခြုံရေးကင်မရာ ၄၄ လုံးနှင့် မြို့အဝင်^အထွက် နေရာများတွင် ယာဉ် နံပါတ်ကို ရိုက်ကူးနိုင်သည့် ကင်မရာ ၈ လုံးကို စည်ပင်သာယာရေးအဖွဲ့က တပ်ဆင်ထားသည်။

လက်ရှိတွင် CCTV တပ်ဆင်ထား သည့် မီးပွိုင့်ရှိ ယာဉ်ထိန်းရဲဂိတ်တဲများ တွင် မှတ်တမ်းတင်သိမ်းဆည်းသည့် စက်များ တပ်ဆင်ထားပြီး ထိန်းချုပ် စောင့်ကြည့်မည့်အခန်းကို လက်ရှိဘဏ္ဍာ နှစ် ဒုတိယသုံးလပတ်(ဇန်နဝါရီလမှ မတ်လအထိ)အတွင်း တပ်ဆင် မည်ဖြစ် ကြောင်း အမှုဆောင်အရာရှိက ဆိုသည်။
လုံခြုံရေးကင်မရာများ စောင့်ကြည့် ထိန်းချုပ်မည့်အခန်းကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် တပ်ဆင်မည်ဖြစ်ပြီး ငွေကျပ် ၁၆၆ သိန်း သုံးစွဲရန် လျာထား ကြောင်း ၎င်းက ပြောသည်။

“ကျူးလွန်တာတွေ၊ ယာဉ်နဲ့ ပတ် သက်ပြီးတော့ အထောက်အထားတွေ မှန်သမျှကို တိုင်းရဲတပ်ဖွဲ့ကနေ စောင့် ကြည့်ဖို့အတွက် ဈေးမေးပြီး လျာထား ခြင်းဖြစ်ပါတယ်”ဟု အမှုဆောင်အရာရှိ က ဆိုသည်။
အဆိုပါ CCTV ကင်မရာများကို ရန်ကုန်မြို့ အခြေစိုက် myanmar novel icon ကုမ္ပဏီက တပ်ဆင်ထား ခြင်းဖြစ်ပြီး အာမခံ ၂ နှစ် (သဘာဝဘေး မပါ) ပေးထားကြောင်း တိုင်းစည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။