စံပြ

0
659

အရင်ကျွန်တော်နေတဲ့ ရပ်ကွက် ကလေးက သားသမီးတွေ ကျောင်းနဲ့ဝေး၊ ဈေးနဲ့လည်း ခပ်လှမ်းလှမ်းဖြစ်နေလို့ ဒီရပ်ကွက်လေးကို ကျွန်တော်ပြောင်းလာ ဖြစ်တယ်။
ရပ်ကွက်ထိပ်မှာ ရေးထားတာ “စံပြ ရပ်ကွက်”တဲ့။

ဘာတွေ စံပြလည်းတော့ ကျွန်တော် မသိပါ။ သို့ပေမဲ့ လမ်းကလေးတွေ ညီညီ ညာညာ အားလုံးကွန်ကရစ်လမ်းတွေနဲ့ ကွန်ကရစ်ရေမြောင်းတွေလည်း တွေ့ရ တယ်။ အိမ်တွေ အားလုံး ခြံဝင်းကလေး တွေခတ်လို့။ လမ်းတိုင်းမှာလည်း လမ်း ညွှန်အမှတ်သား ဆိုင်းဘုတ်တွေနဲ့။ ဓာတ်တိုင်ကလေးတွေလည်း အစီအရီ။
ဒီရပ်ကွက်ထဲ အရင်ကတည်းကနေ တဲ့ ဦးလေးတစ်ဦးကတော့ “တို့ရပ်ကွက် ကပြီးခဲ့တဲ့ ၁၀နှစ်ကျော်လောက် က တည်း ဒီလိုစံပြရပ်ကွက် ဖြစ်နေတာကွ။ အစိုးရကတောင် ဖဲကြိုးတွေဘာတွေ ဖြတ်ပြီး လာဖွင့်ထားတာ။ အိမ်မှာ ဘာပစ္စည်းထားထား ပျောက်လေ့မရှိဘူး။ သူခိုးမရှိဘူးပေါ့ကွာ။ ရဲကင်းလည်းရှိ တော့ ရဲတွေတစ်ညလုံး ကင်းလှည့်တာ။ လမ်းမီးတွေလည်း ကောင်းတော့ ပိုလုံခြုံ တာပေါ့ကွာ”ဆိုပြီး ဂုဏ်ယူစွာ ပြောတတ် ပါတယ်။
မှန်လည်း မှန်ပါတယ်။

စာသင်ကျောင်းကလည်း အလယ် တန်းကျောင်းက ရပ်ကွက်နဲ့မဝေး။ ဈေးလည်း ရှိတယ်။ ပုဂ္ဂလိက ဆေးရုံဆေး ခန်းတွေလည်း ရှိတယ်။ Sကစနမ Mမေုနအ တစ်ခုနဲ့ ရုပ်ရှင်ရုံလည်း ရှိသည်။ အစား အသောက်နဲ့ အဝတ်အထည်ဆိုင် စုံမှစုံ။ ညနေဈေးတန်း ကလေးလည်းရှိတော့ ရပ်ကွက်တစ်ခုသာ ဆိုတယ်။ မြို့ငယ် လးတစ်ခုကို ရောက်နေသလိုပဲ။ မြို့လယ် ခေါင်နဲ့ ရုံးတွေနဲ့လည်း မလှမ်း၊ ကား ဂိတ်ကလေးတစ်ခုနဲ့ မြို့ပတ်ရထား ဘူတာကလေးတစ်ခုလည်း ရှိသေးတယ်။
ဪ . . . . စံပြရပ်ကွက်ဆိုတာ ဒီလိုအဆင်ပြေတာကို ပြောတာဖြစ် လိမ့်မယ်လို့ ကျွန်တော်စဉ်းစားမိတယ်။
မနက်မိုးလင်းတာနဲ့ သံဃာတွေ ဆွမ်းခံကြွလာတဲ့ ကြေးစည်သံ၊ ပဲပြုတ်၊ ကောက်ညှင်းပေါင်း ၊ အကြော်၊ ဟင်းသီး ဟင်းရွက်၊ အသားငါးရောင်းတဲ့ ခေါင်း ရွက်ဗျပ်ထိုး ဈေးသည်တွေရဲ့ အသံတွေ က နံနက်ခင်းတံခါးကို ဖွင့်လှစ်လေ့ရှိပါ တယ်။

အဲလို ရပ်ကွက်ကသန့်ပြီး အဆင် ပြေလာတော့ မြေလွတ်ရှိသူတွေ ဈေး ကွက်မြင်လာကြတယ်။ တန်းလျားတွဲတွေ ဆောက်ပြီး အခန်းငှားစားတဲ့ သူတွေ အိမ်တွေမှာ ဘော်ဒါဆောင်ဖွင့်တဲ့သူတွေ။ ရှိတဲ့ အိမ်ကလေးကိုဖျက် (၆) ထပ်ကန် ထရိုက် တိုက်ဆောက်ပြီး အခန်းရောင်းတဲ့ သူတွေ အခန်းငှားတဲ့သူတွေ များလာ သည်။
နေထိုင်ဖို့နေရာတွေ ကျယ်ပြန့်လာ တာနဲ့အမျှ ကျောင်းသူ၊ ကျောင်းသားတွေ ရုံးဝန်ထမ်းတွေ ကုမ္ပဏီကလူတွေ အသေး စားစီးပွားရေးလုပ်ငန်းရှင်တွေ ၊ ဆရာဝန်၊ ရှေ့နေတွေ အနေများလာသည်။
“အရင်က ဒီရပ်ကွက်မှာ လူတစ် သောင်းတောင် မပြည့်ဘူး၊ အခုသုံး သောင်းပြည့်ခါနီးနေပြီ”လို့ ရပ်ကွက်ရုံး က စာရေးကြီးက အိမ်ထောင်စု စာရင်းကြီး ကိုင်ပြီး သတင်းပေးရှာသည်။ နေထိုင်သူများလာတော့ ရပ်ကွက်ထဲလာ သည့် ဧည့်သည်တွေ ၊ မော်တော်ကား၊ မော်တော်ဆိုင်ကယ်တွေ လမ်းတွေပေါ်မှာ များလာသည်။

ဒီမှာ ပြဿနာ အနည်းငယ်စတော့ သည်။
အိမ်ရှေ့တွေမှာ ကားရပ်ထားလို့ဆို ပြီး ဝင်းခြံထဲက အိမ်ရှင်တွေက အဝင် လမ်းပိတ်တယ်။ အိမ်က ကားရပ်လို့ မရဘူး စသဖြင့် ဘာကွိ၊ ညာကွိနဲ့ ပွား တော့တယ်။ ဧည့်သည်တွေနဲ့ ကားရှိသူ တွေခမျာ ကားဘယ်ကနေ ဘယ်လိုရပ်ရ တော့မလဲ မသိ။ ခေါက်ပြီး အိမ်ထဲသွင်း ထားလို့လည်း မရတော့ အဆင်မပြေမှု တွေ စလာတယ်။
ပြီးတော့ လမ်းပေါ်မှာ ထိုင်ခုံတွေ၊ ကားတာယာအဟောင်းတွေ ထွက်ထား လာတယ်။ ကားမရှိတဲ့ လူတွေ အိမ်တွေ လည်း ဒီလိုလုပ်လာတာ အစဉ်အလာဖြစ် လာတယ်။

အချို့အိမ်ရှင်တွေကျတော့လည်း တစ်မျိုး၊ အိမ်ရှေ့မှာ “ယာဉ်မရပ်ရ” ” အိမ်ကားအဝင်/အထွက်ရှိ၍ မည်သည့် ယာဉ်မှ မရပ်နားရ” ၊ “ညအိပ်ကားရှိ၍ ယာဉ်မရပ်ရန် မေတ္တာရပ်ခံပါသည်” ဆိုတာမျိုး အပြင် “လူလိုသိပါ” တို့ဆို တဲ့ စာသားမျိုးတွေ ရေးထားတာ တွေ ရှိလာတယ်။
ကားရပ်ထားတာကို ကားသမား ကားပေါ်ပြန်တက်တဲ့အခါမျိုး အုပ်စုလိုက် ချဲထားတွေလည်း ရှိလာတယ်။ မခံနိုင်လို့ အုပ်ချုပ်ရေးမှူး တိုင်ပြန်တော့လည်း အုပ်ချုပ်ရေးမှူး ရှင်းတုန်းခဏသာ ပြီးရင် အရင်တိုင်း။ ရန်မီးတစ်စပွားလာတာပဲ အဖတ်တင်သည်။
ရပ်ကွက်ထဲမှာ ဝါတွင်းကာလဆို လမ်းတိုင်းလမ်းတိုင်းက ဥပုသ်နေ့ အရုဏ်ဆွမ်းလောင်းကြသည်။ လှူသူ တန်းသူနဲ့ အလှူခံသူ အားလုံးစိတ်ကြည် နူးစရာ။
ဒီနှစ်တော့ ပြဿနာတက်တယ်။ မနက် ၄ နာရီ အသံချဲ့စက်ကျယ်လွန်းလို့ အိမ်တစ်အိမ်က ဆွမ်းလောင်းအဖွဲ့ကို သူ့အိမ်မှာ အသက်ကြီးအဖွားရှိတယ်လို့ သိတယ်မဟုတ်ဘူးလား ၊ ဘာလားနဲ့ သူတစ်ခွန်း ကိုယ်တစ်ခွန်း ဖြစ်ကြ။ အဆင်မပြေ နောက်ဆုံး အုပ်ချုပ်ရေးမှူး ညှိပေးပေမယ့် တိတိပပ ပြေလည်သွားတာ မျိုး မကြားရဘူး။

ဒီကြားထဲ လမ်းပေါ်မှာဆောက် ထားတဲ့ ဆွမ်းလောင်းမဏ္ဍပ်အနီးမှာ ကန်ထရိုက်တိုက် တစ်လုံးလာဆောက် တယ်။ လုပ်ငန်းသုံး ကားတွေ ခဏခဏ သွားလို့ဆိုပြီး ဆွမ်းလောင်းအသင်းက ဒီလမ်းကနေ မသွားဖို့ တားမြစ်သည်။ ကန်ထရိုက်ကလည်း “အများပြည်သူ ရဲ့လမ်း သွားတော့ဘာဖြစ်လဲ” ဆိုပြီး သွားတယ်။ အဲဒီမှာ နှစ်ဖက်စကားတွေ များပြီး အဆင်မပြေဖြစ်တော့ ဆွမ်း လောင်းမဏ္ဍပ်ကို မဖျက်ဘဲ ပုံသေထား လိုက်တယ်။ ဒီတော့ လုပ်ငန်းသုံးကားတွေ သွားဖို့ရာ ဆွမ်းလောင်းမဏ္ဍပ်နဲ့ မလွတ် တော့။ ကားငယ်လေးတွေ မော်တော်ဆိုင် ကယ်နဲ့ လမ်းလျှောက်သူတွေကတော့ သွားလို့ ရနေသေးတယ်။
တစ်ဖက်ကန်ထရိုက်ကလည်း သူ့ လုပ်ငန်းခွင်ထဲကို ကားတွေ ကွေ့ပတ်ပြီး အခြားလမ်းမှဝင်^ထွက်နေရတော့ ယာဉ်ကြောများ တစ်နေ့တစ်ခြား ရှုပ် ထွေးလာတယ်။ လုပ်ငန်းသုံးကားတွေ အဆင်ပြေသလိုရပ်ပြီး ပစ္စည်းတင်ချ ကြတယ်။ ညအိပ်လည်း ရပ်နားထားတော့ သဲပုံ၊ ကျောက်ပုံ၊ အုတ်ပုံတွေနဲ့ဆိုတော့ ဆွမ်းလောင်းမဏ္ဍပ်လိုပဲ ကားငယ်တွေပဲ သွားလို့ ရတော့တယ်။

ရပ်ကွက်ထဲက လူတွေကလည်း ဆွမ်းလောင်းမဏ္ဍပ်နဲ့ အဲဒီဆောက်လုပ် ရေးလုပ်ငန်းခွင် အနားကနေ ကွင်းသွား ကြတယ်။ လမ်းလည်း မကြာခဏပိတ် နေတော့ အဲဒီအနီးပတ်ဝန်းကျင်မှာ အဆင်မပြေဖြစ်နေတာက များတယ်။
တစ်နေ့ . . အဲဒီနေ့က ဥပုသ်နေ့ မဟုတ်သလို အဖိတ်နေ့လည်း မဟုတ် တော့ ဆွမ်းလောင်းမဏ္ဍပ်မှာ ညအိပ်စောင့်မယ့် သူမရှိဘူး။ ဆွမ်း လောင်းမဏ္ဍပ်နှင့် ဆောက်လုပ်ရေးလုပ် ငန်းခွင်ရှိ ကြားမှာရှိတဲ့ အိမ်တစ်အိမ် ဘုရားခန်းမှာ ဝါယာရှော့ခ် စဖြစ်တယ်။ အိမ်ရှင်တွေက ခရီးသွားနေပြီး အလုပ် သမားကောင်လေးနှစ်ဦး ညအိပ်စောင့် တယ်။ ကလေးသာသာ အရွယ်များဖြစ် တာ့ မလုပ်တတ်လုပ်တတ်နဲ့မီးငြိမ်းဖို့ ကြိုးစားရင်း ဘုရားခန်းတစ်ခုလုံးသာမက နေအိမ်အပေါ်ထပ် တစ်ခုလုံး မီးစွဲလောင် သည်။ ထိုအချိန်မှ အပြင်ထွက်ပြီး ‘မီး..မီး..မီး..လို့အော်မှ ပတ်ဝန်းကျင် အိမ်များ နိုးလာတယ်။ သက်ဆိုင်ရာ ဖုန်းဆက်ကြ တော့ မီးသတ်ကားတွေ အချိန်မီရောက် လာတယ်။

ရောက်လာပေမဲ့လည်း မော်တော် ကားတွေ ကြုံသလို ရပ်ထားကြတော့ မီးသတ်ကားတွေ ဝင်လို့ မရ။ အချို့အိမ် များက ကားမရှိသော်လည်း တွန်းလှည်း တွေ၊ လှေကားတွေ လမ်းပေါ်ထောင်ထား၍ ဖယ်ရင်းရွေ့ရင်းနှင့် ခရီးကမပေါက်။ ထိုအချိန် နောက်တစ်အိမ် မီးကူးစပြုနေ ပြီ။
မီးသတ်ကားက မီးလောင်အိမ်အနီး သို့ ရောက်သော်လည်း ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ကားတွေကြောင့် ရှေ့ဆက် တိုးမရပြန်။ ယာဉ်မောင်းသူ ဘယ်သူမှန်း မသိလို့ ထပ်အခက်ကြုံတယ်။ ယာဉ် မောင်းသမားရှာပါဦးနဲ့ တတိယအိမ်သို့ မီးကူးပြန်ပြီ။ ထိုအခါ မီးသတ်ကားက ပြန်လှည့်ထွက်၊ ဆွမ်းလောင်းမဏ္ဍပ် ရှိသည့်နေရာကို ပြန်လာ၊ မဏ္ဍပ်ကို ရိုက်ဖြိုရင်းနဲ့ စတုတ္ထအိမ်၊ ပဥ္မမအိမ်များ သို့ မီးဆက်ကူးလာတယ်။ မီးလည်းပို များ လာသည့်အချိန် မီးလောင်ပြင်အနီး သို့ မီးသတ်ကားရောက်လာပြီး မီးတော့ ထိန်းနိုင်ခဲ့တယ်။

စာရင်းချုပ်လိုက်တော့ လွန်စံပြရပ် ကွက်အတွင်း အိမ် ၇ အိမ်မီးလောင်ကျွမ်း ခဲ့ပြီး မျှော်မှန်းထားတာထက် ဆုံးရှုံးမှုပိုမို ခဲ့တယ်။ အိုးမဲ့အိမ်မဲ့ ဖြစ်သူ မိသားစု ၁၅စုလောက်ရှိတယ်။ အဲဆွမ်းလောင်း မဏ္ဍပ်လည်း အတော်ပျက်စီးသွားခဲ့တယ်။
မိမိတို့ရဲ့ လောဘ၊ မာန်မာနတွေကို မိမိသာမက မိမိပတ်ဝန်းကျင်ကို ထိခိုက်စေခဲ့တယ်။ အပ်နဲ့ထွင်းရမည့် နေရာ ဆောက်နှင့်ထွင်းခဲ့ရတယ်။
အမှန်တော့ စံပြရပ်ကွက်မှာ နေရုံနဲ့ စံပြဖြစ်သွားတာမဟုတ်။ စံပြစိတ်ဓာတ်ရှိ မှသာလျှင် စံပြရပ်ကွက်နှင့် ထိုက်တန် သည်ကို ထိုလူများကို ဒီမီးလောင်မှုက ကောင်းကောင်း သဘောပေါက်စေမယ်လို့ ထင်ပါတယ်။ ။