ငါးမန်း ဖမ်းဆီးမှု လျော့နည်းလာ

0
446

တရားမဝင်ကြောင်း တားမြစ်ထား သည့် ငါးမန်းဖမ်းဆီးမှု ယခုနှစ်အတွင်း လျော့နည်းလာကြောင်း မြိတ်မြို့ရှိ ငါး အဝယ်ဒိုင်များနှင့် ရေလုပ်သားများထံမှ သိရသည်။ မျက်မြင်တွေ့ရှိချက်များအရ ပြီးခဲ့ သည့်နှစ်ပိုင်းက ငါးမန်းအနည်းအကျဉ်း လာရောက်ရောင်းချလေ့ ရှိသော်လည်း လက်ရှိတွင်ဝယ်ယူခြင်း မရှိတော့သလို လာရောက်ရောင်းချခြင်းလည်း မရှိ တော့ကြောင်း မြိတ်မြို့၊ ထားဝယ် ကမ်းရပ်မှ ငါးခြောက်လုပ်ငန်း လုပ်ကိုင် သူ ဒေါ်သီသီဝင်းက ပြောသည်။ “သူတို့(ငါးလုပ်ငန်းဦးစီးဌာန)က တားမြစ်ထားမှန်း ရောင်းသူရောဝယ်သူ ပါအရင်က သိပ်မသိကြဘူး။

အခုက မကြာမကြာ လာစစ်ဆေးနေတော့ ဝယ် လည်းမဝယ် ရောင်းလည်းမရောင်းကြ တော့ဘူး”ဟု ၄င်းက ပြောသည်။ ယခင်က ငါးမန်း အကောင်သေး များ တင်ချနေသည်ကို မကြာခဏတွေ့ မြင်ရသော်လည်း လက်ရှိတွင် ယင်းသို့ မတွေ့ရသည်မှာ ၅ လခန့်ရှိပြီဖြစ်ကြောင်း မြိတ်ကမ်းနားလမ်းရှိ ငါးတင်ငါးချဆိပ် ကမ်းရှေ့၌ ကွမ်းယာဆိုင် ဖွင့်လှစ်ရောင်း ချသူ အသက် ၄၀ ခန့်ရှိ အမျိုးသားတစ်ဦး က ပြောသည်။ “ငါးမန်းအကောင်သေးတွေပါ၊ ခုတော့ ဘယ်မှာသွားခိုးတင်နေကြလဲ ထားဝယ်ခရိုင်အတွင်းရှိ ပုဂ္ဂလိက ယာဉ်များ ပြေးဆွဲရေးလုပ်ငန်းထိန်းသိမ်း ကြီးကြပ်ရေး(ယ.က.က)ခရိုင်နှင့်မြို့နယ် ကော်မတီများကို နိုဝင်ဘာလ နောက်ဆုံး ထားကာ ပြန်လည်ရွေးချယ်သွားမည် ဖြစ်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေး မှူး ဦးအောင်စိုးမိုးက ပြောသည်။

ယခင်က မ.ထ.သ ဟု ခေါ်သည့် ယ.က.က ကော်မတီများကို အသစ်ပြန် လည်ရွေးချယ်ရန် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးက ရွေးချယ်ရေးအဖွဲ့ေ ခါင်းဆောင်အဖြစ် ရွေးချယ်မည်ဖြစ် သည်။ လက်ရှိတွင် ယ.က.က ကော်မတီ တော့ မသိဘူး”ဟု ၄င်းက ဆိုသည်။ မျိုးတုံးရှားပါး ပျောက်ကွယ်လု ရှိနေသည့် ပင်လယ်လိပ်၊ လင်းပိုင်၊ ဝေလငါး၊ ရေဝက်၊ ရေနဂါး၊ ရေအောက် သန္တာကျောက်ခက် ကျောက်တန်းများနှင့် မည်သည့် ငါးမန်းမျိုးကိုမဆို ဖမ်းဆီး ခြင်း၊ ဝယ်ယူစုဆောင်းခြင်း၊ ရောင်းဝယ် ခြင်း မပြုလုပ်ရန် ငါးလုပ်ငန်းဦးစီးဌာနမှ တားမြစ်ထားသည်ပြီး စစ်ဆေးတွေ့ရှိ ပါက ငါးလုပ်ငန်းဥပဒေဖြင့် အရေးယူ မည်ဖြစ်ကြောင်း မြိတ်မြို့နယ် ငါးလုပ် ငန်းဦးစီးဌာနရုံးမှ သိရသည်။

“Catch Accident ပေါ့၊ တစ် ကောင်နှစ်ကောင် မတော်တဆမိတာမျိုး တော့ ခွင့်လွှတ်ပညာပေးလို့ရနိုင်ပေမဲ့ ဒီထက်များရင်တော့ တရားစွဲပြီး ထောင် ချလို့ရတယ်”ဟု အဆိုပါရုံးမှ တာဝန်ရှိ သူက ပြောပြသည်။ မတော်တဆ ငါးမန်းအသေးဖမ်း မိလျှင် ရေထဲသို့ပြန်လွှတ်ချခြင်း၊ အကောင်အကြီးမိလျှင် ပိုက်ဖြတ်ပစ်ခြင်း များ ပြုလုပ်နေရပြီး လှေပိုင်ရှင်ကလည်း လှေထဲ၌ လုံးဝတင်ဆောင်လာခြင်းမပြု ရဟု ပြောဆိုထားကြောင်း ထောင်ပိုက် လှေသား ကိုရဲဝင်းက ပြောသည်။ “ဖမ်းရင်ထောင်ကျနိုင်တယ်ဆို တော့ မဖမ်းရဲတော့ဘူး။ ယူလည်းမယူ လာတော့ဘူး”ဟု ၄င်းက ပြောသည်။ မြိတ်ကမ်းနားလမ်း ပြည်တော်သာ ဆိပ်တွင် နေ့ည ဆိုင်ကယ်တက္ကစီမောင်း သူတစ်ဦးကလည်း ဘေးတွဲဆိုင်ကယ်ဖြင့် ငါးမန်းသီးသန့် လိုက်လံဝယ်ယူနေသူ တစ်ဦး ယခင်ကအမြဲတွေ့နေရသော် လည်း ယခုအခါ မတွေ့ရတော့ကြောင်း ပြောသည်။

သို့သော် မျက်ကွယ်တွင် အရောင်း အဝယ်ရှိလျှင်လည်း ရှိနေနိုင်ကြောင်း အထက်ပါ မျက်မြင်တွေ့ရသူများက မှန်းဆကြသည်။ “ယခုလက်ရှိ ကျွန်တော်တို့မျက် မြင်ပြောရရင်တော့ မတွေ့ရသလောက် တော့ ရှိသွားပြီ”ဟု မြိတ်မြို့နယ်ငါးလုပ် ငန်းဦးစီးဌာနမှ တာဝန်ရှိသူက ပြော သည်။ လွန်ခဲ့သည့် ၆ လခန့်မှစ၍ ငါး လုပ်ငန်းဆိုင်ရာ အသိပေးနိုးဆော်ခြင်း နှင့်ပတ်သက်ပြီး သတိပေး ဆိုင်းဘုတ် ထောင်ခြင်း၊ ပညာပေးဟောပြောခြင်း၊ ဈေးများ၊ ငါးတင်ချသည့် ဆိပ်ကမ်းများ၌ ရှောင်တခင်ဝင်ရောက် စစ်ဆေးခြင်းများ တစ်ပတ်လျှင် ၂ ကြိမ် ပုံမှန်ပြုလုပ်လျက်ရှိ ကြောင်း မြိတ်မြို့နယ် ငါးလုပ်ငန်းဦးစီး ဌာနမှ သိရသည်။ မြိတ်ခရိုင်ပင်လယ်ပြင်မှ မတော် တစ်ဆ ဖမ်းဆီးရမိလေ့ရှိသည့်ငါးမန်း များမှာ ငါးမန်းဝဲလီ၊ ငါးမန်းကျွဲ၊ ငါးမန်း ကဗြုံး၊ ငါးမန်းပု၊ ငါမန်းယပ်မဲနှင့် ငါး မန်းကျားတို့ဖြစ်ကြောင်း ယင်းဦးစီးဌာန မှ သိရသည်။