ီးခေါင်း ပေါက်ပြဲဒဏ်ရာရအောင် ရိုက်နက်ဆုံးမခဲ့သည့် ကျောင်းအုပ် ဆရာမကြီး တောင်းပန်

0
598

စာမရဟုဆိုကာ ကျောင်းအုပ် ဆရာမကြီးက ရိုက်နက်ဆုံးမရာမှ ကျောင်းသားတစ်ဦး၏ ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရရှိခဲ့သည့် ကိစ္စနှင့်ပတ် သက်ပြီး ကျောင်းသားမိဘများအား ကျောင်းအုပ်ဆရာမကြီးက အောက်တို ဘာလ ၆ ရက်တွင် ကျောက်တလုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နေအိမ် တွင် တောင်းပန်ခဲ့ကြောင်း ကျောင်းအုပ် ဆရာမကြီးနှင့် ကျောင်းသားမိဘများထံမှ သိရသည်။

မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကျောက်တလုံးကျေးရွာအုပ်စု မြေမအုံ ကျေးရွာရှိ မူလတန်းကျောင်းတွင် စက်တင်ဘာလ ၃၀ ရက်က အင်္ဂလိပ် စာသင်နေစဉ် စာမလိုက်နိုင်ဟု ဆိုကာ ဝါးခြမ်းပြားဖြင့် ရိုက်နှက်ဆုံးမခဲ့သဖြင့် တတိတတန်း ကျောင်းသားတစ်ဦး၏ ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းဆွေက ပြောပြ သည်။ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် အုပ်ချုပ်ရေးမှူးနေအိမ်သို့ သွားရောကကာ ကျောင်းသားမိဘ၊ ကျောင်းကော် မတီဝင်များနှင့် ရပ်မိရပ်ဖတို့၏ ရှေ့ မှောက်တွင် တောင်းပန်စကားဆိုခဲ့ ကြောင်း ဆရာမကြီး ဒေါ်သိန်းဆွေက ပြောပြသည်။

“သက်ဆိုင်ရာတွေကို ဆက်တိုင် ချင်ပေမယ့် ရုံးကန္နားတွေ သွားလာမ တတ်တော့ ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ရ တယ်” ဟု ကျောင်းသား၏ မိခင်ဖြစ်သူ ဒေါ်အို့က ပြောသည်။ ကျောင်းအုပ်ဆရာမကြီးက ဝန်ချတောင်းပန်ကြောင်းနှင့် နောင်တွင် ထိုအဖြစ်မျိုးရှိခဲ့ပါက ဥပဒေက ပေးအပ် သည့် ပြစ်ဒဏ်ကို ခံယူမည်ဖြစ်ကြောင်းကို ကျေးရွာအုပ်စုအုပ်ချုပ်ရေး အပါအဝင် အသိသက်သေများရှေ့တွင် ခံဝန်လက် မှတ် ရေးထိုးခဲ့ကြောင်း ရပ်မိရပ်ဖတစ်ဦး ဖြစ်သူ ဦးဟိုရှိန်က ပြောပြသည်။