ထားဝယ်မြစ်အတွင်း အဆင့်မြင့် ရေပေါ်ဈေး ဆောက်ရန်ပြင်

0
421

ထားဝယ်မြို့ ကမ်းနားလမ်း မြစ် ကမ်းဘေးရှိ မြေကွက်နှင့် မြစ်အတွင်း အဆင့်မြင့်ရေပေါ်ဈေး တစ်ခုဆောက်ရန် ပြင်ဆင်လာသည်။ ဂျပန်၊ ထိုင်း၊ တရုတ်၊ မြန်မာရိုးရာ စားသောက်ဆိုင်များ၊ အဆင့်မြှင့်ပြီး ဒေသထွက်ကုန် အမှတ်တရအရောင်း ဆိုင်များ၊ မြစ်ထဲရေပေါ်စားသောက် ဆိုင်နှင့် မြစ်ရေစပ်တွင် လူဦးရေ နှစ်ရာ ခန့် စားသောက်နိုင်မည့် စားသောက်ခန်း မ အစရှိသည့် ဆိုင်များပါဝင်မည်ဖြစ် ကြောင်း ရေပေါ်ဈေးဆောက်ရန် အဆို ပြုထားသည့် ထားဝယ်နဂါးကုမ္ပဏီထံမှ သိရသည်။ အဆိုပါ ရေပေါ်ဈေး အကောင် အထည်ဖော်ရန် ဩဂုတ်လအတွင်းက လာရောက် အဆိုပြုထားကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမိုးဇော်လတ်က ပြောသည်။

ထားဝယ်မြစ်ဘေးရှိ ဆိပ်ကမ်းသာ ပန်းခြံနှင့် မျက်နှာချင်းဆိုင်ရှိ ပေ ၁၂၀ဝ _၁၅၀ အကျယ် မြေကွက်ပေါ်တွင် အဆင့်မြင့် ရေပေါ်ဈေးဆောက်ရန် ထားဝယ်နဂါးကုမ္ပဏီက အဆိုပြုထား ကြောင်း ဦးမိုးဇော်လတ်က ဆိုသည်။ အဆိုပါ မြေနေရာက မြန်မာ့ဆိပ် ကမ်းအာဏာပိုင်က စီမံခန့်ခွဲပိုင်ခွင့်ရှိ သည့် မြေဖြစ်ပြီး လက်ရှိတွင်တိုင်းအစိုးရ စီမံခန့်ခွဲခွင့်ရှိသည့် မြေဖြစ်လာစေရန် ယခုလအစောပိုင်းက ပြည်ထောင်စု အစိုးရထံ တင်ပြထားဆဲဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ရုံးထံမှ သိရသည်။ ဆိပ်ကမ်းပိုင်မြေနေရာကို တိုင်း အစိုးရက စီမံခန့်ခွဲခွင့်ရရှိချိန်မှသာ လုပ်ခွင့်ပြု၊ မပြုကို တိုင်းအစိုးရအဖွဲ့တွင် ဆွေးနွေးမည်ဖြစ်ကြောင်း ဦးမိုးဇော်လတ် က ဆိုသည်။

“သူက(ကုမ္ပဏီ)လုပ်ချင်တာက တော့ BOT စနစ်နဲ့ လုပ်ချင်တာပေါ့ နှစ်ငါးဆယ်လောက်၊ အဲဒါကျတော့ မြေရပြီး ဘာရပြီးဆိုရင် တစ်ဆင့်သွားမှာ ရမှာ”ဟု ဦးမိုးဇော်လတ်က ပြောသည်။ တိုင်းဒေသကြီးအစိုးရက ကမ်း လှမ်းလာသည့်အတွက် မြို့ပြဖွံ့ဖြိုးတိုး တက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရ ရှိရေး၊ ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင် ရေးတို့ကို ရည်ရွယ်ပြီး ယင်းနေရာတွင် အဆင့်မြင့်ရေပေါ်ဈေး လုပ်ရန် အဆိုပြု ထားခြင်းဖြစ်ကြောင်း ထားဝယ်နဂါး ကုမ္ပဏီ၏ မန်းနေးဂျင်းဒါရိုက်တာ ဦးရဲထွဋ်နိုင်က ဆိုသည်။ တိုင်းအစိုးရထံမှ ခွင့်ပြုချက်ရပါက စည်ပင်သာယာရေးအဖွဲ့မှတစ်ဆင့် တိုင်းဒေသကြီးလွှတ်တော်တွင် ရှင်းပြ ဆွေးနွေးခြင်း၊ ပြည်သူများကို ပွင့်လင်း စွာ အသိပေးခြင်းများ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဦးရဲထွဋ်နိုင်က ပြော သည်။ အဆင့်မြင့်ရေပေါ်ဈေးတွင် မြန်မာ၊ ထိုင်း၊ တရုတ်၊ ဂျပန် ရိုးရာ စားသောက် ဆိုင်များ၊ အဆင့်မြှင့်ပြီး ဒေသထွက်ကုန် အရောင်းဆိုင်များ၊ ရေပေါ်စားသောက် ဆိုင် အစရှိသည့် ဆိုင်များပါဝင်မည်ဖြစ် ကြောင်း ၄င်းကရှင်းပြသည်။ “ဒါတွေလုပ်ဖို့ အစိုးရအဖွဲ့ကိုတင် ပြထားတယ်၊ Plan (အစီအစဉ်) တွေ ပါ တင်ပြထားတယ်”ဟု ဦးရဲထွဋ်နိုင် က ပြောသည်။ အဆင့်မြင့်ရေပေါ်ဈေး ဆောက် မည့်မြေနေရာနှင့် ပတ်သက်၍ တိုင်း အစိုးရက တာဝန်ယူမည်ဖြစ်ပြီး ရင်းနှီး မြှုပ်နှံမည့်အပိုင်းကို ကုမ္ပဏီက တာဝန် ယူမည်ဖြစ်ကြောင်း ၄င်းက ပြော သည်။

ရေပေါ်ဈေး လုပ်ခွင့်ရမည်ဆိုပါက နိုင်ငံခြားကုမ္ပဏီများနှင့် ချိတ်ဆက်လုပ် ကိုင်သွားမည်ဖြစ်ကြောင်း ဦးရဲထွဋ်နိုင် က ပြော သည်။ အဆိုပါ ရေပေါ်ဈေးနှင့်ပတ်သက်၍ ပြီးခဲ့သည့်လက တိုင်းဒေသကြီးအစိုးရ အဖွဲ့ကသဘောထားမှတ်ချက်တောင်း လာသည့်အပေါ် တိုင်းအစိုးရအစီအမံဖြင့် လုပ်ဆောင်ရန်ဖြစ်ခြင်းကြောင့် ကန့် ကွက်ရန်မရှိကြောင်း အကြောင်းပြန် ကြားခဲ့သည်ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ဆိုသည်။

“ကျွန်တော်တို့ဌာနရဲ့ နယ်နိမိတ် (စီမံခန့်ခွဲမှု) ထဲမှာမရှိလို့ ကန့်ကွက်ရန် မရှိကြောင်းပေါ့ဗ”ဟု အထက်ပါတိုင်းဦးစီးမှူးက ပြေသည်။ ကုမ္ပဏီက လက်ရှိအဆိုပြုထား သည့် မြေနေရာအပါအဝင် ထားဝယ်မြစ် ကမ်း တစ်လျှောက်တွင် ယခင်က သဲ၊ ကျောက် လုပ်ငန်းများ၊ လက်ဖက်ရည် ဆိုင် အစရှိသည့်လုပ်ငန်းများကို မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ထံမှ မြေနေရာငှား ရမ်းကာ လုပ်ကိုင်ခဲ့ကြသည်။ လက်ရှိအစိုးရ လက်ထက်တွင် ထားဝယ်ကမ်းနားလမ်းဖွံ့ဖြိုးရေးလုပ် ငန်းများ လုပ်ကိုင်မည်ဟုဆိုကာ ၂၀၁၇ ခုနှစ် မှစကာ အထက်ပါလုပ်ငန်းများကို ရပ်နားစေခဲ့ပြီး မြေနေရာရှင်းလင်းခြင်း များ လုပ်ဆောင်ခဲ့သည်။ တိုင်းဒေသကြီးအစိုးရက ကမ်းနားလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ၂၀၁၇ ခုနှစ်မှစတင်လုပ် ဆောင်နေပြီး လက်ရှိတွင် မြောင်းပုလဲ တံတားမှ ကမ်းနားဈေးအနောက်ဘက် အထိ ပြီးစီးလုနီးပါး ဖြစ်နေပြီဖြစ်သည်။