တနင်္သာရီမြို့အနာဂတ် ရေဘေးလွတ်မြောက်ရေး အစီအစဉ်အတွက် တိုင်းအစိုးရ ကွင်းဆင်းတိုင်းတာမည်

0
331

ယခုနှစ်အတွင်း ၂ လခန့်ဆက်တိုက် ရေကြီးရေလျှံခဲ့သည့် တနင်္သာရီမြို့နှင့် ရေဘေးသင့်ကျေးရွာများအား အနာဂတ် တွင် ရေဘေးမှ လွတ်မြောက်နိုင်ရေး အစီအစဉ်များ ရေးဆွဲနိုင်ရန် ကွင်းဆင်း တိုင်းတာမည်ဟု တိုင်းဒေသကြီး စည် ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။ ကွင်းဆင်းတိုင်းတာရေးလုပ်ငန်း များ လုပ်ဆောင်နိုင်ရန် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်း ဦးဆောင်ပြီး၊ ဌာနဆိုင်ရာ၊ ပညာရှင်များပါဝင်သော ကွင်းဆင်းတိုင်းတာရေးအဖွဲ့ကို ဖွဲ့စည်း သွားရန် ရှိကြောင်း ဝန်ကြီး ဦးဟိုပင်က ပြောသည်။ ကွင်းဆင်းတိုင်းတာရေးအဖွဲ့ကို ဖွဲ့စည်းမည့်အချိန်၊ ကွင်းဆင်းတိုင်းတာ မည့်အချိန်နှင့် မည်သို့သော အစီအစဉ် များရေးဆွဲမည် စသဖြင့် အသေးစိတ် အချက်အလက်များကိုမူ တိုင်းအစိုးရ အဖွဲ့ အစည်းအဝေးတွင် ဆွေးနွေးရဦး မည်ဖြစ်ကြောင်း ဦးဟိုပင်က ဆိုသည်။

နောက်ဆုံးအဆင့် တနင်္သာရီမြို့ ရေဘေးလွတ်ရေးအစီအစဉ် ရေးဆွဲပြီး ပါက တိုင်းအဆင့်တွင် လုပ်ဆောင်နိုင် သည့် ကိစ္စများကို တိုင်းအစိုးရက လုပ် ဆောင်သွားမည်ဖြစ်ပြီး ပြည်ထောင်စု အစိုးရကသာ လုပ်ဆောင်နိုင်သည့် ကိစ္စ များကို ပြည်ထောင်စုအစိုးရထံ တင်ပြ သွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။ တနင်္သာရီမြို့သည် စတည်က တည်းက ရေလွှမ်းနိုင်သည့် နေရာတွင် တည်ထားသကဲ့သို့ဖြစ်နေပြီး ၁၉၉၄ ခုနှစ်တွင် ထူးကဲမြစ်ရေအဖြစ် ၃၆ ပေ ၃ လက်မအထိ ကြီးဖူးကာ၊ ၂၀ဝ၄ ခုနှစ် တွင်တစ်ကြိမ်၊ ၂၀၁၃ တွင် တစ်ကြိမ် မြစ်ရေကြီးဖူးကြောင်းနှင့် ယင်းခုနှစ်များ မတိုင်မီကလည်း မြို့ရေနစ်သည့်အခါ များရှိခဲ့ဖူးသည်ဟု သိမီသူများက ပြော ဆိုကြသည်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာနှင့် ရေပညာရှင်တို့က လက်ရှိ ကမ္ဘာ့ရာသီဥ တု အခြေအနေအရသော်လည်းကောင်း၊ တနင်္သာရီမြို့၏ လက်ရှိအခင်းအကျင်း အရသော်လည်းကောင်း မြို့ရေနစ်မှုက တစ်နှစ်ထက်တစ်နှစ်သာ ပိုလာဖွယ်ရှိ ကြောင်း ပြောဆိုထားသည်။ တနင်္သာရီမြို့အနာဂတ်အတွက် အဖွဲ့ ဖွဲ့စည်းကာ ကွင်းဆင်းတိုင်းတာခြင်း မှာ အစိုးရမှ လုပ်ကို လုပ်ရမည့် လုပ်ငန်း ဖြစ်ပြီး အဖွဲ့က အလုပ်ဖြစ်သော အဖွဲ့ ဖြစ်ရန်လိုကြောင်း တနင်္သာရီမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က ပြောသည်။

“အစိုးရက သင့်တော်တဲ့လူတွေနဲ့ ဖွဲ့တယ်ဆိုတော့ ဖွဲ့တာက ပြဿနာ မရှိဘူး၊ အလုပ်ဖြစ်ဖို့တော့ လိုတယ်ပေါ့။ တစ်ချို့ဟာတွေက ကော်မတီတွေ အသီးသီးဖွဲ့ကြပြီး မြေပြင်မှာ တကယ် သည်ကျတော့ အလုပ်မဖြစ်တဲ့ဟာတွေ မျိုးရှိတယ်လေ”ဟု ဦးရဲမြင့်ဆွေက ပြောသည်။ အန္တရာယ်ရေမှတ် ၂၄ ပေ သတ် မှတ်ထားသော တနင်္သာရီမြို့သည် ယခု နှစ်တွင် မြစ်ရေ ၂၇ ပေကျော်အထိ မြင့်တက်မှုနှင့် ကြုံတွေ့ခဲ့ပြီး တနင်္သာရီမြို့၌ မြို့၏ အိမ်ခြေ တစ်ဝက် ခန့်နှင့် မြို့နယ်အတွင်း ကျေးရွာအချို့ ရက်ရှည် ရေဘေးသင့်ခဲ့သည်။ လက်ရှိတွင် ရေဘေးသင့်သည့် ပြို ပျက်အိမ်များ၊ ကျောင်းများ၊ ဆေးခန်း များ၊ လယ်ယာမြေများ၊ မြစ်ချောင်း၊ တာ တမံ၊ ရေတားတံတိုင်းနံရံများ စသည့် တို့အား ပြန်လည်ထူထောင်ရေး လုပ်ငန်း စဉ်များ လုပ်ဆောင်နိုင်ရန် ပြည်ထောင်စု သို့ တင်ပြထားသည်ဟု ဦးဟိုပင်က ပြောသည်။

မြို့ရေဘေးလွတ်ရန် တိုင်းအစိုးရ က ပြင်ဆင်နေသည့်အပြင် တစ်ဖက်တွင် လည်း ပြည်ထောင်စုအဆင့်က လုပ် ဆောင်သင့်သော ကိစ္စရပ်များအတွက် ပြည်ထောင်စုအဆင့်လွှတ်တော်တွင် ဆွေးနွေးပေးရန် ၄င်းမြို့နယ်၏ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အား တိုက် တွန်းထားကြောင်း ၄င်းက ဆိုသည်။ တနင်္သာရီမြို့ပုံစံအသစ် ရေးဆွဲ ခြင်း၊ တနင်္သာရီမြစ် ရေကြောင်းလွှဲခြင်း၊ မြစ်ရေကို အရှိန်လျော့စေရေး ရေကာတာ တည်ဆောက်ခြင်းကဲ့သို့သော ရေကို အခြားနည်းဖြင့် အသုံးပြုခြင်း စသည် တို့ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးပေးရန် အကြံပြုထားကြောင်း ဦးဟိုပင်က ပြောသည်။ “တိုင်းအစိုးရအဆင့်နဲ့ လုပ်တာ ထက် ပြည်ထောင်စုအဆင့်က လုပ်တာ က ပိုအောင်မြင်နိုင်တော့ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးနေ တယ်” ဟု ဦးဟိုပင်က ပြောသည်။