ထီးခီးနယ်စပ် ဟိုတယ်စီမံကိန်းမြေနေရာ တိုင်းအစိုးရ ဆင်းစစ်မည်

0
402

ထိုင်း- မြန်မာနယ်စပ် ထီးခီးကျေး ရွာရှိ နိုင်ငံတကာအဆင့်မီ ဟိုတယ်ဝန် ဆောင်မှုလုပ်ငန်းလုပ်ကိုင်မည့် မြေနေ ရာကို ယခုလ ၁၉ ရက်တွင် တိုင်း အစိုးရက မြေပြင်ကွင်းဆင်းကာ စစ် ဆေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ကျော်က ပြောသည်။

ယခင်အစိုးရလက်ထက်က ခွင့်ပြု ထားခဲ့သည့် ထီးခီးဒေသတွင် တည် ဆောက်မည့် ပွန်ပီပက်ကုမ္ပဏီ၏ နိုင်ငံ တကာအဆင့်မီ ဟိုတယ်လုပ်ငန်းကို တိုင်းအစိုးရက ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းတွင် နယ်စပ်မျဉ်းနှင့် နီးကပ်လွန်းသည်ဟုဆိုကာ ယာယီရပ် နားခိုင်းထားသည်။ ယင်းလုပ်ငန်းကို ၂၀၁၆ ခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ် နှံမှုကော်မရှင်(MIC) က ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ဟိုတယ်လုပ်ငန်းလုပ်မည့် မြေနေရာက နယ်စပ်မျဉ်းနှင့် အကွာ အဝေး၊ တည်နေရာအနေအထားကို စစ်ဆေးမည်ဖြစ်ပြီး တိုင်းဒေသကြီး ဝန်ကြီးတစ်ဦးနှင့်အတူ သက်ဆိုင်သည့် ဌာနတာဝန်ရှိသူများ ပါဝင်မည်ဖြစ် ကြောင်း ဦးခင်မောင်ကျော်က ဆိုသည်။

“(စစ်ဆေးပြီး) ဝန်ကြီးချုပ်အပေါ် မှာ မူတည်တာပေါ့၊ ဟိုက စစ်ဆေးတဲ့ အပေါ်မှာ တစ်ခုခုတော့ ဆုံးဖြတ်မှာပေါ၊့ ရင်နှီးမြှုပ်နှံမှုတို့၊ ပြည်ထောင်စုကို ပြန် တင်ပြရင် တင်ပြမှာပေါ့”ဟု တိုင်းအစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော်က ပြောသည်။ ယခုနှစ် ဇူလိုင်လအတွင်းကလည်း တိုင်းဒေသကြီးသယံဇာတနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လဝက ၊ မြေစာရင်း ၊ စက်မှုကြီးကြပ်၊DICA အစရှိသည့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ စုစုပေါင်း ၁၀ ဦး ပါဝင်သည့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သေးသည်။ ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီး ဒေသတွင် ပွန်ပီပက်ကုမ္ပဏီက နိုင်ငံ တကာအဆင့်မီ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းကို မြေဧရိယာ ဧက ၅၀ ပေါ် တွင် တည်ဆောက်မည်ဖြစ်ပြီး ရင်းနှီး မြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂၅ သန်းရှိကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန DICA တနင်္သာရီတိုင်းဒေသကြီး ရုံး ထံမှ သိရသည်။