မော်လမြိုင်-ဘားအံ သံလွင်မြစ်ကြောင်း အပျော်စီးသင်္ဘောခရီးစဉ် ပြေးဆွဲမည်

0
806

မွန်ပြည်နယ် မော်လမြိုင်အခြေပြု မော်လမြိုင်-ဘားအံ သံလွင်မြစ်ကြောင်း အပျော်စီးသင်္ဘောခရီးစဉ် ပြေးဆွဲမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူ ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ထံမှ သိရသည်။
အဆိုပါ ခရီးစဉ်ကို ယခင်က မော်လမြိုင်-ချောင်းဆုံသို့ ပြေးဆွဲခဲ့သည့် ထီးလှိုင်ရှင်သင်္ဘောဖြင့် ပြေးဆွဲမည်ဖြစ် ပြီး နိုဝင်ဘာလအတွင်း စတင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

“မော်လမြိုင်နဲ့ ဘားအံကြား သံလွင်မြစ်ကြောင်းခရီးစဉ်က တော် တော်များများ စိတ်ဝင်စားကြတဲ့ ခရီးစဉ် လည်းဖြစ်တယ်”ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။
အဆိုပါ အစီအစဉ်ကို ၂၀၁၇ ခုနှစ် ကတည်းက စတင်ခဲ့ပြီး Tint Tint Myanmar Group of Companies နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာန ပြည်တွင်းရေကြောင်းပို့ဆောင် ရေးတို့က လုပ်ဆောင်သွားမည်ဟု ၎င်း က ပြောသည်။
မော်လမြိုင်-ဘားအံ အပျော်စီး သင်္ဘောခရီးစဉ်သည် နေ့ချင်းပြန် ခရီး စဉ်ဖြစ်ပြီး နိုင်ငံခြားခရီးသည်တစ်ဦးလျှင် အမေရိကန် ၇ ဒေါ်လာနှင့် ပြည်တွင်းခရီး သည်တစ်ဦးလျှပ် ကျပ် ၇၀၀၀ နှုန်းဖြင့် အကြမ်းဖျင်း ဈေးနှုန်းသတ်မှတ်ထား ကြောင်း သိရသည်။

ပြည်ပခရီးသွားဧည့်သည်များ စိတ်ဝင်စားလျက်ရှိသည့် မော်လမြိုင်-ဘားအံ သံလွင်မြစ်ကြောင်းခရီးစဉ်ကို လက်ရှိတွင်ွှ့ညေူတငည ဏမငညခနျ ဃမကငျနျ မှ လှေဖြင့် ပြေးဆွဲလျက်ရှိပြီး ပွင့်လင်း ရာသီ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ လတို့တွင် သွားလာသည့် ခရီးသည်များ ပြားသည်ဟု ယင်းကုမ္ပဏီမှ သိရသည်။