ဆိပ်ဖူး လျှပ်စစ်စီမံကိန်း ဆိုလာ၊ ဒီဇယ်၊ သဘာဝဓာတ်ငွေ့ သုံးမျိုးစပ် စနစ်သုံးမည်

0
496

ခမောက်ကြီးမြို့နယ်၊ ဆိပ်ဖူး နယ်စပ်ကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာ များအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမည့် စီမံကိန်းကို ဆိုလာ၊ ဒီဇယ်၊ သဘာဝဓာတ်ငွေ့ သုံးမျိုးစပ်စနစ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူး သွားမည် ဖြစ်ကြောင်း Clean Sea Group ကုမ္ပဏီ တာဝန်ရှိသူထံမှ သိရသည်။
၁၀ မဂ္ဂါဝပ် လျှပ်စစ် ထုတ်လုပ်မည့် အဆိုပါ စီမံကိန်းအတွက် အောက်တိုဘာ ၁၀ ရက်က တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သဘောတူ စာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
(Solar Farm Diesel & Gas Generator) Power Station Hybrid System နဲ့ ထုတ်လုပ် ဖြန့်ဖြူးမှာပါ၊ တစ်ယူနစ် ၆ ဘတ်နဲ့ပေးမယ်၊ ဒါကလဲ ဒီနေရာမှာက ထိုင်းဘတ်ငွေ အဓိကသုံးစွဲလို့ ခုလို ကောက်ခံခြင်း ဖြစ်ပါတယ”ဟု အဆိုပါ ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဦးအေးမင်းစိုးက ပြောသည်။
စာချုပ်ချုပ်ပြီး ၅ လအတွင်း ဆိပ်ဖူးကျေးရွာတွင် စတင်ဖြန့်ဖြူးမည် ဖြစ်ပြီး ထိုမှတဆင့်အနီးနားရွာများသို့ ဆက်လက်ဖြန့်ဖြူး သွားမည်ဖြစ် ကြောင်း၎င်းက ရှင်းပြသည်။

ဆိတ်ဖူးကျေးရွာတွင် အိမ်ခြေ ၃၀၀ ခန့် ရှိသည်။
ကော့သောင်းတွင်KDDPC အများပိုင်ကုမ္ပဏီ၊ PTC (ဖိုးသီးချို) ရပ်ကွက်မီးလင်းရေး၊ ရွှေရပ်ကွက်မီး လင်းရေး၊ ပုလုံးတုံတုံးကျေးရွာ မီးလင်းရေးတို့ လျှပ်စစ်မီးဖြန့်ဖြူးလျက် ရှိသည်။