မီးရှူးမီးပန်း မဖောက်ရအမိန့် ပြည်သူအချို့ ဝေဖန်

0
442

သက်ဆိုင်ရာ မြို့နယ်အလိုက် အုပ်ချုပ်ရေးမှူးများက မီးရှူးမီးပန်း မဖောက်ရန်နှင့် ရောင်းဝယ်ဖောက်ကား သိုလှောင်ခြင်းမလုပ်ရန် အမိန့်ထုတ်ပြန် ခဲ့မှုအပေါ် ပြည်သူများအကြား ဝေဖန် ပြောဆိုလျှက်ရှိသည်။
ယင်းကဲ့သို့ အမိန့်ကို နှစ်စဉ်နှစ် တိုင်း ထုတ်ပြန်လေ့ရှိသော်လည်း မြေ ပြင်တွင် ပစ်ဖောက်မှုများက ပုံမှန်အ တိုင်းပင် ရှိနေလေ့ရှိပြီး ထိရောက်မှုမရှိ ကြောင်းထားဝယ်မြို့ ကြက်စားပြင်ရပ် ကွက်နေ ဦးမြတ်ဇော်က ဆိုသည်။
“အမိန့်ထုတ်ပြီးရင်လည်း ထိထိ ရောက်ရောက် လုပ်စေချင်တယ်၊ အခုက နှစ်တိုင်းလည်း ထုတ်ပြန်နေတယ်၊ နှစ် တိုင်းလည်း ဖောက်နေကြတာပဲ”ဟု ၎င်း က ပြောသည်။

သေနတ်သံ၊ ဗုံးပေါက်ကွဲသည့် အသံကဲ့သို့ ပေါက်ကွဲသံပြင်းထန်သည့် မီးရှူး မီးပန်းများကိုသာ တားမြစ်သင့်ပြီး သာမန်မီးရှူး မီးပန်းများကိုမူ ခွင့်ပြုပေး သင့်ကြောင်း ဦးမြတ်ဇော်က ဆိုသည်။
မီးရှူးမီးပန်း မဖောက်ရ၊ ရောင်း ဝယ်ဖောက်ကား သိုလှောင်ခြင်းမပြုရေး အမိန့်ထုတ်ပြန်ရန် ယခုလအတွင်းက သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးများကို ညွှန်ကြားထားကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေး မှူး ဦးမိုးဇော်လတ်က ပြောသည်။
ထားဝယ်မြို့နယ်တွင် ဗျောက်အိုး၊ မီးရှူး၊ မီးပန်းများကို သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ ပစ်ဖောက် ခြင်း မပြုရန် အောက်တိုဘာလ ၁၀ ရက်နေ့က ဒေသန္တရအမိန့်ထုတ်ပြန် လိုက်ပြီး လိုက်နာမှုမရှိပါက တည်ဆဲ ဥပဒေများအရ အရေးယူမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
သီတင်းကျွတ် တန်ဆောင်တိုင် ကာလတွင် တားမြစ်မိန့်ကို နှစ်စဉ်ထုတ် ပြန်လေ့ရှိပြီး တရုတ်နှစ်သစ်ကူးပွဲတော် များတွင် ဗျောက်အိုးဖောက်ခြင်းကို မျက် ကွယ်ပြုထားသည်ဟု ပြောဆိုဝေဖန်မှု များလည်း ရှိနေသည်။

မီးရှူး၊ မီးပန်း၊ ဗျောက်အိုးပစ် ဖောက်ခြင်းကြောင့် အများပြည်သူ စိတ်အနှောင့်အယှက်မဖြစ်စေရန်၊ သက် ကြီးရွယ်အိုများ ကျန်းမာရေး မကောင်း သူများ ကျန်းမာရေးထိခိုက်မှုမရှိစေရန် ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။
သီတင်းကျွတ် တန်ဆောင်တိုင် ပွဲတော်ရာသီတွင် မီးရှူး မီးပန်းပစ်ဖောက် ခြင်းက ဓလေ့တစ်ခုကဲ့သို့ ဖြစ်နေပြီး အသံပြင်းထန်ခြင်း မရှိသည့် မီးရှူး မီးပန်းနှင့် ဗျောက်အိုးကိုမူ ပစ်ဖောက်ရောင်းဝယ်ခွင့်ပြုသင့်ကြောင်း ထားဝယ် မြို့၊ သင်္ဘောဆိပ်ရပ်ကွက်နေ ဦးသန့်ဇင် အောင်က ဆိုသည်။
“ဖောက်တာက ဓလေ့တစ်ခုလို ဖြစ်နေပြီ၊ စာထုတ်ထားလည်း အရေး မပါသလိုဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။
တစ်ခါတစ်ရံ အစိုးရ၏ ညစာစားပွဲ များ၊ အာစရိယပူဇော်ပွဲ ညစာစားပွဲများ၊ ဘုရားပွဲများတွင် မီးရှူး မီးပန်းများ ပစ် ဖောက်ကြသည့်အပေါ်လည်း ဝေဖန် မှုများရှိနေသည်။