ထားဝယ်တွင် ပုဂ္ဂလိက လျှပ်စစ်မီး ပေးနေသူအချို့ လုပ်ငန်းရပ်နား

0
413

စက်သုံးဆီ ဈေးနှုန်းမြင့်တက်နေ ခြင်းကြောင့် ထားဝယ်ခရိုင်တွင် ပုဂ္ဂလိကလျှပ်စစ်မီးဖြန့်ဖြူးရေး လုပ်ငန်း ရှင်အချို့ အောက်တိုဘာလမှ စတင်ကာ လုပ်ငန်းရပ်နားလိုက်ပြီဖြစ်ကြောင်း ယင်း လျှပ်စစ်မီး လုပ်ငန်းရပ်နားလိုက်သူ လုပ်ငန်းရှင်အချို့ထံမှ သိရသည်။ စက်သုံးဆီဈေးနှုန်းသည် ပြီးခဲ့ သည့် ဇူလိုင်လနောက်ပိုင်း တဖြည်း ဖြည်း မြင့်တက်လာခဲ့ပြီး စက်တင်ဘာ လတွင် တစ်ပေပါလျှင် ကျပ် ၂၃၀ဝ၀ဝ အထိ မြင့်တက်လာခဲ့ကြောင်း ပုဂ္ဂလိက လျှပ်စစ်မီးဖြန့်ဖြူးနေသည့် လောင်းလုံး မြို့နယ် သဗြေရှောင် ကျေးရွာမှ ဦးမျိုးအောင် က ပြောသည်။

ယင်းကဲ့သို့ စက်သုံးဆီဈေးနှုန်များ မြင့်တက်လာခြင်းနှင့်အတူ လျှပ်စစ်မီ တာခလည်း မြင့်တက်လာခဲ့ပြီး စက်တင် ဘာလတွင် တစ်ယူနစ်ကို ကျပ် ၈၀ဝ မှ ကျပ် ၁၀ဝ၀ အထိ ဈေးနှုန်းမြင့်တက် လာခဲ့ကြောင်း ပုဂ္ဂလိကလျှပ်စစ် ဖြန့်ဖြူး ရေးလုပ်ငန်းရှင် အချို့ထံမှ သိရသည်။ ယင်းမတိုင်ခင်ကမူ တစ်ယူနစ်ကို ကျပ် ၆၀ဝ မှ ကျပ် ၇၀ဝ အကြားသာ ကောက်ခံခဲ့ကြောင်း ယင်းလုပ်ငန်းရှင် အချို့က ပြောသည်။ “ဆီဈေးတက်တော့ ယူနစ်ဈေးတွေ လည်း လိုက်တက်တယ်လေ။
အခုက နောက်ထပ် ဆီဈေးထပ်တက်တော့ ကျွန်မတို့ မလုပ်နိုင်တော့ဘူး။ အဲဒါ ကြောင့် နားလိုက်တာ”ဟု ရေဖြူမြို့နယ် မော်ငန်းကျေးရွာတွင် ပုဂ္ဂလိကလျှပ်စစ် မီးဖြန့်ဖြူးရေးလုပ်ငန်း ရပ်နားလိုက်သူ မဝင်းသီရိအောင်က ဆိုသည်။ ထားဝယ်မြို့နယ် မောင်မယ်ရှောင် ကျေးရွာတွင်လည်း ပုဂ္ဂလိကလျှပ်စစ်မီး ဖြန့်ဖြူးနေခြင်းကို အောက်တိုဘာလ ပထမအပတ်မှ စတင်ပြီး ရပ်နားလိုက်ပြီ ဖြစ်ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေး မှူး ဦးမင်းကိုဦးက ပြောသည်။

စက်သုံးဆီဈေး ထပ်မံမြင့်တက်လာ ပါက လုပ်ငန်းရပ်နားရမည့် အခြေအနေ တွင်ရှိကြောင်း လောင်းလုံးမြို့နယ် သဗြေရှောင်ကျေးရွာမှ ပုဂ္ဂလိကလျှပ်စစ် လုပ်ငန်းရှင် ဦးမျိုးအောင်က ပြောသည်။ “ဒီဆီဈေးနဲ့ လုပ်စားရတာ အဆင် မပြေဘူး။ ဒီထက်ပိုပြီး ဈေးတက်လာရင် တော့ နားတော့မယ်”ဟု ဦးမျိုးအောင်က ဆိုသည်။ ထားဝယ်ခရိုင်တွင် တိုင်းအစိုးရ အစီအစဉ်ဖြင့် လျှပ်စစ်တစ်ယူနစ် ၂၀ဝ ကျပ်ဖြင့် အသုံးပြုနေသည့် ကျေးရွာ ၉၈ ရွာခန့်သာ ရှိသေးပြီး ယင်းလျှပ်စစ်မီး မရရှိသေးသည့် ကျေးရွာမှာ ၃၃၃ ရွာရှိ ကြောင်း ထားဝယ်ခရိုင် လျှပ်စစ်အင်ဂျင် နီယာရုံးထံမှ သိရသည်။