မြိတ်ဒေသထွက် လက်လုပ်မီးအိမ် ပျောက်ကွယ်လုနီး

0
460

သီတင်းကျွတ်ကာလတွင် အသုံးပြု လေ့သည့် မြိတ်ဒေသထွက် လက်လုပ် မီးအိမ်(မီးပုံး)များ တိမ်ကောပျောက်ကွယ် လုနီးနေပြီဖြစ်ကြောင်း မြိတ်မြို့တွင် နှစ် ပေါင်း ၂၀ ကျော်ကြာ လက်လုပ်မီးအိမ် ယက်လုပ်နေသူဦးကြီးမြင့်ထံမှ သိရ သည်။
လျှပ်စစ်မီးသီးများနှင့် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် မီးအိမ်များမှာ ဈေး ကွက်အတွင်း နေရာယူလာခြင်းနှင့် လက် လုပ်မီးအိမ်များ ယက်လုပ်ရန် အမွေဆက် ခံမည်သူမရှိသည့်အတွက် ပျောက်ကွယ် သွားမည်ကို စိုးရိမ်နေရကြောင်း ဦးကြီးမြင့်က ပြောသည်။
မြိတ်မြို့နယ်အတွင်း လက်လုပ်မီး အိမ်လုပ်သူ ယခင်က ၆ ဦးခန့်ရှိရာမှ လက်ရှိအချိန်တွင် ၂ ဦးသာကျန်ရှိတော့ပြီး မြိတ်မြို့ပေါ်တွင် ဦးကြီးမြင့်တစ်ဦးသာ ရှိတော့သည်။

“အသက်တရှိတော့ လုပ်သွားမယ်၊ ကိုယ်မရှိရင်တော့ ပျောက်သွားနိုင်တယ်”ဟု အသက် ၅၂ နှစ်ရှိ ဦးကြီးမြင့်က ပြော သည်။
မီးအိမ်များယက်လုပ်ရာတွင် အခြေ ခံပစ္စည်းများဖြစ်ကြသည့် ဝါးလုံးများအား ခွဲစိတ်ဖြတ်တောက်ခြင်းနှင့် မီးအိမ်ယက် လုပ်မည့် ဒီဇိုင်းများကို မိသားစုအတွင်းပင် သင်ယူသူမရှိကြောင်း အခြားတစ်ဖက်တွင် ဆေးသုတ်လုပ်ငန်းလည်း လုပ်ကိုင်နေ သူ ဦးကြီးမြင့်က ဆိုသည်။
“လုပ်အားခနဲ့ပြန်တွက်မယ်ဆိုရင် အမြတ်ကဘယ်လောက်မှမကျန်ဘူး”ဟု ဦးကြီးမြင့်၏ ဇနီးဖြစ်သူ ဒေါ်မြဝင်းက ပြောသည်။
သီတင်းကျွတ်ကာလရောက်တိုင်း တိုက်ပုံစံ၊ ဘောလုံး၊ ဆင်ချီးတုံးနှင့် ပန်းခြင်း စသည့် မီးအိမ်အမျိုးအစား ၄ မျိုးအား အလုံးရေတစ်ထောင်ဝန်းကျင်ခန့် သာ ယက်လုပ်ရောင်းချနေကြောင်း ဒေါ်မြဝင်းက ဆိုသည်။

“ဝါသနာပါလို့ ရိုးရာမီးအိမ်တွေ မပျောက်ပျက်အောင် လုပ်နေရတာပါ” ဟု ဦးကြီးမြင့်က ဆိုသည်။
သီတင်းကျွတ်ကာလတွင် မီးအိမ် လက်လုပ်မီးအိမ်များထက် လျှပ်စစ်မီးသီး များက ပိုပြီးရောင်းရလေ့ရှိကြောင်း မြိတ် မြို့ရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ရှင် တစ်ဦးက ပြောသည်။

မီးအိမ်ဈေးနှုန်းများမှာ ပုံသဏ္ဍာန် အပေါ်မူတည်၍ တစ်လုံးလျှင် ၂၅၀ ကျပ် မှ ၅၀၀ ကျပ်ဝန်းကျင်ရှိသည်။