တနင်္သာရီတိုင်း ပြေးခုန်ပစ်အဖွဲ့ ယမန်နှစ် ချန်ပီယံဆု ဆက်ထိန်း

0
378

တိုင်းနှင့်ပြည်နယ် အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် တနင်္သာရီတိုင်း ပြေးခုန်ပစ်အဖွဲ့က စုပေါင်းတံခွန်စိုက်ဆု ဆွတ်ခူးကာ ယမန် နှစ်ချန်ပီယံဆုကို ဆက်ထိန်းနိုင်ခဲ့ ကြောင်း တိုင်းအားကစားနှင့်ကာယပညာ ဦးစီးဌာနမှ သိရသည်။
ယခုနှစ်ပြေးခုန်ပစ် ပြိုင်ပွဲတွင် တနင်္သာရီတိုင်း အမျိုးသမီးပြေးခုန်ပစ် အဖွဲ့မှ ရွှေတံဆိပ် ၉ ခု၊ ငွေ ၂ ခု၊ ကြေး ၂ ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဆု၊ အမျိုး သားပြေးခုန်ပစ်အဖွဲ့က ရွှေတံဆိပ် ၄ ခု၊ ငွေ ၅ ခု၊ ကြေး ၄ ခုဖြင့် အမျိုးသား တံခွန်စိုက်ဆုတို့ကို ရရှိခဲ့ကြောင်း အထက်ပါဌာန ဦးစိုးမိုးနိုင်က ပြောသည်။

ယင်းအပြင် အမျိုးသား၊ အမျိုး သမီး ပြိုင်ပွဲများတွင် ဆုတံဆိပ်အများဆုံး ရရှိခဲ့သဖြင့် စုပေါင်း တံခွန်စိုက် ဒိုင်းဆု ကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။
“ဒီတစ်ခါ စုပေါင်းတံခွန်စိုက် ဒိုင်း ဆုရတာကတော့ တနင်္သာရီတိုင်း ပြေး ခုန်ပစ်သမိုင်းမှာ ဒုတိယအကြိမ်ပေါ့” ဟု ဦးစိုးမိုးနိုင်က ဆိုသည်။
ယမန်နှစ်က ကျင်းပသည့် ပြည် နယ်နှင့်တိုင်း အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင်လည်း တနင်္သာရီ တိုင်းအဖွဲ့က ရွှေ ၈ ခု၊ ငွေ ၁၁ ခု ကြေး ၆ ခုဖြင့် စုပေါင်းတံခွန်စိုက်ဆု ရရှိထား သည်။

ယင်းကဲ့သို့ ယမန်နှစ်က ပြေးခုန် ပစ်ချန်ပီယံဆုကို ဆက်ထိန်နိုင်ရန် အတွက် တိုင်းအတွင်း ပြေးခုန်ပစ်အား ကစားထူးချွန်သူ ၁၃၀ ဦးကို ပြီးခဲ့သည့် မတ်လကတည်းက နေ့စဉ်လေ့ကျင့်ပေး ခဲ့ရှိသည်။
ယင်းပြေးခုန်ပစ်ပြိုင်ပွဲကို နေပြည် တော်တွင် အောက်တိုဘာလ ၃ ရက်မှ ၄ ရက်အထိယှဉ်ပြိုင်ခဲ့ကြောင်း တိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနထံ မှ သိရသည်။