လယ်လုပ်နေသည့် ထားဝယ် ထောင်သားနှစ်ဦးထွက်ပြေး

0
839

ထားဝယ်မြို့ရှိ အကျဉ်းဦးစီးဌာန ပိုင်လယ်ကွက်တွင် လယ်ယာလုပ်ငန်း လုပ်နေသည့် ထောင်သားနှစ်ဦး အောက် တိုဘာလ ၁ ရက်နေ့က ထွက်ပြေးသွား ကြောင်း အကျဉ်းဦးစီးဌာ တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူး ဦးကျော်ဌေးက ပြောသည်။
ထားဝယ်မြို့ ကျန်းမာရေးလမ်းရှိ အကျဉ်းဦးစီးဌာနပိုင် လယ်တွင် လယ် ကန်သင်း ရေမြောင်းပိတ်နေသည့် ထောင်သားနှစ်ဦး ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆိုင်ကယ်ခိုးမှု နှစ်မှုကျူးလွန် သဖြင့် ထောင်ဒဏ် ၂ နှစ်ကျခံနေရသည့် အသက် ၃၈ နှစ်အရွယ်ရှိထောင်သား တစ်ဦးနှင့် ဆိုင်ကယ်ခိုးမှုတစ်မှုဖြင့် ထောင်ဒဏ် ၁ နှစ် ၆ လ ကျခံနေရသည့် အသက် ၂၂ နှစ်အရွယ်ရှိထောင်သား တစ်ဦးတို့ ထွက်ပြေးသွားခြင်းကြောင်း တိုင်းဦးစီးမှူး ဦးကျော်ဌေးက ဆိုသည်။
“ညနေစောင်းလောက်မှာ ဖြစ်သွား တာ၊ လက်ရှိကတော့ မမိသေးတဲ့အနေ အထားရှိတယ”ဟု ဦးကျော်ဌေးက ပြောသည်။
အသက် ၃၈ နှစ်အရွယ်ရှိထောင် သားက လွတ်မြောက်ရန် ၁၁ လအလို တွင် ထွက်ပြေးခြင်းဖြစ်ပြီး အသက် ၂၂ နှစ်အရွယ်ရှိထောင်သားက လွတ်မြောက် ရန် ၅ လကျော်သာ ကျန်တော့ကြောင်း တိုင်းဒေသကြီး အကျဉ်းဦးစီးဌာနထံမှ သိရသည်။

ထွက်ပြးသွားသည့် အကျဉ်းသား နှစ်ဦးကို ပြန်လည်ဖမ်းဆီးနိုင်ရန် မလွှဲ တောင်ဂိတ်၊ ထီးခီးဂိတ်၊ မောတောင်ဂိတ် အစရှိသည့် ဂိတ်များနှင့် ရဲစခန်းများကို ဓာတ်ပုံများဖြန့်ဝေခြင်း၊ ပိတ်ဆို့ရှာဖွေ ခြင်းများ လုပ်ဆောင်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ တာဝန်ရှိရဲအရာရှိတစ်ဦးက ဆိုသည်။
“အခုက ပိတ်ဆို့ရှာဖွေနေပါတယ်၊ သတင်းရပြီးကတည်းက လိုက်ရှာနေ တာ”ဟု အဆိုပါ ရဲအရာရှိက ပြောသည်။
ထောင်သားနှစ်ဦး ထွက်ပြေးသွား သည့်ကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသည့် အကျဉ်းဦးစီးဝန်ထမ်းကို ဌာနဆိုင်ရာ စစ်ဆေးနေပြီး အရေးယူသွားမည်ဖြစ် ကြောင်း အကျဉ်းဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဦးကျော်ဌေးက ဆိုသည်။

ယခင်ကလည်း ထားဝယ်အကျဉ်း ထောင်၏ (အပြင်ဘုတ်) လယ်ယာ လုပ်ငန်းမှ ထောင်သားထွက်ပြေးခဲ့သည့် ဖြစ်စဉ်များရှိခဲ့ဖူးကြောင်း အကျဉ်းဦး စီးဌာနထံမှ သိရသည်။
ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းသားနှင့် ထောင်အချုပ်သား စုစု ပေါင်း ၈၀၀ ဦးကျော်ရှိကြောင်း အကျဉ်း ဦးစီးဌာနစာရင်းအရ သိရသည်။