ကမြောကင်းထုတ် လျှပ်စစ်မီးဖို

0
1552

မီးသွေး၊ ထင်းသုံးစွဲမှုကို လျှော့ကျ စရန် လောင်းလုံးမြို့နယ်၊ ကမြောကင်း ကျေးရွာမှ လျှပ်စစ်မီးဖိုတစ်မျိုး ထုတ် လုပ်လျက် ရှိသည်။
သဲ၊ ဘိလပ်မြေ၊ ဖိုင်ဘာ၊ ကြွေပြား၊ မီးခံ၊ စတီး၊ စပရိန်ကြိုး (ကွိုင်) စသည့် ပစ္စည်းများကို အသုံးပြုကာ လျှပ်စစ်မီးဖို အဖြစ် ဖန်တီးထားခြင်း ဖြစ်သည်။
ထင်း၊ မီးသွေးသုံးစွဲမှု လျော့ကျစေ ရန်သာမက မီးခိုးငွေ့ကြောင့် ကျန်းမာ ရေးထိခိုက်မှုလျော့နည်းစေရန် ရည်ရွယ် ပြီးယခုနှစ် ဂျူလိုင်လမှ စတင်ရောင်းချခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းမီးဖိုတွင် အပူရှိန်အလျော့ အတင်း ပြုလုပ်နိုင်သည့် ခလုတ်ပါဝင်ပြီး လျှပ်စစ်ရှော့ခ် မဖြစ်စေရန် (ဓာတ်မလိုက် စေရန်) ပြင်ဆင်ထားကြောင်း မီးဖိုထုတ် လုပ်ရောင်းချနေသည့် ကိုပြည့်စုံက ပြော သည်။
ဂျူလိုင်လမှစတင် ထုတ်လုပ်ရောင်း ချခဲ့ရာ လက်ရှိအချိန်အထိ မီးဖိုအလုံး ရေ ၂၀၀ ဝန်းကျင် ရောင်းရပြီးဖြစ်ကြောင်း သိရသည်။
မီးဖို၏အားမှာ ၁၆၀၀ ကီလိုဝပ် ရှိသည့်အတွက် တစ်နာရီအသုံးပြုပါက တစ်ယူနစ်ကျော် ကျသင့်မည် ဖြစ်သည်။

မီးသွေးမီးဖိုကဲ့သို့ပင် ထမင်း၊ ဟင်းအစုံ ချက်ပြုတ်နိုင်ပြီး မီးဖိုတစ်လုံး လျှင် ၁၇၀၀ ကျပ်ဖြင့် အိမ်အရောက်ပို့ ဆောင်ပေးလျက်ရှိကြောင်း သိရသည်။