စမ်းလှမ်း ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း နိုဝင်ဘာလ ဖွင့်မည်

0
783

လောင်းလုံးမြို့နယ်၊ စမ်းလှမ်းရွာရှိ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း (CBT)ကို နိုဝင်ဘာလ ၁ ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ထားဝယ် ခရိုင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနရုံးမှ တာဝန်ရှိသူက ပြောသည်။
ယင်းလုပ်ငန်းအတွက် စမ်းလှမ်း ကျေးရွာတွင် သစ်သား၊ ယိုင်ပြား၊ ဓနိ ဖက်များဖြင့် ဒေသခံများ နေထိုင်သည့် အိမ်များကဲ့သို့ အဆောက်အအုံများ ဆောက်လုပ်ထားပြီး အိပ်ခန်း ၈ ခန်းနှင့် စားသောက်ခန်းများ ပါဝင်မည်ဖြစ် ကြောင်း အထက်ပါတာဝန်ရှိသူကဆို သည်။
လက်ရှိတွင် ၉၀ ရာခိုင်နှုန်းခန့် ပြီစီးနေပြီဖြစ်ကြောင်း ၎င်းကပြော သည်။

“ဖွင့်ပြီးရင် (CBT) ဖြစ်မြောက်ရေး အတွက် အလှူငွေထည့်ထားတဲ့ ခရီး သွားကုမ္ပဏီတွေနဲ့ ဟိုတယ်တွေကပဲ ခရီးသည် ပို့ဆောင်ခွင့်ရှိမယ်”ဟု ယင်း တာဝန်ရှိသူက ပြောသည်။

နှစ်ယောက်တည်းခိုနိုင်သည့် အခန်းခနှုန်းထားကို တစ်ရက်လျှင် ငွေ ကျပ်လေးသောင်း သတ်မှတ်ထား ကြောင်း ၎င်းက ဆိုသည်။
ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ် ငန်းလုပ်ကိုင်မည့် စမ်းလှမ်းရွာမှတစ်ဆင့် တီဇစ်ရွာသို့ လမ်းလျှောက်ခရီးစဉ်၊ စမ်း လှမ်း-မြင့်မိုရ်လက်ခတ် တောင်တက် ခရီးစဉ်၊ စမ်းလှမ်း- ကျွန်းဆင်းရဲ- ပဲ့စင်ကျွန်း ပင်လယ်ပြင်ခရီးစဉ် အစရှိ သည့် ခရီးစဉ်များကို လည်ပတ်နိုင်မည် ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရ သည်။
ယင်းအပြင် အဆိုပါရွာရှိ အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ငါးခြောက် ပြုလုပ်ခြင်း၊ ကျေးရွာလူနေမှုကို လေ့လာ ခြင်းများလည်း လုပ်ဆောင်နိုင်မည်ဖြစ် ကြောင်း ယင်းဌာနထံမှ သိရသည်။

အဆိုပါခရီးသွားလုပ်ငန်းကို စမ်း လှမ်းရွာအပြင် မြိတ်ခရိုင်ရှိ ဒုံးညောင် မှိုင်း၊ ကော့သောင်းခရိုင်ရှိ မကြုံဂလက် ရွာ အစရှိသည့် တိုင်းအတွင်းရှိ ကျေးရွာ အချို့တွင်လည်း လုပ်ဆောင်မည်ဖြစ် ကြောင်း ခရိုင်ဟိုတယ်နှင့် ခရီးသွားညွှန် ကြားမှု ဦးစီးဌာနရုံးထံမှ သိရသည်။