ထားဝယ်တွင် လျှပ်စစ်မီတာခ တိုးမည့်အပေါ် သဘောထားဆန္ဒကောက်ယူ

0
465

ထားဝယ်ခရိုင်အတွင်း လျှပ်စစ်မီး တစ်ယူနစ်ဈေးနှုန်း တိုးမြင့်ကောက်ခံခြင်း အား သဘောတူ / မတူ သဘောထားလက် မှတ် ကောက်ယူခြင်းကို Global Grand Services (GGS) ကုမ္ပဏီက ယခုလ တွင် စတင်လုပ်ဆောင်နေသည်။
ခရိုင်အတွင်း လျှပ်စစ်မီးထုတ်လုပ် ဖြန့်ဖြူးနေသည့် GGS ကုမ္ပဏီရုံးတွင် လျှပ်စစ်မီတာခ လာသွင်းသူများကို သဘောတူ / မတူ လက်မှတ်ကောက်ခံနေ ခြင်းဖြစ်ပြီး အောက်တိုဘာလ ၁၅ ရက် အထိ ကောက်ခံမည်ဖြစ်ကြောင်း ဆန္ဒ သဘောထား လက်မှတ်ကောက်ယူနေ သည့် ဝန်ထမ်းတစ်ဦးက ဆိုသည်။

“ဘာဖြစ်လို့ ကောက်လဲဆိုတော့ ယူနစ်ဈေးနှုန်းတက်မယ်လို့ အသံကြား လို့ပါ”ဟု အထက်ပါကုမ္ပဏီဝန်ထမ်းက ပြောသည်။
ကောက်ခံရရှိသည့် လက်မှတ်များ ကို မည်ကဲ့သို့ ဆက်လက်လုပ် ဆောင်မည်နှင့် မည်သည့်အခြေအနေ ကြောင့် လျှပ်စစ်ဓာတ်အားခ တိုးမြင့် ကောက်ခံရမည်ဆိုသည်ကိုမူ ၎င်းအနေ ဖြင့် မသိရှိကြောင်း အထက်ပါ ကုမ္ပဏီ ဝန်ထမ်းက ဆိုသည်။
အသေးစိတ်မေးမြန်းလိုပါက မှတ် ပုံတင်၊ သတင်းထောက်ကတ်ပြားယူ ဆောင်ကာ အောက်တိုဘာလ ၇ ရက် တွင် လာရောက် မေးမြန်းရန် GGS ကုမ္ပဏီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူက ပြောကြောင်း အထက်ပါဝန်ထမ်းက ဆိုသည်။

လက်ရှိတွင် ထားဝယ်ခရိုင်အတွင်း GGS ကုမ္ပဏီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်းက လျှပ်စစ် တစ်ယူနစ်လျှင် ကျပ် ၂၀၀ ဖြင့် ကောက်ခံနေသည်။
ဆန္ဒသဘောထား လက်မှတ် ကောက်ခံခြင်းကိုအစိုးရအဖွဲ့က ညွှန် ကြားထားခြင်းမရှိဘဲ လျှပ်စစ်မီးသုံး သည့်ပြည်သူများ၏ ဆန္ဒသဘောထား ကောက်ယူသည့် သဘောဖြစ်နိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ် / စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။
“ပြည်သူရဲ့သဘောထားကို ကျွန် တော်တို့အစိုးရအဖွဲ့ကို တင်ပြမှာပေါ့၊ ဒီသဘောပဲ ထင်တယ်”ဟု ဝန်ကြီး ဦးကြည်လှိုင်က ဆိုသည်။
လျှပ်စစ်သုံးစွဲသည့် ပြည်သူများ၏ သဘောထားလက်မှတ်ကို တင်ပြလာပါ က တိုင်းအစိုးရအဖွဲ့ထံ ထပ်မံတင်ပြမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိပေးချေနေရသည့် ဂက်စ် ဈေးနှုန်းအရ လျှပ်စစ်ထုတ်လုပ်သည့် ကုမ္ပဏီက အရှုံးပေါ်နေပြီး ထားဝယ် ခရိုင်လျှပ်စစ် ထုတ်လုပ်ရေးအတွက်ြဥွန (မြန်မာ့ရေနံနှင့် သဘာဝဓာတ် ငွေ့လုပ်ငန်း)က ဝယ်ယူခွင့်ပြုထားသည့် ဂက်စ်ဈေနှုန်းကို လျော့ပေးရန် စာပို့ညှိ နှိုင်းထားကြောင်း တိုင်းဒေသကြီးဝန်ကြီး က ဆိုသည်။

GGS ကုမ္ပဏီ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရုံး ကြေညာ ဘုတ်တွင် “အခြေအနေအရ လျှပ်စစ် ဓာတ်အားခ တိုးမြင့် ကောက်ခံရမည်ဟု ကြားသိရပါသည်။ ဓာတ်အားသုံးစွဲသူ များအနေဖြင့် ဓာတ်အားခယူနစ်ဈေးနှုန်း တိုးမြင့်ကောက်ခံခြင်းအား (လုံးဝသ ဘောတူခြင်း/ သဘောမတူခြင်း)ကို မိမိ သဘောဆန္ဒအလျောက် လက်မှတ် ရေးထိုး ဆန္ဒပြုနိုင်ပါကြောင်း အသိပေး အပ်ပါသည်”ဟု ရေးသားထားသည်။