တနင်္သာရီ – ဗောဓိကမ်း ကူးတို့ လိုင်စင် လေလံဆွဲသူမရှိသဖြင့် အခြား နည်းဖြင့်ရောင်းချ

0
373

သုံးကြိမ်တိုင်တိုင် လေလံတင် ရောင်းချခဲ့ရာ လေလံဆွဲယူသူမရှိခဲ့သည့် တနင်္သာရီမြို့နယ်ရှိ တနင်္သာရီ – ဗောဓိ ကမ်းကူးတို့လိုင်စင်အား အခြားနည်းဖြင့် ရောင်းချခဲ့ကြောင်း တနင်္သာရီမြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရ သည်။ စက်တင်ဘာလ နောက်ဆုံးအပတ်က ကျပ်သိန်းခြောက်ရာကျော်ဖြင့် ရောင်းချ ခဲ့ခြင်းဖြစ်သည်။

အခြားနည်းဖြင့် လေလံတင် မရောင်းချမီ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ကြောင်း စည်ပင်ကော်မတီထံမှ သိရသည်။
“အိတ်ဖွင့်မှာလည်း ဗောဓိကမ်းကူး တို့ဝယ်သူမရှိခဲ့ဘူး” ဟု မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌဦးမင်းဝေ က ပြောသည်။
လေလံစနစ်၊ တင်ဒါစနစ်တို့ဖြင့် ရောင်းချရာတွင် ဝယ်သူမရှိခဲ့သည့် ယင်း လိုင်စင်ကို ဒေသခံစီးပွားရေးလုပ်ငန်းရှင် တစ်ဦးက စည်ပင်ကော်မတီ၏ညှိနှိုင်း ဈေးနှုန်းဖြစ်သည့် ကျပ်သိန်းခြောက်ရာ လေးဆယ်ငါးသိန်းဖြင့် ဝယ်ယူခဲ့ကြောင်း ၎င်းက ပြောသည်။

စည်ပင်ကော်မတီ၏ ညှိနှိုင်းဈေး နှုန်းဆိုသည်မှာ လေလံအောင်မြင်ခဲ့သည့် သုံးနှစ်အတွက် ဈေးနှုန်းများအားလုံး ပေါင်းပြီးရလဒ်ကို သုံးဖြင့်စားကာရရှိ လာသည့် တန်ဖိုးဖြစ်ကြောင်း စည်ပင် သာယာရေးကော်မတီထံမှ သိရသည်။