တနင်္သာရီတိုင်း ဒေသထုတ်ကုန်ပြသရန် ကရင်ပြည်နယ် ဖိတ်ခေါ်

0
571

တနင်္သာရီတိုင်းက ထုတ်လုပ်သည့် ထားဝယ်ရိုးရာအထည်များ၊ သဘာဝ ငှက်သိုက်၊ ကန်းဇော်ဆီ၊ ငါးပိ၊ ငါး ခြောက် စသည့် ဒေသထုတ်ကုန်များ ကရင်ပြည်နယ်တွင် လာရောက်ပြသ၊ ရောင်းချရန် ဖိတ်ခေါ်ထားကြောင်း တနင်္သာရီတိုင်း အသေးစားနှင့် အလတ် စား ဖွံ့ဖြိုးတိုးတက်ရေးဌာနထံမှ သိရ သည်။
နိုဝင်ဘာလ ၇ ရက်မှ ၁၁ ရက် အထိ ကျင်းပမည့် ၆၃ နှစ်မြောက် ကရင်ပြည်နယ်နေ့တွင် လာရောက်ပြသ၊ ရောင်းချရန် ကရင်ပြည်နယ် အသေးစား နှင့်အလတ်စားဖွံ့ဖြိုးတိုးတက်ရေး ဌာနက ဖိတ်ခေါ်ထားခြင်းဖြစ်ပြီး လာ ရောက် ရောင်းချသူများကို ဆိုင်ခန်းခ အခမဲ့ဖြင့်ပြသ၊ ရောင်းချ ခွင့်ပေးမည်ဟု ကမ်းလှမ်းထားကြောင်း အထက်ပါဌာန ကြီးကြပ်ရေးမှူး ဦးမင်းအောင်က ပြော သည်။

“သွားပြဖြစ် မပြဖြစ်ကတော့ သေ ချာ မသိသေးဘူး။ ဒီဒေသက လုပ်ငန်း ရှင်တွေ စိတ်ဝင်စားမှုရှိရင်တော့ သွားပြ ဖြစ်မှာပေါ့”ဟု ဦးမင်းအောင်က ဆိုသည်။
ထားဝယ်ရှိ ဒေသထုတ်ကုန်ရောင်း ချနေသူအချို့ကမူ ဒေသထုတ်ကုန်များ ကရင်ပြည်နယ်တွင် လာရောက် ပြသရန် ဖိတ်ခေါ်ထားသည်ကို မသိရသေးဟု ဆိုသည်။
“သက်ဆိုင်ရာက ဒေသထုတ်ကုန် တွေ ပြဖို့ အကြောင်းကြားလာရင်တော့ ကုန်ကျစရိတ်တွေတွက်ပြီး သွားပြချင် လည်း သွားပြဖြစ်မယ်။ အခုကတော့ ဘာမှမသိရသေးဘူးဆိုတော့ မပြော တတ်သေးဘူး” ဟု ထားဝယ်ရိုးရာလုံချည် ရောင်းချနေသည့် မဟာစံ အထည်ဆိုင် ပိုင်ရှင် ဒေါ်ယုဝါဝါထွေးက ဆိုသည်။
ကရင်ပြည်နယ်က ဖိတ်ခေါ်ထား သည့် ဒေသထုတ်ကုန် ပြပွဲနှင့် ရောင်းချ ပွဲကို သွားရောက်ပြသ၊ ရောင်းချလိုသည့် လုပ်ငန်းရှင်များအနေဖြင့် တိုင်းအသေး စားနှင့် အလတ်စား ဖွံ့ဖြိုးတိုးတက်ရေး ဌာနတွင် လာရောက် စာရင်းပေးနိုင် ကြောင်း ဦးမင်းအောင်က ပြောသည်။

တနင်္သာရီတိုင်းမှ ဒေသထုန်ကုန် များကို ရန်ကုန်၊ နေပြည်တော်တို့တွင်သာ နှစ်စဉ်ပြသလျက်ရှိပြီး ကရင်ပြည်နယ် တွင် ပြသရန် ယခုနှစ်တွင် ပထမဆုံး ဖိတ်ခေါ်ခံရခြင်းဖြစ်ကြောင်း တိုင်း အသေးစားနှင့် အလတ်စားဖွံ့ဖြိုးတိုး တက်ရေး ဌာနထံမှ သိရသည်။