ရွှေဝယ်သီရိကွင်းတွင် ကာယဗလ အားကစားပစ္စည်းအမျိုး နှစ်ဆယ်ပျောက်ဆုံး

0
563

ထားဝယ်မြို့၊ ရွှေဝယ်သီရိအား ကစားကွင်းရှိ မည်သူမဆိုဝင်ရောက် ကစားခွင့်ပြုထားသည့် ကာယဗလလေ့ ကျင့်ရေးအားကစားရုံတွင် အားကစား ပစ္စည်း အမျိုးနှစ်ဆယ် ပျောက်ဆုံးသွား ကြောင်း တိုင်းအားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

ကာယဗလ လာရောက်လေ့ကျင့် နေသူအချို့ အားကစားပစ္စည်းများ ယူဆောင်သွားသည်ကို တွေ့ရကြောင်း ယင်းအားကစားကွင်းအနီးတွင် နေထိုင် သူများက သတင်းပေးလာသဖြင့် အောက်တိုဘာလ ၄ ရက်နေ့တွင် အား ကစားပစ္စည်းများကို စစ်ဆေးခဲ့ရာ ယင်း ကဲ့သို့ပျောက်ဆုံးနေသည်ကို တွေ့ရ ကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။

“ဒီပစ္စည်းတွေက ရောင်းစားလို့လဲ မရဘူးဆိုတော့ အိမ်မှာလေ့ကျင့်လို့ရ အောင်ယူသွားတာလို့ပဲ ယူဆတယ”ဟု ဦးစိုးမိုးနိုင်က ဆိုသည်။
ယင်းသို့ ပစ္စည်းပျောက်ဆုံးသွားသည့်အကြောင်းနှင် ပစ္စည်းများကိုစည်း ကမ်းတကျထားကြရန် သတိပေးစာသား များကို အားကစားရုံအတွင်း ကပ်ထား ကြောင်း ၎င်းက ပြောသည်။

ပျောက်ဆုံးသွားသည့် အားကစား ပစ္စည်းများကိုမူ ပြန်လည်ဝယ်ယူဖြည့် ဆည်းသွားမည်ဖြစ်ကြောင်း တိုင်းအား ကစားနှင့် ကာပညာဦးစီးဌာနထံမှ သိရ သည်။
ရွှေဝယ်သီရီအားကစားကွင်းရှိ ကာယဗလ လေ့ကျင့်ရေး အားကစားရုံကို ပြီးခဲ့သည့် ဇန်နဝါ ရီလ ၁ ရက်မှ စပြီး နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၇ နာရီကျော် အချိန်ထိ မည်သူမဆို အခမဲ့ ဝင်ရောက် ကစားခွင့်ပြုထားသည်။