ပုလုံးတုံတုံးတွင် ပယ်လယ်စွန့်ပစ်အမှိုက်မရှိအောင် စည်းရုံးလှုံဆော်မည်

ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံး ကျေးရွာနှင့် ကမ်းခြေသန့်ရှင်းသာယာ လှပရေး အသိပညာပေး စုပေါင်းအမှိုက် ကောက်ပွဲကို အောက်တိုဘာ ၆ရက်က ပုလုံးတုံတုံးကျေးရွာတွင် ပြုလုပ်ခဲ့သည်။

ပုလုံးတုံတုံးကျေးရွာတွင် သစ်သား တံတား တစ်ခုနှင့် လှပသည့် ကမ်းခြေ တစ်ခုက ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့်အတွက် စနစ်တကျ အမှိုက်စွန့်ပစ်တတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ကော့သောင်း မြို့နယ်အုပ် ချုပ်ရေးမှူး ဦးစိုးမြင့်သိန်းက ဆိုသည်။
ပုလုံးတုံတုံးတံတားသည် ပေ ၂၇၀၀ ရှည်လျားသည်။

“အရင်ကဆို စွန့်ပစ်အမှိုက်ကို ပင်လယ်ထဲ အလွယ်တကူ ပစ်ကျတယ်၊ အဲလိုမျိုးမဖြစ်အောင် နေအိမ်တွေကို စည်းရုံးပြီး အမှိုက်အိတ်နဲ့ထည့် ပြီးရင် တံတားထိပ်မှာချ စည်ပင်က အမှိုက်ကား နဲ့ လာသိမ်းပေး၊ အဲလို စနစ်မျိုးရအောင် အထိ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အတူ ဆောင်ရွက်သွားမယ်”ဟု ၎င်းကဆို သည်။

နေအိမ်များသို့ အမှိုက်အိတ်များ ဖြန့်ဝေပေးသွားမည်ဟု ပုလုံးတုံတုံးကျေး ရွာ အုပ်ချုပ်ရေးမှူး ဦးဇင်ကိုက ပြော သည်။
အောက်တိုဘာလ ၆ ရက်နေ့က ပြုလုပ်သည့် စုပေါင်းအမှိုက်ကောက်ပွဲ သို့ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ များနှင့်အတူ ရွာသူရွာသား၊ ကျောင်းသူ ကျောင်းသား စုစုပေါင်း ၆၄၂ ဦးပါဝင်ခဲ့ သည်။

Related Posts