တနင်္သာရီတိုင်းရှိ အကျဉ်းထောင်များတွင် မူးယစ်ဆေးအမှုအကျဉ်းသား ထက်ဝက်ကျော်

0
623

တနင်္သာရီတိုင်းအတွင်းရှိ အကျဉ်း ထောင်သုံးခုတွင် ထောင်ကျနေသူဦးရေ ၏ ထက်ဝက်ကျော်မှာ မူးယစ်ဆေးဝါး အမှုဖြင့် ထောင်ကျနေသူများဖြစ်ကြောင်း အကျဉ်းဦးစီးဌာန တနင်္သာရီတိုင်းဒေသ ကြီးဦးစီးမှူး ဦးကျော်ဌေးက ပြောသည်။
ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းသားနှင့် ထောင်အချုပ်သား၈၀၀ ကျော်ရှိသည့်အနက် မူးယစ်ဆေးအမှု ဖြင့် အကျဉ်းကျ^ထောင်အချုပ်ကျနေသူ ၄၀၀ ကျော်ဖြစ်နေကြောင်း တိုင်းဒေသ ကြီးအကျဉ်းဦးစီးဌာန စာရင်းများအရ သိရသည်။

မြိတ်တွင် အကျဉ်းသားနှင့် အချုပ် သား တစ်ထောင်ကျော်ရှိပြီး မူးယစ်ဆေး အမှုဖြင့် ၈၀၀ဦးကျော်ရှိကြောင်း အထက် ပါဌာနထံမှ သိရသည်။
ကော့သောင်းအကျဉ်းထောင်တွင် အကျဉ်းသားနှင့် အချုပ်သားတစ်ထောင် ကျော်ရှိပြီး မူးယစ်ဆေးအမှုဖြင့် အကျဉ်း ကျ^ထောင်အချုပ်ခံရသူ ၆၀၀ ဦးကျော် ရှိကြောင်း ယင်းဌာနစာရင်းအရ သိရ သည်။

တိုင်းအတွင်းရှိ အကျဉ်းထောင်များ တွင် မူးယစ်ဆေး၏ သားကောင်များဖြစ် သည့် မူးယစ်ဆေးသုံးစွဲသူ (သို့) သုံးစွဲ နေရင်း ပမာဏအနည်းငယ်သာ ရောင်း ချသူများက ပိုများနေကြောင်း အကျဉ်း ဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ဌေးက ဆိုသည်။
“ထောင်တွေမှာ မူးယစ်ဆေးရဲ့ သားကောင်ဖြစ်တဲ့ တစ်ပြား နှစ်ပြား လောက် မိသူတွေက များတယ်၊ မုဆိုး (ပင်ရင်း)တွေက မရှိသလောက်နည်း တယ်”ဟု ဦးကျော်ဌေးက ပြောသည်။

အကျဉ်းထောင်များတွင် ဝင်ဆံ့နိုင် သည့်ပမာဏမှာ ထားဝယ်အကျဉ်းထောင် တွင် ၅၀၀ ဦးကျော်၊ မြိတ်အကျဉ်းထောင် တွင် ၇၀၀ ဦးကျော် နှင့်ကော့သောင်း ထောင်တွင် ၉၀၀ ဦးကျော်ရှိကြောင်း တိုင်းဒေသကြီး အကျဉ်းဦးစီးဌာနထံမှ သိရသည်။
တနင်္သာရီတိုင်းအတွင်း အကျဉ်း ထောင် ၃ ခုနှင့် အလုပ်စခန်း ၃ ခုရှိ ကြောင်း အထက်ပါဌာနထံမှ သိရသည်။