မလွှဲတောင်အိမ်သာ နိုဝင်ဘာလတွင် ပြီးမည်

0
492

ရန်ကုန်-ထားဝယ်လမ်းပိုင်းရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် တည် ဆောက်နေသည့် အများသုံးအိမ်သာများ နိုဝင်ဘာလတွင် ပြီးစီးနိုင်မည်ဖြစ် ကြောင်း လမ်းဦးစီးဌာန တနင်္သာရီတိုင်း ဒေသကြီး ဦးစီးမှူး ဦးဝင်းမင်းထွဋ်က ပြောသည်။
ခရီးသည်များ ကိုယ်လက်သန့်စင် နိုင်ရန် အမျိုးသားအိမ်သာ လေးခန်းနှင့် အမျိုသမီးအိမ်သာ လေးခန်းကို ယခုနှစ် အစောပိုင်းက စတင်တည်ဆောက်နေ ခြင်းဖြစ်သည်။

စက်တင်ဘာလအပြီး တည် ဆောက်မည်ဟု ပြောဆိုခဲ့ဖူးသော်လည်း မိုးရွာသွန်းမှုများနေသည့်အတွက် လုပ် ငန်းကြန့်ကြာနေရကြောင်း ဦးဝင်းမင်း ထွဋ်က ဆိုသည်။
စစ်ဆေးရေးဂိတ်အနီး တနင်္သာရီ တိုင်းဘက်ခြမ်းတွင် အများသုံးအိမ်သာ တည်ဆောက်နေရာ လက်ရှိတွင် ဖောင် ဒေးရှင်း အပါအဝင် အောက်ခံကွန်ကရစ် လောင်းပြီးဖြစ်ကာ မကြာမီ ပြီးစီးနိုင် မည်ဖြစ်ကြောင်း ဦးဝင်းမင်းထွဋ်က ဆို သည်။

“နိုဝင်ဘာလကုန်လောက်မှာ ပြီး မယ့် အနေအထားရှိတယ်၊ မြေပြိုမှာစိုးလို့ ဘိုးပိုင်တွေ ရိုက်နေရလို့ ကြာသွားတာ”ဟု ဦးဝင်းမင်းထွဋ်က ပြောသည်။
အိမ်သာအဆောက်အအုံကို သံကူ ကွန်ကရစ်အမျိုးအစား ဆောက်မည်ဖြစ် ပြီး လမ်းမအမြင့်မှ ၁၂ ပေ နိမ့်ကာ တည် ဆောက်မည် ဖြစ်ကြောင်း ၎င်းက ဆို သည်။
ခရီးသည်တင်ကားများနှင့် ယာဉ် သွားလာမှုကို စစ်ဆေးနေသည့် စစ်ဆေး ရေးဂိတ်မှ ပေရာချီဝေးကွာသည့် မွန် ပြည်နယ် ဘက်ခြမ်းတွင် အိမ်သာများရှိ သော်လည်း ဂိတ်နှင့် အလှမ်းဝေးကွာ သည့်အတွက် ခရီးသည်များ အသုံးပြုမှု မရှိသလောက် နည်းပါးသည်။