• ပင်မစာမျက်နှာ
  • သတင်း
    • မွန်
    • ထားဝယ်
    • မြိတ်
    • ကော့သောင်း
    • ထိုင်း
  • အမြင်
    • အယ်ဒီတာ့ အာဘော်
    • အတွေးအမြင်
    • ပေးစာ
  • စီးပွားရေး
  • အားကစား/ဖျော်ဖြေရေး
  • ဓလေ့/သမိုင်း
  • ရသ
    • ၀တ္ထုတို
    • တွေ့ဆုံမေးမြန်း
    • အက်ဆေး
    • သမိုင်း
    • ခရီးသွား
    • သရော်စာ
    • ရုပ်ပုံလွှာ
    • အောက်မေ့ဖွယ်
  • လှုပ်လှုပ်ရှားရှား
  • လမ်းညွှန်
  • Dawei Watch အကြောင်း
Dawei Watch
  • Radio
  • TV
Dawei Watch
  • ပင်မစာမျက်နှာ
  • သတင်း
    • မွန်
    • ထားဝယ်
    • မြိတ်
    • ကော့သောင်း
    • ထိုင်း
  • အမြင်
    • အယ်ဒီတာ့ အာဘော်
    • အတွေးအမြင်
    • ပေးစာ
  • စီးပွားရေး
  • အားကစား/ဖျော်ဖြေရေး
  • ဓလေ့/သမိုင်း
  • ရသ
    • ၀တ္ထုတို
    • တွေ့ဆုံမေးမြန်း
    • အက်ဆေး
    • သမိုင်း
    • ခရီးသွား
    • သရော်စာ
    • ရုပ်ပုံလွှာ
    • အောက်မေ့ဖွယ်
  • လှုပ်လှုပ်ရှားရှား
  • လမ်းညွှန်
  • Dawei Watch အကြောင်း
မွန်ဝါရင့်နိုင်ငံရေးခေါင်းဆောင် နိုင်ငွေသိမ်း ကွယ်လွန်
Home
သတင်း
မွန်

မွန်ဝါရင့်နိုင်ငံရေးခေါင်းဆောင် နိုင်ငွေသိမ်း ကွယ်လွန်

October 8th, 2018 admin မွန် 0 comments

Share

အသက် ၉၆ နှစ်အရွယ်ရှိသည့် မွန် ဝါရင့်နိုင်ငံရေးခေါင်းဆောင် နိုင်ငွေသိမ်းသည် လူကြီးရောဂါဖြင့် အောက်တိုဘာ ၂ ရက် ည ၇ နာရီ ကျော်ခန့်တွင် ရန်ကုန်တိုင်း၊ ရန်ကင်း မြို့နယ်ရှိ ၎င်း၏နေအိမ်တိုက်ခန်းတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
နိုင်ငွေသိမ်း၏ ဈာပနအခမ်း အနားကို အောက်တိုဘာ ၆ ရက် ညနေ ၃ နာရီတွင် ရေဝေးသုဿန်၌ မွန်ရိုး ရာဓလေ့အတိုင်း ကျင်းပသွားမည်ဟု သိရသည်။
တိုင်းရင်းသားလူမျိုးများတန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဘ၀တစ်လျှောက်လုံး တိုက်ပွဲဝင်ကြိုး ပမ်းခဲ့သည့် နိုင်ငွေသိမ်းသည် ကရင်ပြည်နယ်၊ ထုံးအိုင်ကျေးရွာ ဇာတိ ဖြစ်ပြီး ၁၉၂၃ ခုနှစ် မတ်လ ၁၉ ရက် တွင် အဘ နိုင်သာဒွန်အောင်နှင့် အမိ ဒေါ်ငွေသုန်တို့မှ ဖွားမြင်ခဲ့သူ ဖြစ်သည်။
မွန်အမျိုးသားနိုင်ငံရေးလောက တွင်သာမက မြန်မာ့နိုင်ငံရေးသမိုင်း တွင်လည်း စံပြရလောက်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဆရာကြီး နိုင်ငွေသိမ်း ကွယ်လွန်သွားသည့်အပေါ် ကြီးမားသည့်ဆုံးရှုံးမှုတစ်ရပ်ဟု မွန် နိုင်ငံရေးခေါင်းဆောင်များက ပြော သည်။

“ကျွန်တော်တို့ ဥက္ကဋ္ဌကြီး နိုင်ငွေသိမ်းဟာ သူ့ရဲ့သမိုင်းတစ် လျှောက် မိမိအမျိုးသားရေးတစ်ခုတည်း မဟုတ်ဘဲ လွတ်လပ်ရေးလှုပ်ရှားမှု သမိုင်းမှာသော်လည်းကောင်း၊ မဆလ ခေတ်၊ ဖဆပလခေတ်မှာသော်လည်း ကောင်း၊ တိုင်းရင်းသားအရေးမှာသော် လည်းကောင်း၊ ဒီမိုကရေစီတိုက်ပွဲ အမျိုး သားလွတ်မြောက်ရေး အခန်းကဏ္ဍတွေ မှာ တစိုက်မတ်မတ်လုပ်ဆောင် လာခဲ့ တယ်၊ ဒီကနေ့ ကျွန်တော်တို့ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်အရေး အတွက် လုံးပမ်းနေတဲ့ကာလမှာ ကျွန်တော်တို့ရဲ့ လမ်းပြရှေ့ဆောင်ကြယ်တစ်ပွင့် ကြွေလွင့်သွားတဲ့အတွက် ကျွန်တော် တို့အားလုံး ဝမ်းနည်းကြရပါတယ်”ဟု မွန်ပါတီတွဲဖက်အတွင်းရေးမှူး (၃) နိုင်စိုးမြင့်က ပြောသည်။

နိုင်ငွေသိမ်းသည် ကျောင်းသား ဘ၀ကတည်းက မြန်မာ့လွတ်လပ်ရေး အတွက် နိုင်ငံရေးလောကထဲဝင်ရောက် ခဲ့သည်။
နောက်ပိုင်းတွင် မွန်နိုင်ငံရေးလော ကထဲကို ခြေစုံပစ်ဝင်ရောက်ခဲ့သူဖြစ်ပြီး မွန်နိုင်ငံရေးခေါင်းဆောင်များထဲတွင် လည်း ဝါရင့်အသက်ကြီး အတွေ့အကြုံ များသည်၊့ အနစ်နာခံခဲ့သည့် ပုဂ္ဂိုလ် များအနက် နောက်ဆုံးကျန်ခဲ့သူတစ်ဦး လည်းဖြစ်သည်ဟု နိုင်ငွေသိမ်း၏ တပည့်ဖြစ်ခဲ့သူ မင်းမင်းနွယ်က ပြော သည်။
နိုင်ငွေသိမ်းသည် ၁၉၃၈ ခုနှစ် ၁၅ နှစ်အရွယ် ဖျာပုံအထက်တန်းကျောင်း သားဘ၀မှပင် ကျောင်းသားသပိတ် ခေါင်းဆောင်အဖြစ် နိုင်ငံရေးလှုပ်ရှား မှုတွင် စတင်ပါဝင်ခဲ့သည်။

၁၉၄၂ ခုနှစ်တွင် ဂျပ်ဆင်ကောလိပ် တက်ရောက်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားဘ၀တစ်လျှောက်လုံးမှာ နယ်ချဲ့ ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ရာမှ အသက် ၂၀ အရွယ်တွင် ဗမာ့လွတ်လပ် ရေး တပ်မတော် BIဗ သို့ ဝင်ခဲ့ပြီး ဂျပန်တော်လှန်ရေးကာလတွင် ရန်ကုန် ခရိုင်အတွင်း ပြောက်ကျားအဖွဲ့မှာ ပါဝင် တိုက်ခိုက်ခဲ့သည်။
၁၉၄၅ ခုနှစ်မှာ ရာမညတိုင်းလုံး ဆိုင်ရာ မွန်အဖွဲ့ချုပ်အမှုဆောင် တာဝန်ကို စတင်တာဝန်ယူခဲ့ပြီး ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီးတွင် ပြည်သူ့ရဲဘော်အဖွဲ့တွင် ပါဝင်ခဲ့သည်။

၁၉၄၇ ခုနှစ်တွင် ဖားအောက်ရွာ မွန်လူမျိုးရေးရာအဖွဲ့ချုပ် (မလရ) ညီ လာခံမှတစ်ဆင့် အဖွဲ့၏အတွင်းရေးမှူး တာဝန်ကိုယူခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် မွန်လက်နက်ကိုင် တော်လှန်ရေး မွန်ပြည်သူ့တပ်ဦးတွင် ဗဟိုအလုပ် အမှုဆောင် ကော်မတီအဆင့်ထိ တာဝန် ယူခဲ့ဖူးသူ ဖြစ်သည်။
၁၉၅၉ ခုနှစ်တွင် မွန်ပြည်သူ့တပ်ဦး လက်နက်ချ ဥပဒေဘောင်အတွင်း ဝင်ရောက်လာပြီး ၁၉၆၁ ခုနှစ်မှာ မွန် ပြည်နယ်ဖော်ထုတ်ရေး အလုပ်ကော်မတီ (ဗဟို) တွင်တာဝန်ယူခဲ့သည်။

တိုင်းရင်းသားပေါင်းစုံပါဝင်ခဲ့ သည့် တောင်ကြီးညီလာခံတွင် မွန် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပြီး ပြည်နယ်ညီညွတ်ရေးအဖွဲ့မှာ ဗဟို အလုပ်အမှုဆောင်အဖြစ် တာဝန်ယူခဲ့ရာ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာ သိမ်းခဲ့စဉ်က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ သူလည်း ဖြစ်သည်။
၁၉၈၉ ခုနှစ်တွင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (MNDF)ကို ဦး ဆောင်ထူထောင်ခဲ့သူများထဲ ပါဝင်ခဲ့ပြီး ပါတီဒုတိယဥက္ကဋ္ဌ တာဝန်ကိုယူခဲ့ သည်။
ယင်းနှစ်မှာပင် တိုင်းရင်းသား ပါတီများ မဟာမိတ်အဖွဲ့ဖြစ်သည့် (UNLD) အမြဲတမ်းသဘာပတိအဖွဲ့ ဝင်အဖြစ်လည်း တာဝန်ယူခဲ့ သည်။
၂၀၁၂ ခုနှစ်တွင် မွန်ဒီမိုကရေစီ ပါတီကို မှတ်ပုံပြန်တင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အဆိုပါ ပါတီကိုမွန်အမျိုးသား ပါတီအဖြစ်အမည်ပြောင်းပြီး ပါတီ ဥက္ကဋ္ဌနေရာကို ဆက်လက်တာဝန်ယူခဲ့ ရာ ၂၀၁၆ ခုနှစ်က ပါတီမှနှုတ်ထွက် ရန် ကြိုးစားခဲ့သော်လည်းပါတီဝင်များ ၏ တိုက်တွန်းမှုကြောင့် မကွယ်လွန်မီ အချိန်ထိ ပါတီဥက္ကဋ္ဌတာဝန်ကိုထမ်း ဆောင်ခဲ့သည်။

နိုင်ငွေသိမ်းသည် ငယ်ရွယ်စဉ်မှ ကွယ်လွန်သွားချိန်ထိ အမျိုးသားရေး တာဝန်ကို ကြိုးပမ်းထမ်းဆောင်ခဲ့သည့် မွန်နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဖြစ် သည်ဟု မွန်နိုင်ငံရေးခေါင်းဆောင်တို့က ပြောသည်။

 

Share
Facebook Twitter Google+ LinkedIn Pinterest
Next article သီတင်းကျွတ်မတိုင်မီ ပါဝါ အိတ်ဇောတပ်ဆိုင်ကယ် ဖမ်း ဆီးရေး အရှိန်မြှင့်မည်
Previous article တနင်္သာရီဂျာနယ်အမှု သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ) ဖြင့် စွဲချက်တင်

admin

Related Posts

မွန်တွင် တက္ကသိုလ်ဝင်တန်း ဖြေမည့် ကျောင်းသား သုံးသောင်း ကျော်ရှိ မွန်
February 12th, 2019

မွန်တွင် တက္ကသိုလ်ဝင်တန်း ဖြေမည့် ကျောင်းသား သုံးသောင်း ကျော်ရှိ

မော်လမြိုင် သံလွင်ဈေး ငါးဒိုင်များ ပြောင်းရွှေ့တော့မည် စီးပွားရေး
February 12th, 2019

မော်လမြိုင် သံလွင်ဈေး ငါးဒိုင်များ ပြောင်းရွှေ့တော့မည်

သထုံတွင် Sodium Cyanide အလေးချိန်  ကီလို ၂၀၀၀ ခန့် ဖမ်းဆီးရမိ မွန်
February 12th, 2019

သထုံတွင် Sodium Cyanide အလေးချိန် ကီလို ၂၀၀၀ ခန့် ဖမ်းဆီးရမိ

Find Us On Facebook
Facebook
Audio Posts
  • "ကျယ်ပြန့် နက်ရှိင်းစွာ စဉ်းစားပါ "အယ်ဒီတာ အာဘော် တနင်္သာရီရေဒီယို
  • တစ်ပတ်အတွင်း မြန်မာ့သတင်း တနင်္သာရီရေဒီယို
  • တစ်ပတ်တာ သင့်ကံကြမ္မာ တနင်္သာရီရေဒီယို
  • အယ်ဒီတာ အာဘော် တနင်္သာရီရေဒီယို
  • တစ်ပတ်တာ သင့်ကံကြမ္မာ တနင်္သာရီရေဒီယို
Weekly Tags
  • #တနင်္သာရီအပတ်စဉ်
  • #ထားဝယ်
  • Dawei Watch
  • #မြိတ်
  • ထားဝယ်
  • Dawei
  • #တနင်္သာရီရေဒီယို
  • Thailand
  • Mon
  • Myeik
  • #ကော့သောင်း
  • #ပညာရေး
  • #ရေလုပ်ငန်း
  • Student Union
  • #မွန်
  • #မှုခင်း
  • #ဗေဒင်
  • Migrant
  • #ကျန်းမာရေး
  • Travel
Top Views
ဝန်ကြီးချုပ်ကိစ္စ တိုင်းလွှတ်တော်မှ ပြည်ထောင်စုသို့ အစီရင်ခံ၊ လိုအပ်က စွပ်စွဲပြစ်တင်ရန် အသင့် သတင်း

ဝန်ကြီးချုပ်ကိစ္စ တိုင်းလွှတ်တော်မှ ပြည်ထောင်စုသို့ အစီရင်ခံ၊ လိုအပ်က စွပ်စွဲပြစ်တင်ရန် အသင့်

Feb 12th, 2019
ဦးအောင်စိုး၊ ဒေါက်တာလဲ့လဲ့မော်နှင့် ဦးဖြိုးဝင်းထွန်းတို့ကို စစ်ဆေး အရေးယူပေးရန် NLD ဗဟိုသို့ မြိတ်ဒေသခံများ တိုင် ထားဝယ်

ဦးအောင်စိုး၊ ဒေါက်တာလဲ့လဲ့မော်နှင့် ဦးဖြိုးဝင်းထွန်းတို့ကို စစ်ဆေး အရေးယူပေးရန် NLD ဗဟိုသို့ မြိတ်ဒေသခံများ တိုင်

Feb 5th, 2019
ဆလုံ နတ်ဆရာအို၏ နေညိုချိန် အက်ဆေး

ဆလုံ နတ်ဆရာအို၏ နေညိုချိန်

Feb 11th, 2019
ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်ကြောင့် တိုင်းလွှတ်တော်အစည်းအဝေး ရက်ရွေ့ ထားဝယ်

ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်ကြောင့် တိုင်းလွှတ်တော်အစည်းအဝေး ရက်ရွေ့

Feb 11th, 2019
ကြမ္မာငင်ခဲ့တဲ့ မြိတ်ကျွန်းစု အပျော်ခရီး အမြင်

ကြမ္မာငင်ခဲ့တဲ့ မြိတ်ကျွန်းစု အပျော်ခရီး

Feb 7th, 2019
  • ပင်မစာမျက်နှာ
  • သတင်း
  • အမြင်
  • စီးပွားရေး
  • အားကစား/ဖျော်ဖြေရေး
  • ဓလေ့/သမိုင်း
  • ရသ
  • လှုပ်လှုပ်ရှားရှား
  • လမ်းညွှန်
  • Dawei Watch အကြောင်း
  • Back to top
© Dawei Watch 2018. All rights reserved.