သီတင်းကျွတ်မတိုင်မီ ပါဝါ အိတ်ဇောတပ်ဆိုင်ကယ် ဖမ်း ဆီးရေး အရှိန်မြှင့်မည်

0
473

ထားဝယ်မြို့တွင် သီတင်းကျွတ်ပွဲ တော် မတိုင်မီ ပါဝါအိတ်ဇောတပ်ဆိုင် ကယ်များကို ဖမ်းဆီးရေးအရှိန်မြှင့် လုပ် ဆောင်သွားမည်ဖြစ်ကြောင်း အမှတ် ၁၁ ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲမှူးရုံး (တနင်္သာရီ)မှ ရဲမှူးညီညီလှိုင်က ပြော သည်။
လက်ရှိတွင်လည်း ပါဝါအိတ်ဇော တပ်ဆိုင်ကယ်များကို နေ့စဉ်ဖမ်းဆီးနေ ပြီး သီတင်းကျွတ်ရာသီမတိုင်မီ ညဘက် အချိန်များတွင်ပါ ဖမ်းဆီးသွားမည်ဖြစ် ကြောင်း ရဲမှူးညီညီလှိုင်က ပြောသည်။

“သီတင်းကျွတ်မတိုင်ခင် ပိုဖမ်း သွားမယ်၊ အေးအေးချမ်းချမ်းနဲ့ စိတ် အနှောင့်အယှက် မဖြစ်စေဖို့အတွက် ဖမ်းမှာပါ”ဟု ရဲမှူးညီညီလှိုင်က ဆို သည်။
လက်ရှိတွင်ဖမ်းမိသည့် ပါဝါအိတ် ဇောတပ်ဆိုင်ကယ်များကို ဖမ်းဆီးပြီး တရားရုံးတွင် ၂၀၁၅ ခုနှစ် မော်တော် ယာဉ်ဥပဒေဖြင့် တရားစွဲဆိုနေပြီး ပါဝါ အိတ်ဇောများကို သိမ်းဆည်းဖျက်ဆီး နေကြောင်း ၎င်းက ပြောသည်။
ပါဝါအိတ်ဇောတပ် ဆိုင်ကယ်များ ကို အထိုင်ချဖမ်းဆီးခြင်းထက် လှည့် ကင်းပုံစံဖြင့် ဖမ်းဆီးသင့်ကြောင်း ထား ဝယ်မြို့ခံတစ်ဦးဖြစ်သူ ဦးမင်းဇော်က ဆိုသည်။
“သူတို့က နေ့ဘက်ထက် ညဘက် တွေပဲ ထွက်စီးကြတာများတာကို တွေ့ရ တယ်။ ညဘက်တွေလည်း သေသေချာ ချာဖမ်းသင့်တယ်လို့ ထင်တယ်”ဟု ဦးမင်းဇော်က ပြောသည်။

ထားဝယ်ခရိုင်တွင် ၂၀၁၇ ခုနှစ် ဧပြီလမှ ၂၀၁၈ခုနှစ် စက်တင်ဘာလအထိ ပါဝါအိတ်ဇော ၇၁၅ လုံးကို သိမ်းဆည်း ဖျက်ဆီးခဲ့ပြီး ဖြစ်ကြောင်းယာဉ်ထိန်းရဲ တပ်ဖွဲ့ထံမှ သိရသည်။
ဆိုင်ကယ်တွင် ပါဝါအိတ်ဇောတပ် ပြီးမောင်းနှင်ပါက၂၀၁၅ခုနှစ် မော်တော် ယာဉ်ဥပဒေအရ ဒဏ်ငွေ သုံးသောင်း အထိချမှတ်ခံရမည် ဖြစ်သည်။