Sea View Condo စီမံကိန်း လုံခြုံရေးဝန်ထမ်းများ အချိန်ပိုကြေးမရဟုဆို

0
680

မြိတ်မြို့ ကမ်းနားလမ်းတွင် တည် ဆောက်နေသည့် Sနa ဠငနတ ဃသညိသ စီမံကိန်းရှိ လုံခြုံရေးဝန်ထမ်းများ အချိန် ပိုကြေး မခံစားရကြောင်း လုံခြုံရေးဝန် ထမ်းတစ်ချို့က ပြောသည်။
လုံခြုံရေးဝန်ထမ်းများမှာ တစ်ရက် လျှင် ၁၂ နာရီတိတိ အလုပ်ဆင်းရပြီး အလုပ်ပိတ်ရက်(နားရက်) မရှိသည့် အပြင် အလုပ်ပျက်ပါက လစာမှ ဖြတ် တောက်ခံရကြောင်း လုပ်သက်တစ် နှစ်ကျော်ရှိ ညလုံခြုံရေးဝန်ထမ်း ကိုနေ ဝင်းထွန်းက ပြောပြသည်။
“ခွင့်တိုင်လည်း လစာကဖြတ်တာ ပဲ”ဟု ညလုံခြုံရေးဝန်ထမ်း ကိုနေဝင်း ထွန်းက ပြောသည်။
အလုပ်သမားများ၏ နစ်နာနေမှု များအား စက်တင်ဘာလ ၂၇ ရက်နေ့က မြိတ်ခရိုင် အလုပ်ရုံနှင့်အလုပ်သမားဥပ ဒေစစ်ဆေးရေးဦးစီးဌာနသို့ ကိုယ်တိုင် သွားရောက် အသိပေးခဲ့ကြောင်း ကိုနေ ဝင်းထွန်းက ပြောပြသည်။

လုံခြုံရေးဝန်ထမ်းများ၏ ရပိုင်ခွင့် များကိစ္စများအတွက် အောက်တိုဘာလ ၄ ရက်နေ့က sနa လငနတ ခသညိသ ရှိတာ ဝန်ရှိသူများအား သွားရောက်တွေ့ဆုံပြီး ညှိနှိုင်းဆောင်ရွက်ပေးထားကြောင်း မြိတ်ခရိုင် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိန်လင်းက ပြောပြသည်။
“ဥပဒေပါအခွင့်အရေးတွေကို ပေးဖို့ဆိုတာ Sနa ဠငနတ ကိုလည်းပြော ထားပါတယ်”ဟု ဦးစိန်လင်းက ပြောသည်။
Sနa ဠငနတ ဃသညိသ စီမံကိန်းတွင် လုံခြုံရေးဝန်ထမ်းများအနေဖြင့် နံနက် ၇ နာရီမှ ည ၇ နာရီ နှင့် ည ၇ နာရီမှ နံနက် ၇ နာရီ အလုပ်ဆိုင်းနှစ်ဆိုင်းသာ ခွဲထားပြီး အလုပ်ချိန်တွင် လုံခြုံရေးဂိတ်မှ စီမံကိန်းဝင်းရှိ ကုမ္ပဏီမှ သတ်မှတ်ထား သည့်နေရာသို့ တစ်နာရီတစ်ခါလက် မှတ်သွားထိုးနေရကြောင်း လုံခြုံရေးဝန် ထမ်းတို့က ပြောပြသည်။

“ခဏတော့ စောင့်ရမယ်၊ သူတို(Sea View) ဆီက အဖြေထွက်လာမှာပါ” ဟု ဦးစီးအရာရှိ ဦးစိန်လင်းကပြော သည်။
လုံခြုံရေးဝန်ထမ်းများ၏ အချိန်ပို ကြေးကိစ္စအတွက်Sea View Condo   ရုံးသို့ အောက်တိုဘာလ ၆ ရက်နေ့ ည နေ ၃ နာရီခန့်က သွားရောက်မေးမြန်း ခဲ့သော်လည်း တာဝန်ရှိသူမရှိသော ကြောင့် စီမံကိန်းမန်နေဂျာနှင့် စီမံကိန်း ဒါရိုက်တာတို့ထံ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာ ဖုန်းမကိုင်ခဲ့သဖြင့် မေးမြန်းခွင့် မရရှိခဲ့ပေ။
ကွန်ဒိုမှ တာဝန်ရှိသူတို့က ၎င်းတို့ ၏ အကြီးအကဲများထံ တင်ပြပြီး လုံခြုံ ရေးဝန်ထမ်းများအတွက် ရပိုင်ခွင့်များကိုညှိနှိုင်းပြီးပြန်လုပ်ပေးမည်ကို ပြောဆို ထားကြောင်း ဦးစီးအရာရှိ ဦးစိန်လင်း က ပြောပြသည်။