မွန်တွင် ကျောက်ထုတ်လုပ်ခွင့် လိုင်စင်ရရှိသူ ၁၀၀ ကျော်ရှိ

0
457

မွန်ပြည်နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျောက်ထုတ်လုပ်ခွင့် လိုင်စင်ရရှိသူ ၁၀၀ ကျော်ရှိကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
လမ်းခင်းကျောက်ထုတ်လုပ်ခွင့် လိုင်စင် သက်တမ်းတိုးသူ ၈၉ ဦးရှိပြီး လိုင်စင်အသစ် လျှောက်ထားသူ ၁၃ ဦးရှိကာ စုစုပေါင်း ကျောက်ထုတ်လုပ်ခွင့် လိုင်စင်ရရှိထားသူ ၁၀၃ ဦး ရှိသည်။
ကျောက်ထုတ်လုပ်ငန်းရှင်များ အနေဖြင့် ထုတ်လုပ်ခွင့်လိုင်စင်ရရှိပြီးလျှင် ယမ်းဝယ် ယူခွင့်၊ သယ်ဆောင်ခွင့်၊ သိုလှောင်ခွင့်၊ သုံးစွဲ ခွင့်ကို သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနထံ ခွင့်ပြုချက်ရယူ ရမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောသည်။

“ဝင်ငွေခွန်ဖြစ်ဖြစ်၊ ကုန်သွယ်ခွန် ဖြစ်ဖြစ် ကင်းရှင်းကြောင်း ထောက်ခံရမှ လိုင်စင်ထုတ်ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ ကို ညွှန်ကြားထားပါတယ်”ဟု မွန်ပြည်နယ် အခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မူမူစောက ပြော သည်။
ယမန်နှစ်က ကျောက်ထုတ်လုပ် ငန်းအချို့တို့တွင် လိုင်စင်စည်းကမ်း ဖောက်ဖျက်မှု၊ အခွန်တိမ်းရှောင်မှုနှင့် စာရင်းတင်ပြထားသည်ထက် ကျောက် ပိုမိုထုတ်လုပ်မှုများ ရှိနေသည်ကို စစ် ဆေးတွေ့ရှိထားသောကြောင့် ယခုနှစ် တွင် ထိုကဲ့သို့ ဆက်လက်မလုပ်ဆောင် ကြရန်နှင့် ဖောက်ဖျက်ကျူးလွန်မှုများရှိ ကြောင်း စစ်ဆေးတွေ့ရှိပါက ထိရောက် စွာ အရေးယူသွားမည်ဟု ပြီးခဲ့သည့် ဩဂုတ်လက ကျင်းပခဲ့သည့် မွန်ပြည် နယ်အစိုးရအဖွဲ့နှင့် ကျောက်ထုတ်လုပ် ငန်းရှင်များတွေ့ဆုံပွဲ၌ မွန်ပြည်နယ် ဝန်ကြီးချုပ်က သတိပေးထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်က မွန်ပြည်နယ်တွင် လမ်းခင်းကျောက် ထုတ် လုပ်ခွင့်လိုင်စင်ရရှိသူ ၁၀၄ ဦး၊ ဂဝံကျောက် ထုတ်လုပ်ခွင့်လိုင်စင်ရရှိသူ ၄ ဦး စုစုပေါင်း ကျောက်ထုတ်လုပ်ခွင့် လိုင်စင်ရရှိသူ ၁၀၈ ဦးရှိခဲ့သည်။