ဆရာမရိုက်သဖြင့် တတိယတန်း ကျောင်းသားဦးခေါင်း ပေါက်ပြဲဒဏ်ရာရ

0
656

စာမရဟုဆိုကာ ကျောင်းအုပ် ဆရာမကြီးက တတိယတန်းကျောင်းသား များအား ဝါးခြမ်းပြားဖြင့် ရိုက်နက် ဆုံးမရာမှ ကျောင်းသားတစ်ဦး၏ ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရရှိခဲ့ကြောင်း ကာယကံရှင် ကျောင်းသားမိဘများက ပြောသည်။
မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ ကျောက်တလုံးကျေးရွာအုပ်စု မြေမအုံ ကျေးရွာရှိ မူလတန်းကျောင်းတွင် စက် တင်ဘာလ ၃၀ ရက်နေ့က ယင်းသို့ ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း ဦးခေါင်း ပေါက်ပြဲခဲ့သည်ဆိုသည့် ကျောင်းသား ၏ မိဘနှစ်ဦးက ပြောသည်။

ကျောင်းအုပ်ဆရာမကြီးက နောက် ကျောတွင်တစ်ချက်နှင့် ဦးခေါင်းတွင် နှစ်ချက်ရိုက်ခဲ့သည်ကို ကျောင်းသား၏ ပြောပြချက်အရ သိခဲ့ရကြောင်း ကျောင်းသား၏ မိခင်ဖြစ်သူ ဒေါ်အို့က ဆိုသည်။
အရိုက်ခံရသည့် ကျောင်းသားသည် မွေးစဉ်ကတည်းက ညာဘက်လက်နှင့် ညာဘက်ခြေ မသန်စွမ်းသူဖြစ်ကြောင်း ကျောင်းသား၏ မိဘတို့က ဆိုသည်။

“အင်္ဂလိပ်စာသင်နေတုန်း စာမ လိုက်နိုင်လို့ ကျောင်းသား ၁၀ ဦးကို တစ်ယောက်တစ်ချက်စီ စေတနာနဲ့ရိုက်မိ ခဲ့တာပါ”ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းဆွေက ပြောသည်။
ကျောင်းအုပ်ဆရာမကြီးက ရိုက် မိသည့်အကြောင်းအရင်းနှင့် မှားခဲ့ ကြောင်းကို ရိုက်ခဲ့သည့်နေ့တွင်ပင် ခေါင်းပေါက်ခဲ့သည်ဆိုသည့် ကျောင်း သား၏ နေအိမ်တွင် နှစ်ကြိမ်သွားရောက် တောင်းပန်ခဲ့ကြောင်း ဒေါ်သိန်းဆွေက ပြောသည်။
၎င်းအပြင် အောက်တိုဘာလ ၂ ရက်တွင် ကျောင်းသားမိဘအစည်းဝေး ပွဲနှစ်ခုတွင် ကျောင်းသားမိဘများအား တောင်းပန်ခဲ့သော်လည်း ခေါင်းပေါက် ခဲ့သည်ဆိုသည့် ကျောင်းသားမိဘ ရောက်မလာခဲ့ကြောင်း ၎င်းက ဆို သည်။

ကျောင်းအုပ်ဆရာမကြီး အိမ်သို့ လာရောက်တောင်းပန်သည့် စက်တင် ဘာလ ၃၀ ရက်တွင် ကျောင်းသား၏ ဖခင်ဖြစ်သူမှာ တနင်္သာရီမြို့သို့ နာရေး ကိစ္စတစ်ခုဖြစ်သွားရောက်နေခဲ့ကြောင်း ဒေါ်အို့က ဆိုသည်။
“ကျွန်မတစ်ယောက်တည်းကို ပြောလို့ မပြီးဘူး။ ယောက်ျးကို ပြောဖို့ လိုသေးတယ်လို့ ငိုပြီးပဲ ပြန်ပြောလိုက် တယ်”ဟု မိခင်ဖြစ်သူ ဒေါ်အို့က ပြော သည်။

နာရေးမှပြန်လာသည့် ကျောင်း သား၏ဖခင်ဖြစ်သူက အကျိုးအကြောင်း သိရသဖြင့် ကျေးရွာရှိ ရာအိမ်မှူးဆိုသူ ထံ အသိပေးအကြောင်းကြားပြီး ရွာ လူကြီးရှေ့တွင် တောင်းပန်စကားဆိုရန် ကျောင်းအုပ်ဆရာမကြီးအား ခေါ်ယူခဲ့ သော်လည်း လာရောက်တွေ့ဆုံခြင်း မရှိကြောင်း ကျောင်းသား၏ ဖခင် ဖြစ်သူ ဦးအေးဝင်းက ပြောသည်။
ကျောင်းအုပ်ဆရာမကြီးအနေဖြင့် နေအိမ်တွင် သွားရောက်တောင်းပန်ပြီး ဖြစ်ကာ ကျောင်းတွင်းကိစ္စကို ပြင်ပသို့ လိုက်ပါနိုင်ခြင်းမရှိသည့်အတွက် ကျောင်းအစည်းအဝေးတွင် ကိုယ်တိုင် တောင်းပန်ရန် ကျောင်းသား၏ဖခင်ဖြစ် သူအား သွားရောက်ခေါ်ဆောင်ခဲ့ရာ လိုက်ပါလာခြင်းမရှိခဲ့ကြောင်း ကျောင်း အုပ်ဆရာမကြီးက ပြောသည်။

ကျောင်းသားအား ရိုက်နက်ခဲ့ သည့်ကိစ္စအား ကျောက်တလုံးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးမှတစ်ဆင့် မြို့ နယ်ပညာရေးမှူးရုံးသို့ အသိပေး အကြောင်းကြား ပေးထားကြောင်း မြေ မအုံကျေးရွာနေ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးရှိန်က ပြောသည်။