ရယ်ရမောရ အရေးပေါ်ဆရာဝန်ဘ၀ (၁၄)

0
573

ဦးစီးဌာန ဟူသည်။
အစိုးရဌာနတွေမှာ ဌာနနှစ်မျိုးရှိ ပါ၏။ လုပ်ငန်းဌာနနှင့် ဦးစီးဌာနဟူပါ သည်။ လုပ်ငန်းဌာနသည် နိုင်ငံတော် အတွက် ဝင်ငွေရှာပေးပြီး ဦးစီးဌာနသည် နိုင်ငံသားများအတွက် ဝန်ဆောင်မှုပေးပါ သည်။ ဆိုလိုသည်က ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့ အောက်ရှိ အစိုးရဆေးရုံဆေးပေးခန်း များသည် နိုင်ငံသားတို့အား ကျန်းမာရေး အတွက် ဝန်ဆောင်မှုပေးသည့် ဌာနများ ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများသည် ဝန်ဆောင်မှုပေးသူများ ဖြစ်ကြပါသည်။

ဝန်ဆောင်မှု ပေးကြသည့်ဌာနဖြစ် သည့်အတွက်သည် ဝန်ဆောင်မှု လိုအပ် နေသည့် ပြည်သူတွေအတွက်၊ ဝေဒနာ ခံစားနေကြရပြီးဖြစ်သည့် လူနာအတွက် အဘယ်အတွက် ဘာကြောင့်ဟူသည့် အကြောင်းပြချက်အမျိုးမျိုးကို ပေးနေဖို့ မလိုအပ်။ ပြည့်စုံအောင် ဖြည့်ဆည်းနိုင်ဖို့ ပြဿနာ မရှိခင်ကတည်းက ကြိုးစားကြ သင့်ပါ၏။
လိုအပ်တာတွေကို ပြဿနာ ဖြစ် မလာခင် မိမိတို့အဆင့်အလိုက် လိုအပ် တာဖြည့်ပေးထားဖို့ရာ ဝန်ကြီးမှစ၍ အ ဆင့်တိုင်းမှာ တာဝန်ရှိပြီး အကယ်၍ အကြောင်း တစ်စုံတရာ လစ်ဟင်းမှု အတွက် လူနာတွင် နစ်နာထိခိုက်ရပါမူ အဆင့်အလိုက် အားလုံးတာဝန်ရှိပါ၏။
ဆိုလိုသည်က ဆရာဝန်၊ သူနာပြု မလုံလောက်ခြင်းကို ဖြည့်ဆည်းဖို့ အတွက် တာဝန်ရှိသူက တာဝန်သိဖို့ လိုအပ်သလို အကယ်၍ ယင်းမလုံ လောက်မှု၊ မဖြည့်ဆည်းနိုင်မှုအတွက် ဖြစ်လာသော ပြဿနာတိုင်းအတွက် တာဝန်ရှိသူအဆင့်ဆင့်သည် တာဝန် မကင်းဟု ဆိုချင်ပါသည်။

အရေးပေါ်လူနာအတွက် လိုအပ်ချက်တွေ
ကျွန်တော်သည် အရေးပေါ်ဌာနကို ပထမဆုံး စတာဝန်ယူကတည်းကိုက မိမိအားနည်းချက်ကို မြင်သည်။ အောက် ခြေအလုပ်သမား ရှားပါးခြင်းနှင့် အရေးပေါ်ဌာနမှ လူနာဆောင်များသို့ လူနာသယ် ယူမည့်လမ်း အဆင်မပြေ ခြင်း။ (ယခင်က လျှောလမ်းမရှိပါဘဲ လှေကားမှသာ လူနာတင် ထမ်းစင် (သို့မဟုတ်) ကုတင်ကို လူအင်အားဖြင့် တင်ကြ၊ မကြ၊ ချကြရပါသည်။)
သည့်အတွက် စီမံ အစည်းအဝေးမှာ တင်ပြမိပါ၏။

“ကျွန်တော်တို့ ဌာနအနေနဲ့ကတော့ ပထမဆုံး လူနာ အတင်အပို့ပြုလုပ်တဲ့ လျှောလမ်း မရှိတဲ့အတွက် ရံဖန်ရံခါ အရေးကြီး အသည်းအသန်လူနာတွေ သယ်ယူကြရာမှာဖြစ်စေ ခွဲစိတ်ပြီး လူနာတွေ အတင်အချပြုလုပ်ရာမှာဖြစ်စေ အခက်အခဲရှိတဲ့အတွက် လူနာတင် တွန်း လှည်းတွေနဲ့ လျှောလမ်းအတွက် စဉ်းစား စေချင်ပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ လည်း ယခင်အနေအထားမှ လျှောလမ်း တွေ ပြောင်းလဲတည်ဆောက်လာပြီဖြစ် လို့ အဲသည်အတွက် အခြေအနေပေးတဲ့ အခါ စဉ်းစားစေချင်ပါတယ်။”

“ဒုတိယအချက်က အလုပ်သမား လိုအပ်ချက်ပါ။ အရေးပေါ်လူနာဆိုတာ အလုပ်လုပ်ရင်း၊ သွားရင်းလာရင်း၊ ပွဲ လမ်းသွားကြရင်းက ကံမလှလို့ မတော် တဆ ဆေးရုံရဲ့အရေးပေါ်ဌာနကိုသာ ရောက်လာကြရမြဲ ဖြစ်ပါတယ်။ ဆေးရုံ တက်ကြမယ်ရယ်လို့ ပြင်ဆင်ပြီး ဆေး ရုံလာကြတာ မဟုတ်တဲ့အတွက် အဲသည် ဝန်ဆောင်မှုပေးမယ့် အောက်ခြေအလုပ် သမား ရှားပါးလေသောအခါ လူနာနှင့် အတူပါလာကြတဲ့ လူနာစောင့်တွေကပဲ လူ နာကို အတင်အချ လုပ်ကြရပါတယ်။ လူနာစောင့်မပါတဲ့အခါ အဲသည်လိုအပ် ချက်က ကျွန်တော်တို့ရဲ့ ကွက်လပ်ကြီး ဖြစ်နေတဲ့အတွက် အလုပ်သမားပြဿနာ ကို အလေးထားအဖြေရှာသင့်ပါတယ်။”
“နေ့တွက်နဲ့ ဒေသစရိတ်လိုအပ်ချက် ကွာဟမှုကြောင့် အလုပ်သမား ခန့်မရ လျှင်လည်း အခြားနည်းလမ်းဖြင့် အဖြေ ရှာသင့်ပါတယ်”လို့ အာပေါင်အာရင်းသန် သန်နဲ့ ငရိုး ဆွေးနွေးမိလေသောအခါ လူပုံအလယ်မှာ မမဆေးရုံအုပ်ကြီးရဲ့ အ ဆူအဆဲအဖြဲကို အတော်ခံလိုက်ရပါ၏။ ကိုယ့်ဘက်က မမှားပေမင့် သူ့အတွက်က သူ့ကို အရှက်ရစေလေသလားမဆိုတတ်။

ဘာပြောပြော သည်အစည်းအဝေး မှာ အမုန်းခံခဲ့လေလို့သာ သည်ဆေးရုံကြီး ရဲ့လျှောလမ်းအတွက် လမ်းစဖြစ်ခဲ့ပြီး ယနေ့အခါ အဲသည်လမ်း ဖြစ်တည်လာခဲ့ ပါတယ်ဆိုတာကတော့ သေချာပါတယ်။ ခုများတော့ အဲသည် လျှောလမ်းလေးနဲ့ လူနာသယ်ယူပို့ဆောင်ကြရာမှာ အတိုင်း အတာတစ်ခုအထိတော့ အဆင်ပြေပြီ ပေါ့လေ။
ဆိုလိုတာက ကွက်လပ်အချို့ အတွက် ကျွန်တော်တို့တွေ အမုန်းလည်းခံ ကြပါတယ်ဆိုတာ ပြောချင်တာပါပဲ။

အရေးပေါ်ကို မခေါ်ပါဘဲ ရောက် လာတဲ့အခါ
ဆိုခဲ့သလို အရေးပေါ်ဒဏ်ရာရလူနာ မည်သည် ငါဆေးရုံတက်မယ်ဟဲ့လို့ ပြင် ဆင်လို့ လူတွေ အုံနဲ့ကျင်းနဲ့ လာပို့ကြတာ နဲ့မတူပါဘူး။ အဲသည့်အခါ လူနာကို ဓာတ်မှန်ရိုက်ဖို့၊ လူနာဆောင်တွေ တင်ဖို့ သယ်ယူပို့ဆောင်ကြဖို့ အခက်အခဲတွေ သည်နေ့ သည်အချိန်အထိ ရှိနေဆဲ ဆို တာ ငြင်းမရပါဘူး။
တစ်နေ့ပေါ့လေ
“ဆရာ၊ ဆရာ အမြန်လာပါဦး။လူနာတစ်ယောက် ဆေးရုံရောက် နေတယ်”လို့ ကျွန်တော့် သူနာပြု ဆရာမကြီးက အစည်းအဝေးတက်နေတဲ့ ကျွန်တော့်ကို မျက်ရိပ်ပြပြီး လာခေါ် တယ်။

“ငင်၊ ဆရာမကြီးရေ။ ဘာပြုလို့ တုန်းဗျ။ လူနာ အရေးပေါ်ကိုလာတာ ဆန်းသလားဟင်”လို့ မေးတော့
“ဆန်းပါသော်ကော ဆရာရယ်။ အဲလူနာက လူနာစောင့် မပါဘူး။ လှည်း တွန်းရမယ်လို့ အလုပ်သမားက ပြောတာ့ ပါလာတာက သူ့အမျိုးသမီးတစ်ယောက် တည်း၊ ဆိုတော့ အခက်အခဲတွေ့နေလေ ရော။ အဲမှာ လူနာက ဆရာမကြီးရေ့၊ ကျွန်တော်မှ လမ်းမလျှောက်နိုင်တာ၊ ဒဏ်ရာရနေပါ တယ်ဆိုမှ လူအကူက မပါ။ အရေးဟယ် အကြောင်းဟယ်ဆိုပါမှ လူနာစောင့် ဘယ်ပါမတုန်း။ ကဲ ငရိုးတို့ အောင်သူတို့ ဝင်းထွန်းတို့ ခေါ်ပေးစမ်းပါ ဦး”လို့ ပြောတယ်ဆရာရဲ့။
သေချာပြန်မေးကြည့်တဲ့အခါ ငရိုး ဆိုတာ ဘယ်သူပါလိမ့်ဆိုတော့ ဆရာ့ကို ပြောတာတဲ့။ နောက် အောင်သူတို့ ဝင်း ထွန်းတို့ဆိုတာကရောဆိုတော့ ခွဲစိတ် ဆရာဝန်ကြီးတွေဖြစ်တဲ့ ဆရာကြီး ဒေါက်တာ ဦးအောင်သူတို့ ဆရာကြီး ဒေါက်တာ ဦးဝင်းထွန်းတို့ကို ဆိုသတဲ့။

အာ့နဲ့၊ လှည်းတွန်းဖို့ လူရှာခိုင်းတာ ငါတို့ရဲ့ ဆရာဝန်ကြီးတွေကို ပြန်ခေါ် ခိုင်းနေတယ်။ ဆရာဝန်ကြီးတွေခေါ် လှည်းအတွန်းခိုင်းရအောင် အဲကောင်က ဘာလဲမသိဘူးဆိုပြီး အရေးပေါ်ဌာနက အားလုံး အလန့်ထညက်ဖြစ်ပြီး သကာလ၊ ဆရာ့ဆရာကြီးတွေကိုသော်မှ ငယ်နာမည်တပ် လှည်းတွန်းဖို့ ခေါ်ခိုင်း နေတာ၊ အဲလူနာ သာမညောင်ည မဖြစ် ချေဘူးဆိုပြီး ဟိုကသူနာပြုတွေ အလုပ် သမားတွေက လှည်းတွန်း ဓာတ်မှန်ခန်း ပို့နေတုန်း ကျွန်မကဆရာ့ကို အကျိုး အကြောင်းလာ ပြောပြတာတဲ့။

 

ဟိုကောင် ငရိုးတို့ အောင်သူတို့ ဝင်းထွန်းတို့ ဘယ်မလဲ
အဲသာနဲ့ပေါ့လေ မနေသာတော့လို့ ကျွန်တော် အစည်းအဝေးခန်းထဲကနေ အသာထွက်ပြီး အဲသည်လူနာကို ပြေး ကြည့်လေသောအခါ ဟိုးငယ်ငယ်ဘုစုခရု ဘ၀ကကျောင်းနေဘက် သူငယ်ချင်း မောင်မင်းကြီးသားကို တွေ့ရလေ၏။

“သူငယ်ချင်းရေ မင်းဘာဖြစ်လာ တာလဲ” ဘာညာနှင့် ပဋိသန္ဓာရစကားဆို လေသောအခါ
“အင်း ငရိုးရေ့၊ တွေ့ရဝမ်းသာသ ကွယ်၊ အစက မင်းတို့ မခေါ်ပါဘူးကွာ။ ခုက ငါကလည်း ခြေကကျိုး။ လူစောင့် ကမပါ။ မင်းတပည့်တွေက ငါ့မိန်းမ ငါ့ ကိုပွေ့ချီပြီး အတင်အချ လုပ်ရမယ့်အ ပေါက်ပြောနေလို့ မင်းတို့ နာမည်သုံး လိုက်တာ၊ ဟိုကောင် ငရိုးတို့ အောင်သူ တို့ ဝင်းထွန်းတို့ ဘယ်မလဲ။ ဆိုတာနဲ့ မင်းတပည့်တွေ လူနာစောင့်ကို ထပ်ကို မရှာခိုင်းတော့ဘူး။ ကိုယ်တိုင်ကို လုပ် ပေးကြရှာသကွယ်၊ ငှိ ငှိ”လို့ ဆိုတယ်။

ဖြတ်ထိုးဥာဏ်ကောင်းတဲ့ သူငယ် ချင်းမှားသလား
သည်သူငယ်ချင်းမှားလားဆိုတော့ မမှားပါ။ ဆေးရုံဆိုသည်ကို လူနာက ယခုမှလာတာ မဟုတ်ပါလေ။ ယခင်က လည်း လာ၏။ ယနေ့လည်း လာနေမြဲ။ နောင်လည်း လာနေဦးမည်ကမလွဲ။ လာမြဲ လာနေသည့် အဲသည်လူနာတွေ သယ်ယူပို့ဆောင်နိုင်ဖို့အတွက် ပြင်ဆင် ထားကြရမည်က ဝန်ဆောင်သူတို့ ဘက်က ပြင်ဆင်ထားကြသင့် တာတွေ ဖြစ်ပါ၏။ မည်သည့်အကြောင်ပြချက် နှင့်မှ သည့်အတွက် လူနာရှင်တို့ဘက်ကို အခက်အခဲ မဖြစ်စေသင့်။

သို့ပေမင့် နှစ်တွေသာကြာ လို့လာပေမင့်သည် အလုပ်သမားနှင့် ဝန်ထမ်းရှားပါးမှု ကွက်လပ်ကို မဖြည့်နိုင်သေးပါ။ ဖြည့် ပေးနိုင်သည့် အရည်အချင်း မရှိကြ သေးပါ။
(အရည်အသွေးမရှိသူတို့ အချိန် အတိုင်းအတာတစ်ခုအထိ ကြိုးစားသော် ငြား မဖြည့်ဆည်းပေးနိုင်၊ မဖြေရှင်းပေး နိုင်ပါက အလုပ်က ထွက်စာတင်ပြီး ထွက်ကြသင့်ပါ၏၊ ဆရာဝန်၊ သူနာ ပြုနှင့် အခြားအဆင့်ဝန်ထမ်း မဖြည့် ဆည်းပေး နိုင်ခြင်းများအတွက်သည် လည်း ဤနည်း နှင်နှင်ဖြစ်ပါ၏။ မလုပ် နိုင်၊ မလုပ်တတ် ပါက မိမိတာဝန်မိမိယူ လျက်နေရာမှမိမိ အထုပ်မိမိဆွဲကာ အရှက်ရှိရှိ တာဝန်ယူမှုဖြင့် ထွက်ကြ သင့်ပါ၏ )
ကျွန်တော်ကတော့ အဲသည် သူငယ်ချင်းရဲ့ အဲသလိုပညာပေးခံရက တည်းကိုက ကိုယ့်အလုပ်သမားတွေကို
“ဟဲ့ ၊ လူနာစောင့်မပါရင်ဖြင့် အကူအညီကို နီးရာစပ်ရာကနေ ညဉ်းတို့ အနေနဲ့ တောင်းပေးပါအေ။ အကယ်၍ သာ လူနာအမြောက်အမြားသာ Mass Disaster အနေနဲ့ ရောက်လာရင်ဖြင့် ပရဟိတအဖွဲ့တွေကို လှမ်းသာအကူခေါ် ပါကွယ်။ ငါတို့ ငယ်နာမည်တွေနဲ့ အဖိမ ခံစမ်းပါနဲ”လို့ တိုးတိုးတိတ်တိတ် မှာရ ပါသည်။

အဖြစ်က တစ်ခါတလေအဲသလိုပါ လို့ဆိုနေ။
(သည့်အတွက် အကယ်၍သာ အ သင် စာရှုသူ ယခုလို အသည်းအသန် အခြေအနေမှာ အခက်အခဲကြလာသည် ရှိသော် စာရေးသူသူငယ်ချင်း၏ နည်း ကိုသုံးလျက် ဝန်ကြီး၏ငယ်နာမည် ဖြစ် စေ၊ သက်ဆိုင်ရာ ဝန်ကြီးချုပ်၏ နာမည် ကိုဖြစ်စေ ဆေးရုံအုပ်ကြီး၏ ငယ်နာ မည်ကိုဖြစ်စေ ပိုင်ပိုင်စီးစီး သုံးလျက်သာ သူငယ်ချင်းထုံးနှလုံးမူလျက် ခပ်ချေချေ ဖြေရှင်းကြသင့်ပါသည်ဟု အကြံပြုလိုပါ ၏။ ဤကား စကားချပ်။)