ကျွန်းခရီးစဉ် လှေတစ်စီးလုံး ကြိုငှားသူများလာ

0
392

လာမည့် အောက်တိုဘာလတွင် စတင်မည့် မြိတ်ကျွန်းစု အလည်အပတ် ခရီးစဉ်များအတွက် တစ်ဦးချင်းလက် မှတ်ဝယ်သူ မရှိသေးဘဲ လှေတစ်စီးလုံး ကြိုငှားသူများသာရှိကြောင်း ခရီးသွား လုပ်ငန်း ကုမ္ပဏီအသိုင်းအဝိုင်းထံမှ သိ ရသည်။
ကျွန်းခရီးစဉ်များအတွက် တစ်ဦး ချင်းသွားရောက်ရန် ဖုန်းဖြင့် မေးမြန်းသူ များသာရှိနေပြီး လှေစီးလုံးငှားထားသူ သုံးဦးခန့်ရှိနေပြီဖြစ်ကြောင်း နြမါကင Dသူစ့ငည ခရီးသွားဝန်ဆောင်မှုကုမ္ပဏီ ၏ ဒါရိုက်တာ ဦးခင်မောင်ညိုက ပြော သည်။

“မနှစ်က ဒီအချိန် မလာကြသေး ဘူး ခုကပြည်တွင်းပြည်ပ လာငှားထား သူတွေရှိနေပြီ”ဟု ၎င်းက ပြောသည်။
လှေတစ်စီးလုံး ငှားရမ်းမည် ဆိုပါ က ခရီးသည် ၁ ဦးမှ ၁၀ ဦးအထိ ကျပ် ၁၂ သိန်း၊ ၁၁ ဦးမှ ၁၅ ဦးအထိ ၁၄ သိန်း၊ ၁၆ ဦးမှ ၂၀ ဦးအထိ ၁၆ သိန်းနှင့် ၂၁ ဦးမှ ၂၅ ဦးအထိ ကျပ် ၁၈ သိန်းကျသင့်မည်ဖြစ်ပြီး ခရီးသည်များ သွားရောက်လိုသည့် အ နည်းဆုံး ကျွန်း ၃ ကျွန်းအထိ လိုက်ပို့ပေးကြောင်း ဦးခင်မောင်ညိုက ဆိုသည်။
တစ်ဦးချင်းအနေဖြင့် လက်မှတ် တစ်စောင်လျှင် အနည်းဆုံး ၇ သောင်း ကျပ်မှ သွားရောက်မည့် ကျွန်းအပေါ် မူတည်ကာ အများဆုံး ၉ သောင်းခွဲအထိ ကျသင့်မည်ဖြစ်ကြောင်း ၎င်းက ဆို သည်။

လက်ရှိအချိန် ရာသီဥတုပွင့်လင်းမှု မရှိသေးသည့်အတွက် တစ်ဦးချင်းလာ ရောက်ဝယ်ယူသူ နည်းပါးနေသေးသော် လည်း သီတင်းကျွတ်ရာသီအတွက်မူ လှေစီးလုံးဖြတ် ကြိုတင်ငှားရမ်းမှု ရှိနေ ပြီဖြစ်ကြောင်း ဆာကူရာခရီးသွားလုပ် ငန်းထံမှ သိရသည်။
မြိတ်ခရိုင်အတွင်း ခရီးသွားဝန် ဆောင်မှု ကုမ္ပဏီ ၃၂ ခုနှင့် စပိဘုတ် ၃၀ ခန့်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန မြိတ်ရုံးခွဲမှ သိရ သည်။
မြိတ်ကျွန်းစုအတွင်းရှိ ဒုံးရေတံခွန် ကျွန်း၊ ဒုံးညောင်မှိုင်းကျွန်း၊ စမတ်ကျွန်း၊ လေးကျွန်း၊ နတ်သမီးရေတွင်းကျွန်း စသည့် ကျွန်းများသို့ ခရီးသည်များ ပို့ဆောင်ပေးလျက်ရှိသည်။

၎င်းအပြင် ယခုနှစ်တွင် ပုလဲမွေးမြူ ရေးလုပ်ငန်းလုပ်ကိုင်နေသည့် ကျွန်းများ ကိုပါ သွားရောက်လည်ပတ်ခွင့်ပြုထား သည်။