မယ့်သမီးခီးစက်မှုဇုန် စီမံကိန်းဆိုင်ရာအချက်အလက်များ ဒေသခံအများစု မသိဟုဆို

0
339

မြန်မာ-ထိုင်းနယ်စပ်တွင် ထီးခီး ဒေသတွင် အကောင်အထည်ဖော်မည့် မယ့်သမီးခီးစက်မှုဇုန်စီမံကိန်းနှင့် ပတ် သက်သည့်အချက်အလက်များကို ဒေသ ခံအများစု မသိရှိကြောင်း ယင်းစက်မှုဇုန် လေ့လာသုံးသပ်ရေးကော်မရှင်၏ အစီ ရင်ခံစာတွင် ဖော်ပြထားသည်။
စက်တင်ဘာလ ၂၅ ရက်က ပြု လုပ်သည့် ဒုတိယအကြိမ် တိုင်းဒေသကြီး လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် လေ့လာသုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတိုးလွင်က အစီရင်ခံစာကို ဖတ်ကြား တင်သွင်းခဲ့ခြင်း ဖြစ်သည်။

စီမံကိန်းတွင် ပါဝင်မည့်လုပ်ငန်း များ၊ စီမံကိန်းက အလုပ်အကိုင်အခွင့်အ လမ်းအခြေအနေ စသဖြင့် စီမံကိန်းဆိုင် ရာအချက်အလက်များကို စီမံကိန်းကို အကောင်ထည်ဖော်မည့်သူများက ဒေသ ခံများအား ကော်မရှင်မှကွင်းဆင်းစစ် ဆေးချိန်အထိ ရှင်းပြထားခြင်းမရှိသေး ကြောင်း ဦးတိုးလွင်က ပြောသည်။
ယင်းကြောင့် ဒေသခံများအနေဖြင့် စီးပွားရေးစီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် အချက်များကိုလည်း ယုံကြည်ရန် ခက် ခဲနေပြီး ဒေသခံများအကြား ခွဲခြားဆက် ဆံခံရခြင်းများ ဖြစ်ပေါ်လာမည်ကိုလည်း စိုးရိမ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
ဒေသခံအများစုအနေဖြင့် အတင်း အဓမ္မ မြေယာသိမ်းဆည်းခြင်း၊ ပြောင်း ရွှေ့ခြင်းမရှိဘဲ အလုပ်အကိုင်အခွင့်အ လမ်းများ ရရှိနိုင်မည်ဆိုပါက စီမံကိန်း အား ကန့်ကွက်ရန်မရှိဟု သုံးသပ် ကြောင်း ၎င်းက ပြောသည်။

ယခုနှစ် ဇွန်လက အဆိုပါစက်မှု ဇုန်ဧရိယာနှင့် အနီးဝန်းကျင်ရွာများသို့ ၂ ရက်တာ ကွင်းဆင်းကာ စက်မှုဇုန်နှင့် ပတ်သက်၍ ဒေသခံများ၏ သဘော ထား၊ အခက်အခဲများကို မေးမြန်းခဲ့ပြီး စီမံကိန်းအကောင်အထည်ဖော်မည့် သူ များနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။
တွေ့ဆုံမေးမြန်းရာမှ ရရှိလာသည့် အချက်အလက်များကို အစီရင်ခံစာရေး သားပြီး တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။
အစီရင်ခံစာတွင် FPIC (ဒေသခံ များအား ကြိုတင်အသိပေးသဘောတူ ညီချက်ရယူခြင်း)ကို ပြည့်ဝစွာ လိုက်နာ ကျင့်သုံးပြီး အကောင်အထည်ဖော်ရန် အပါအဝင် အကြံပြုချက်ငါးချက်နှင့် သုံးသပ်ချက်များပါဝင်သည်။

ကော်မရှင်၏ အစီရင်ခံစာပါ သုံး သပ်ချက်၊ အကြံပြုချက်များအတိုင်း စီမံကိန်းကို အကောင်အထည်ဖော်ရန် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်က စက်တင်ဘာလ ၂၅ ရက် အစည်းအ ဝေးတွင် အတည်ပြုခဲ့သည်။
မယ့်သမီးခီး စက်မှုဇုန်ဖော်ဆောင် မည့်Mae Tha Mee Khee Region Industrial  ကုမ္ပဏီမှာ တပ်မဟာ၎ KNU (မြိတ်-ထားဝယ်ခရိုင်)၏ စီးပွား ရေးလုပ်ဆောင်ပေးနေသည့် Noble Prince   ကုမ္ပဏီနှင့် KNU ကိုယ်စားပြု ကုမ္ပဏီတစ်ခုဖြစ်သည့်Sun and Rain-bow ကုမ္ပဏီပေါင်းထားခြင်း ဖြစ်သည်။

ယင်းစီမံကိန်းကို တိုင်းအစိုးရက ပြီးခဲ့သည့်နှစ် အစိုးရအဖွဲ့အစည်းအဝေး တွင် သဘောတူပြီးနောက် တိုင်းလွှတ် တော်သို့ အတည်ပြုချက် တောင်းခံခဲ့ခြင်း ဖြစ်သည်။
တိုင်းလွှတ်တော်က အတည်ပြုချက် ရရှိပြီးနောက် အပြီးသတ်ခွင့်ပြုချက်ရ သည်အထိ လုပ်ငန်းစဉ်အဆင့်များကို ထပ်မံလုပ်ဆောင်ရဦးမည် ဖြစ်သည်။