မွေးကင်းစကလေး စွန့်ပစ်သည်ဟု သံသယရှိသူကို အလောင်းဖျောက်ဖျက်မှုဖြင့် တရားစွဲမည်

0
437

ချောင်းကမ်းစပ်တွင် မွေးကင်းစ ကလေးငယ်ကို စွန့်ပစ်ခဲ့သည်ဟု သံသ ယရှိသည့် အမျိုးသားနှစ်ဦးကို အလောင်း ဖျောက်ဖျက်မှုဖြင့် တရားစွဲမည်ဖြစ် ကြောင်း ဝင်းဝနယ်မြေရဲစခန်းထံမှ သိရသည်။
သရက်ချောင်းမြို့နယ် ပြင်ဖြူကြီး ကျေးရွာအုပ်စု ချောက်ချောင်းကျေးရွာရှိ ချောင်းအတွင်းသို့ စက်တင်ဘာလ ၁၅ ရက်က မွေးကင်းစကလေးစွန့်ပစ်မှုဖြစ် ပွားခဲ့ပြီး စက်တင်ဘာလ ၁၉ ရက်တွင် စွန့်ပစ်ခဲ့သည်ဟု သံသယရှိသည့် အမျိုး သားနှစ်ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း အထက်ပါရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
“အမှုကတော့ စစ်နေဆဲပဲရှိသေး တယ်။ အမှုစစ်ပြီးရင်တော့ တရားစွဲဖို့ လုပ်နေပါတယ်”ဟု ၎င်းရဲအရာရှိက ဆိုသည်။

ယင်းဖမ်းမိခဲ့သူနှစ်ဦးနှင့် စွန့်ပစ် ခံရသည့် ကလေးငယ်၏ မိဘများကို ကနဦး စစ်ဆေးချက်အရ ယင်းကလေး ငယ်သည် သရက်ချောင်းဆေးရုံတွင် မွေးဖွားပြီး မိနစ်အနည်းငယ်အကြာတွင် သေဆုံးသွားခဲ့သည်ဟု ထွက်ဆိုကြောင်း ၎င်းက ပြောသည်။
စွန့်ပစ်ခဲ့သည်ဟု သံသယရှိသည့် အမျိုးသားနှစ်ဦးမှာလည်း ကလေးမိခင် နှင့် ဆွေမျိုးတော်စပ်သူများဖြစ်ကြပြီး ကလေးအလောင်းကို ရွာသို့သယ်သွားစဉ် ချောက်ချောင်းတံတားထိပ်အရောက် တွင် ဆိုင်ကယ်မတော်တဆဖြစ်ပွားပြီး ကလေးအလောင်း ချောင်းထဲကျသွားခဲ့ ခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်း အထက်ပါရဲအရာရှိက ဆိုသည်။

ချောင်းထဲကျသွားသည့်ကလေးကို လိုက်လံရှာဖွေခဲ့သော်လည် မတွေ့ရသ ဖြင့် ယင်းကလေး၏မိခင်ကို ဥယျာဉ်ခြံ အတွင်း မြှုပ်နှံထားသည်ဟု ယင်းအမျိုး သားနှစ်ဦးက လိမ်လည် အသိပေးထား ကြောင်း ယင်းရဲအရာရှိက ပြောသည်။
ယင်းကြောင့် ကလေးစွန့်ပစ်ခဲ့သည် ဟု ယူဆရသည့် အမျိုးသားနှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၁၈ အလောင်း ဖျောက်ဖျက်မှုဖြင့် တရားစွဲရန် စီစဉ်နေ ခြင်းဖြစ်ကြောင်း ဝင်းဝနယ်မြေရဲစခန်း ထံမှ သိရသည်။