တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာ အချက်အလက်ကို ကြည့်ရှုလိုသူအားပြသရန် ညွှန်ကြားမည်

0
544

လမ်း၊ တံတား၊ စာသင်ကျောင်း အစရှိသည့် အများနှင့်သက်ဆိုင်သော အဆောက်အအုံများ တည်ဆောက်ရေး လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက် များကို လွှတ်တ်ေကိုယ်စားလှယ်များ၊ သတင်းမီဒီယာများအပါအဝင် မည်သူ မဆို ကြည့်ရှုလိုပါက ပြသပေးရန် တင်ဒါအောင်မြင်သည့်ကုမ္ပဏီနှင့် သက် ဆိုင်ရာဌာနများသို့ ညွှန်ကြားချက် ထုတ် ပြန်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေ သကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောကြားသည်။
စက်တင်ဘာလ ၂၄ ရက်တွင် ကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင်ယင်းသို့ ပြောကြားခဲ့ ခြင်း ဖြစ်သည်။

တိုင်းအတွင်း ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ပစ္စည်းများ၏ အမျိုးအစား အမည်နှင့် အရည်အသွေးအတန်းအစား သတ်မှတ်ချက်များကို လုပ်ငန်းအပ်နှံ စာချုပ်တွင် ထည့်သွင်းချုပ်ဆိုရန်လည်း ညွှန်ကြားသွားမည်ဟု ဝန်ကြီး ဦးကြည် လှိုင်က ပြောသည်။
ယင်းသို့ ညွှန်ကြားချက် ထုတ်ပြန် ပါက အများနှင့်သက်ဆိုင်သည့် တည် ဆောက်ရေးလုပ်ငန်းတွင် အသုံးပြုမည့် ဘိလပ်မြေ၊ သွပ် စသည့် ပစ္စည်းများ၏ တံဆိပ်အတိအကျ၊ သစ်၊ ကျောက် အမျိုးအစား အတိအကျ စသည်တို့နှင့် လမ်း၊ တံတားဆောက်က လမ်းလွှဲ ဆောက်ပေးရန် တာဝန် ရှိ/ရှိ၊ သံချောင်း၊ ဘိလပ်မြေ မည်မျှသုံးရမည် စသည့်အချက်အလက်များကို မည်သူ မဆို တောင်းယူကြည့်ရှုခွင့် ရတော့မည် ဖြစ်သည်။

လက်ရှိ မြေပြင်အခြေအနေတွင် လွှတ်တော်ကိုယ်စားလှယ်များပင် လုပ် ငန်း ပြီးမြောက်ခါနီး / လုပ်ငန်း ပြီးမှ အထက်ပါအချက်အလက်များ သိခွင့်ရ ကြောင်း၊ ကိုယ်စားလှယ်များ၊ ရပ်ကွက်/ ကျေးရွာ တာဝန်ရှိသူများက တောင်းယူလျှင် လုပ်ငန်းလုပ်ကိုင်နေ သည့် ကုမ္ပဏီများက အကြောင်း အမျိုးမျိုးပြကာ အချိန်ဆွဲထားသဖြင့် စောင့်ကြည့် စစ်ဆေးကြပ် မတ်ရာတွင် အရာမထင် ဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်တို့က လွှတ် တော်တွင် ဆွေးနွေးခဲ့သည်။
“အတိအကျ မသိရှိရခြင်းကြောင့် အကြောင်းမဲ့ ဟန်ပြ လိုက်လံကြပ်မတ် ရတဲ့သဘောမျိုး ဖြစ်နေတယ်”ဟု လောင်းလုံးမဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေး က ပြောသည်။

တနင်္သာရီတိုင်းတွင် တည်ဆောက် မှု စိစစ်ရေးကော်မတီ(တည်/ကော်) များကို ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့် ဖွဲ့စည်းထားသော် လည်း လုပ်ငန်းအားလုံးကို စစ်ဆေးကြပ် မတ် ခြင်းမပြုနိုင်ဘဲ လုပ်ငန်းအချို့ကို လုပ်ငန်းပြီးစီးမှ သိခွင့်ရသည့် အနေ အထားဖြစ်နေကြောင်း မြို့နယ်၊ ခရိုင်အဖွဲ့ဝင် အချို့က ညည်းတွား နေကြသည်။
“လုပ်ငန်း ဘယ်အချိန်စပြီး ဘယ် အချိန် ပြီးတယ် မသိလိုက်ဘူး၊ လုပ်ငန်း ပြီးကြောင်း လက်မှတ်လာထိုးခိုင်းမှ သိတယ်၊ လက်မှတ်ထိုးပေးရတဲ့ အဆင့် ပဲ ရှိသလို ဖြစ်နေတယ်”ဟု လောင်း လုံးမြို့နယ် တည်/ကော်အဖွဲ့ဝင်တစ်ဦး က ပြောသည်။