သစ်မာတန်ချိန်တစ်သောင်း ထုတ်မည့်ကိစ္စ ဒုတိယအကြိမ် ထပ်ရှင်း

0
436

တနင်္သာရီမြို့နယ်တွင်သစ်မာတန် ချိန်တစ်သောင်းထုတ်မည့်ကိစ္စအား စက်တင်ဘာလ ၂၈ ရက်က တနင်္သာရီ မြို့နယ်ခန်းမတွင် ဒုတိယအကြိမ် ထပ် မံ ရှင်းလင်းခဲ့သည်။
စက်တင်ဘာလ ၁၁ ရက်က ပြုလုပ်သည့် ရှင်းလင်းပွဲတွင် သစ်ထုတ် လုပ်မည့်ဒေသမှ ဒေသခံများမပါဝင်ခြင်း၊ သစ်ထုတ်ယူမည့် လုပ်ငန်းများအား တိတိကျကျရှင်းလင်းမှု မရှိခြင်းနှင့် သိလိုသည့်အချက်များအား တိကျ သည့်အဖြေ မပေးနိုင်ခြင်းတို့ကြောင့် ရှင်းလင်းပွဲကို နောက်တစ်ကြိမ်ထပ် ကျင်းပရန် အခမ်းအနားတက်ရောက်သူ အချို့က တောင်းဆိုခဲ့ကြသည်။

ယင်းကြောင့် ပ၀ကျေးရွာအုပ်စု ပ၀-ဖိုးမဲကျေးရွာ ကြိုးပြင်ဧရိယာရှိ အကွက် အေနှင့် ဘီတို့မှ တစ်ကွက်လျှင် သစ်မာတန်ချိန် ငါးထောင်စီထုတ်မည့် ဒေသမှ ဒေသခံကျေးရွာသားများပါဝင် သည့် ရှင်းလင်းပွဲကို ထပ်မံပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“ပ၀-ဖိုးမဲရွာသားတွေလည်း ပါတယ်၊ အခြားနေရာတွေက ရွာသား တွေလည်း ပါပါတယ်”ဟု အခမ်းအနား တက်ရောက်ခဲ့သည့် ဩအ့နမ Lညေိ နြအတသမု အဖွဲ့မှ အလုပ်အမှုဆောင် ကိုမင်းခန့်က ပြောသည်။

သစ်ထုတ်မည့်ဒေသမှ ဒေသခံများ အပြင် ဒေသအတွင်းရှိ အရပ်ဘက်အဖွဲ့ အစည်းတချို့လည်း တက်ရောက်ခဲ့ကြ သည်။
သို့သော် သစ်ထုတ်ယူမည့်လုပ်ငန်း စဉ်များအား တိကျစွာရှင်းလင်းချပြနိုင် ခြင်း မရှိခဲ့ကြောင်း အရပ်ဘက်အဖွဲ့ အစည်းတချို့က ဆိုသည်။
အဆိုပါ သစ်မာတန်ချိန် တစ် သောင်းထုတ်ယူမည့် ပထမအကြိမ်ရှင်း လင်းပွဲဖြစ်သည့် စက်တင်ဘာလ ၁၁ ရက်မတိုင်ခင်ကတည်းက သစ်များထုတ် ယူသည့် လုပ်ငန်းများအားဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်း မြိတ်သစ်ထုတ်လုပ်ရေးဒေသ တာဝန်ခံ လက်ထောက်မန်နေဂျာ ဦးတင်ညွန့်က ပြောသည်။

သစ်ထုတ်သည့်လုပ်ငန်းဆောင် ရွက်နေပြီးမှ ရှင်းလင်းပွဲပြုလုပ်ခြင်းသည် အဆင့်ကျော်ပြီး လုပ်ဆောင်နေခြင်းဖြစ် ကြောင်း ရှင်းလင်းပွဲတက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ်တချို့နှင့် အရပ်ဘက်အဖွဲ့အစည်းတချို့တို့က ထောက်ပြခဲ့ကြသည်။