မြိတ်တွင် လူသေအလောင်း မီးသင်္ဂြိုလ် အလှူငွေ ကျပ်ငါးထောင် တိုးကောက်မည်

0
396

ကုန်ဈေးနှုန်းကြီးမြင့်လာမှု ကြောင့် ဒီဇင်ဘာလ ၁ ရက်နေ့မှစပြီး ကလွင်ကျေးရွာရှိ ဘာသာစုံသင်္ချိုင်း တွင် မီးသင်္ဂြိုလ်မည့် လူသေအလောင်း တစ်လောင်းလျှင် အလှူငွေ ကျပ်ငါး ထောင် တိုးမြှင့်ကောက်ခံမည်ဖြစ် ကြောင်း မြိတ်မြို့နယ် နာရေးကူညီမှု အသင်းကြီးက ကြေညာထားသည်။

မြိတ်မြို့နယ် နာရေးကူညီမှု အသင်းကြီး၏ စက်တင်ဘာလ ၈ ရက် က ပြုလုပ်သည့် အစည်းအဝေးဆုံးဖြတ် ချက်အရ လက်ရှိကောက်ခံနေသည့် အလှူငွေကျပ်တစ်သောင်းမှ ကျပ်တစ် သောင်းငါးထောင်သို့ တိုးမြှင့် သတ် မှတ်လိုက်ကြောင်း ဘာသာစုံသင်္ချိုင်း ဝင်းတွင် ဗွီနိုင်းပြားချိတ်ဆွဲကာ ကြေ ညာထားခြင်း ဖြစ်သည်။

ကုန်ဈေးနှုန်းများကြီးမြင့်လာ ခြင်း၊ ထင်းများရှားပါးလာသဖြင့် ဈေး ကြီးပေးပြီး ဝယ်ယူနေရခြင်း၊ သစ်ပင် ခုတ် ထင်းဖြတ် ကုန်ကျစရိတ်များ များပြားလာခြင်း၊ တိုးတက်ပြောင်းလဲလာ သော ခေတ်နဲ့အညီ ဝန်ထမ်းလစာငွေများ မြင့်မားလာခြင်း၊ ဓာတ်ဆီ/ဒီဇယ်ဆီ ဈေးနှုန်းများမြင့်တက်လာခြင်း၊ မီး သင်္ဂြိုလ်ဖောင်းများ ပျက်စီးမှုများလာပြီး ပြန်လည်ပြုပြင်ရန် စရိတ်များလိုအပ်လာ ခြင်းနှင့် ထင်းများ သယ်/ပို့ အလုပ် သမားခနှင့် ကားခများကြီးမြင့်လာခြင်း တို့ကြောင်း အလှူငွေ ကျပ် ၅ ထောင် အား တိုးမြှင့်သတ်မှတ်ခဲ့ရခြင်းဖြစ် ကြောင်း နာရေးကူညီမှုအသင်း၏ ကြော်ငြာစာတွင် ဖော်ပြထားသည်။