မော်လမြိုင်က ဘုန်းကြီးကျောင်း တစ်ခုအတွင်း ကျည်ဆံ၊ တုတ်၊ ဓားနှင့် လှံများ ဖမ်းမိ

0
541

မွန်ပြည်နယ် မော်လမြိုင်မြို့ သိရိ မြိုင်ရပ်ကွက်ရှိ ဒက္ခိဏာရာမဘုန်းကြီး ကျောင်းအတွင်း ကျည်ဆံ၊ ဓား၊ တုတ် နှင့်လှံများ ဖမ်းဆီးရမိကြောင်း မုပွန်နယ် မြေရဲစခန်းထံမှ သိရသည်။

မူးယစ်ဆေး ဝါးသတင်းရသည့် အတွက် စက်တင်ဘာလ ၂၇ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က မွန်ပြည်နယ် မှုခင်း အကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ မှုးယစ် ဆေးဝါးဖမ်းဆီးရေးအဖွဲ့မှ တပ်ဖွဲ့ဝင် များ၊ မုပွန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များ၊ အမျိုးသမီး ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့နယ်သံဃနာယက အဖွဲ့မှ ဆရာတော် များ မူးယစ်ဆေးဝါး ရှာဖွေဖမ်းဆီးခွင့် ၀ရမ်းဖြင့် ဒက္ခိဏာရာမ ဘုန်းကြီး ကျောင်းကို ဝင်ရောက် ရှာဖွေခဲ့သည်။

ရှာဖွေရာတွင် ကျောင်းထိုင်ဆရာ တော် ဥူးပညာသာရအား အရက်သေစာ သောက်စားထားသည်ကို တွေ့ရှိရပြီး ၎င်းအခန်းအတွင်း ရှာဖွေရာတွင် အရက် ပုလင်းများနှင့် အိပ်ရာဘေးရှိ မြေအိုးတစ် အိုးအတွင်းမှ ၉ မမ ကျည် ၈ တောင့် ရှာဖွေသိမ်းဆည်းရမိသည်ဟု မုပွန်နယ် မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ထို့နောက် ဘုန်းကြီးကျောင်းအ တွင်း ဆက်လက်ရှာဖွေရာတွင် တုတ်၊ ဓား၊ လှံများကိုလည်း တွေ့ရှိ သိမ်းဆည်း ရမိကြောင်း ၎င်းက ဆက်ပြောသည်။
၎င်းအပြင် ဘုန်းကြီးကျောင်းအတွင်း ၌တွေ့ရှိသည့် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကိုလည်း မုပွန်နယ် မြေ ရဲစခန်းတွင် ခေတ္တထိန်းသိမ်းထားပြီး စစ်ဆေးလျက်ရှိသည်ဟု မုပွန်နယ်မြေရဲ စခန်းတာဝန်ရှိက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒက္ခိဏာရာမဘုန်းကြီးကျောင်း ကျောင်း ထိုင်ဆရာတော် ဥူးပညာသာရကို လူ ဝတ်လဲဖမ်းဆီးပြီး မုပွန်နယ် မြေရဲစခန်း တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၅-က နှင့် လက်နက်ပုဒ်မ ၁၉(စ) တို့ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း မုပွန် နယ်မြေရဲစခန်းမှ သိရသည်။