လောင်းလုံး မြို့အဝင်ဆိုင်းဘုတ်ရွှေ့

0
378

နောက်လာမည့်နှစ်များတွင် မြို့ဧရိယာအဖြစ် လျာထားသည့်နေရာသို့ လောင်းလုံးမြို့ မြို့အဝင်ဆိုင်းဘုတ်ကို ပြီးခဲ့သည့် ဩဂုတ်လက ရွှေ့ထား ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနထံမှ သိရသည်။
ယင်းဆိုင်းဘုတ်ရွှေ့ လိုက်သည့်နေ ရာမှာ သဗျာကျေးရွာရှိ လောင်းလုံးမြို့ နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနပိုင်မြေဟု ဆိုင်းဘုတ်ထောင် ထားသော နေရာအနီးတွင် ဖြစ်သည်။

ပြီးခဲ့သည့် လအနည်းငယ်က လောင်းလုံးမြို့ကို လမ်းချဲ့ထွင်ပြီး နိုင် လွန်ကတ္တရာ ခင်းလိုက်သဖြင့် ယခင် ဆိုင်းဘုတ်အဟောင်းမှာ လမ်းနှင့် မလွတ်သောကြောင့် ယင်းနေရာကိုရွှေ့ လိုက်ခြင်းဖြစ်ကြောင်း မြို့ နယ်အုပ်ချုပ် ရေးမှူး ဦးကျော်သူက ပြောသည်။
“နောက်လည်းရွှေ့ရမယ့်အတူတူ ခဏခဏရွှေ့နေရင် စရိတ်လည်းကုန် မယ်ဆိုပြီး စည်ပင်သာယာရေး ကော် မတီတွေနဲ့ တိုင်ပင်ပြီးတော့မှ အဲဒီနေရာ ကို ရွှေ့လိုက်တာ။ အဲဒီနေရာက အကွက်အကွင်းလည်း ကောင်းတယ် လေ”ဟု ဦးကျော်သူက ဆိုသည်။
လောင်းလုံးမြို့နှင့် မြို့အဝင်ဆိုင်း ဘုတ်အသစ်ကြားက သဗျာကျေးရွာသား အချို့ကမူ ယင်းနေရာကို လောင်းလုံးမြို့ ဧရိယာအဖြစ် သတ်မှတ်လိုက်ပြီဟု ယူဆနေကြသည်။

ယခုလက်ရှိတွင်မူ လောင်းလုံးမြို့ နှင့် မြို့အဝင်ဆိုင်းဘုတ်အသစ်ကြားရှိ နေရာကို မြို့အဖြစ် မသတ်မှတ်သေးသော် လည်း နောက်လာမည့်နှစ်များတွင် မြို့ဧရိယာအတွင်း ထည့်ဆွဲထားကြောင်း ဦးကျော်သူက ပြောသည်။
သဗျာကျေးရွာတွင် မြို့နယ်အဆင့် မီးသတ်တပ်ဖွဲ့ရုံးတစ်ရုံးလည်းဆောက် လုပ်ထားပြီး မြို့နယ်အဆင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး မြေနေရာတစ် ခုလည်း ရှိနေပြီ ဖြစ်သည်။