စည်ပင်က မြေသိမ်းသည်ဟုဆိုကာ မော်လမြိုင်မြို့ခံတချို့ ဆန္ဒပြ

0
674

မွန်ပြည်နယ် မော်လမြိုင်မြို့ လှိုင် ရပ်ကွက်နှင့် သာယာအေးရပ်ရှိ လယ်ဧ က ၇၀ ခန့်ကို သိမ်းဆည်းမခံရရေးအတွက် လယ်ပိုင်ရှင်မိသားစု ၅၀ ခန့်တို့က စက် တင်ဘာ ၂၇ ရက်က ဆန္ဒပြခဲ့ကြသည်။
အနှစ် ၅၀ ကျော် စိုက်ပျိုးလုပ်ကိုင် လာခဲ့သည့် အဆိုပါ လယ်မြေများကို မြို့နယ်စည်ပင်ယာယာရေးအဖွဲ့မှ ၂၀၁၂ လယ်ယာဥပဒေနှင့် ညီညွတ်မှုမရှိဘဲ သိမ်းဆည်းရန် အားထုတ်နေမှုကို နိုင်ငံ တော်အကြီးအကဲ အဆင့်ဆင့်သို့ သိရှိ စေလိုသည့်ရည်ရွယ်ချက်ဖြင့် ဆန္ဒပြ ခြင်းဖြစ်သည်ဟု ဆန္ဒပြခေါင်းဆောင် ဦးအေးသိန်းက ပြောသည်။

“ဒီလယ်မြေတွေက ကျွန်တော်တို့ ဘိုးဘွားလက်ထပ်ကတည်းက လုပ်လာ ခဲ့တာ၊ ပုံစံ (၇) မရှိပေမယ့် ပြေစာတွေ ရှိတယ်၊ အရင်ကဆိုရင် အစိုးရ စပါး သွင်းပေးရတယ်၊ အခု စည်ပင်က သိမ်း ယူဖို့ ဆောင်ရွက်နေတယ်” ဟု သာယာ အေးရပ်မှ လယ် ၅ ဧကပိုင်ဆိုင်ထားသူ ကိုချစ်စောက်က ပြောသည်။
ပြည်နယ် စည်ပင်သာယာရေး အဖွဲ့ကမူ အဆိုပါ လယ်ယာမြေများသည် စည်ပင်သာယာရေးအဖွဲ့ပိုင်မြေဖြစ်ပြီး လက်ရှိ စိုက်ပျိုး လုပ်ကိုင်နေသူများသည် ကျူးကျော်ထားသူများဖြစ်ကြောင်း ပြောသည်။

ယခုအခါ မြို့ပြအစီအစဉ် ရေးဆွဲ ရန်ရှိသည့်အတွက် အဆိုပါ လယ်မြေ များပေါ် ကျူးကျော်နေသူများကို ဖယ် ရှားခြင်းဖြစ်သည်ဟု မွန်ပြည်နယ် စည် ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်အေးအေးခိုင်က ပြော သည်။
“ဖယ်ရှားပေးဖို့ အကြောင်းကြားစာ တွေ ၃ ကြိမ်အထိ ပေးထားပြီးပြီ။ သူတို့ မဖယ်ကြဘူး၊ စက်တင်ဘာ ၁၅ ရက် နေ့က စည်ပင်၊ မြေစာရင်း၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေရယ် ကွင်း ဆင်းတိုင်းတာဖို့ လုပ်တဲ့အခါမှာ ကန့် ကွက်တားဆီးမှုတွေ ရှိတဲ့အတွက် မလုပ် ခဲ့ရဘူး”ဟု ဒေါ်အေးအေးခိုင်က ဆိုသည်။
အခြေအနေကို ပြည်နယ်အစိုးရအ ဖွဲ့သို့ တင်ပြထားပြီး ပြည်နယ်အစိုးရ အဖွဲ့၏ ညွှန်ကြားချက်အတိုင်း ဆက် လက်လုပ်ဆောင်သွားမည်ဟုလည်း ဒေါ်အေးအေးခိုင်က ပြောသည်။

လယ်သမားများအနေဖြင့် ၎င်းတို့ လယ်ယာမြေ သိမ်းဆည်းမခံရရေး နိုင်ငံ တော်သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးအပါအဝင် ဌာနဆိုင်ရာ အဖွဲ့အစည်း ၁၄ ခု တို့ထံ ၎င်းတို့ အခွင့်အရေးများဆုံးရှုံးပြီး ထိခိုက်နစ်နာနေမှုအပေါ် စိစစ်ဖြေရှင်း ပေးရန် တင်ပြထားကြောင်းလည်း လယ် သမားတို့က ပြောသည်။