ဘိုချိုကျွန်းတွင် CB ဘဏ်အုပ်စုနှင့် တောင်သူငါးဦးအား ထုတ်ပေးထားသည့် ပုံစံ ၇ ကို ပယ်ဖျက်မည်

0
601

ကော့သောင်းမြို့နယ်၊ ဘိုချိုကျွန်း ပေါ်တွင် CB ဘဏ်အုပ်စုနှင့် တောင်သူ ငါးဦးအား ထုတ်ပေးထားသည့် လယ် ယာ မြေလုပ်ပိုင်ခွင့်လက်မှတ်(ပုံစံ ၇) ကို ပယ်ဖျက်မည်ဖြစ်ကြောင်း တနင်္သာ ရီ တိုင်းအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်း သားရေးရာဝန်ကြီး စောလုကာက ပြောသည်။
စက်တင်ဘာလ ၂၅ ရက်က ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ကရင်တိုင်းရင်းသားရေး ရာဝန်ကြီး စောလုကာက အထက်ပါအ တိုင်း ပြောကြားခဲ့သည်။

ကော့သောင်းခရိုင်၊ စူငယ်ဘာလိုင်း ကျေးရွာအုပ်စု၊ မကြုံကလက်ကျေးရွာ အရန်မြေတွင် CB ဘဏ်အုပ်စုက ပိုင် ဆိုင်နေခြင်းအပေါ် ဒေသခံများက စု ပေါင်းကန့်ကွက်ခြင်းနှင့် ပတ်သက်၍ တိုင်းလွှတ်တော်၏ အာမခံချက်များ၊ ကတိများ၊ တိုင်ကြားစာ၊ အသနားခံစာ ဆိုင်ရာ စိစစ်ရေးကော်မတီ၏ ကွင်းဆင်း တွေ့ရှိသည့် အစီရင်ခံစာပါ သုံးသပ် အကြံပြုချက်များကို တိုင်းအစိုးရအဖွဲ့ အနေဖြင့် အကောင်အထည်ဖော်ရန် ရှိ/မရှိကို တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က မေးမြန်း ခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ထူးနေအောင်၏ မေးခွန်းကို ခွင့်ယူထား သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး ဦးမြင့်စန်းကိုယ်စား စောလုကာက ဖြေဆိုခြင်း ဖြစ်သည်။
ဘိုချိုကျွန်းပေါ်တွင် မကြုံကလက် ကျေးရွာပိုင်မြေအဖြစ် ပြောင်းလဲအသုံး ပြုနိုင်ရန်အတွက် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ်မှ ပယ်ဖျက်ပေးခဲ့ သည့် မြေဧရိယာ ၅၉ ဒဿမ ၈၇ ဧက တွင် ၃၃ ဒဿမ ၀၈ ဧကအား CB ဘဏ်အုပ်စုနှင့် တောင်သူ ၅ ဦးတို့ကိုပုံစံ ၇ ထုတ်ပေးထားကြောင်း ဦးစောလုကာ က ပြောသည်။
လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်မြေအဖြစ် သတ်မှတ်သည့်အမိန့်နှင့် ကျေးရွာမြေအဖြစ် အသုံးပြုရန် အမျိုး သားဥယျာဉ်အမြေအဖြစ်မှ ပယ်ဖျက် သည့် အမိန့်စာတို့ကို ကော့သောင်းမြို့ နယ် သစ်တောဦးစီးဌာနနှင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနတို့သို့ မိတ္တူပေးပို့ခဲ့ခြင်း မရှိသဖြင့် ၎င်းတို့အနေဖြင့် မသိခဲ့ရ ကြောင်း ဦးစောလုကာ၏ ဖြေကြားချက် အရ သိရသည်။

ယင်းမြေဧက ၃၃ ဒဿမ ၀၈ ဧကသည် ပတ်ဝန်းကျင်ထိန်းသိန်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ် ၄၀ / ၉၆ အရ လန်ပိအဏ္ဏဝါ အမျိုးသား ဥယျာဉ် သဘာဝ နယ်မြေအတွင်း ကျရောက်ခဲ့ သည့်အပြင် ယင်းဝန်ကြီးဌာန၏ အမိန့်ကြေညာစာအမှတ် ၄၇၀ / ၂၀၁၅ အရ မကြုံကလက်ကျေးရွာအမြေအဖြစ် သဘာဝနယ်မြေမှ ပယ်ဖျက်ထားသည့် ဧရိယာအတွင်း ပါဝင်ခြင်းတို့ကြောင့် ၂၀၁၂ လယ်ယာ မြေဥပဒေအရ လယ်ယာမြေဟူသည့် စကားရပ်တွင် အကြုံးမဝင်တော့ကြောင်း ဝန်ကြီးက ဆိုသည်။

ယင်းကြောင့် CB ဘဏ်အုပ်စုမှ ဦးခင်မောင်အေးနှင့် တောင်သူငါးဦး အား ထုတ်ပေးထားသည့် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်များကို ပယ်ဖျက် နိုင်ရေးအတွက် တိုင်းဒေသကြီး လယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ စီမံဆောင်ရွက် လျက်ရှိကြောင်း စောလုကာက ပြော သည်။
ပုံစံ ၇ ထုတ်ပေးထားခြင်းအပေါ် စုံစမ်းစစ်ဆေးပြီး တွေ့ရှိချက်အပေါ် မူ တည်၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဆောင်ရွက်နိုင်ရန် သက် ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြမည်ဖြစ် ကြောင်း ကရင်တိုင်းရင်းသားရေးရာဝန် ကြီး စောလုကာက ဆိုသည်။

“ဥပဒေမဲ့ ထုတ်ပေးခဲ့တဲ့ သက်ဆိုင် ရာဌာနတွေကိုလည်း အရေးယူမယ့် အပိုင်းထည့်ပြီးတော့ ဖြေသွားတဲ့အတွက် ကြောင့် ကျေနပ်မှုရှိတယ်လို့တော့ ပြောရ မှာပေါ့”ဟု လွှတ်တော်တွင် မေးခွန်းမေး မြန်းခဲ့သည့် ဒေါက်တာထူးနေအောင်က ပြောသည်။
လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ် အတွင်းရှိ မကြုံဂလက်ကျေးရွာပိုင် မြေ ၆၀ ဧက နီးပါးကို ၂၀၁၅ ခုနှစ် ဧပြီလ ၂၈ ရက် မတိုင်မီအထိ သဘာဝသစ်တော နယ်မြေအဖြစ် သတ်မှတ်ထားသည်ကို တွေ့ရှိရကြောင်း တနင်္သာရီတိုင်းဒေသ ကြီးလွှတ်တော် အစိုးရ၏အာမခံချက် များ၊ ကတိများ၊ တာဝန်ခံချက်များ နှင့် ပြည်သူများ၏ တိုင်ကြားစာ၊ အသနားခံ စာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ထူးနေအောင်က ပြောသည်။

ဘဘာဝသစ်တော နယ်မြေအဖြစ် သတ်မှတ်ထားသည့် ကာလ ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် CB ဘဏ်အုပ်စုမှ ဦးခင်မောင်အေးအား မြေ ၁၁ ဧကကျော် ကို ပုံစံ ၁၀၅ ၊ ပုံစံ ၇ တို့ကို မြေစာရင်းဌာ နက ဥပဒေနှင့်မညီဘဲ ထုတ်ပေးထား သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ၎င်း ကပြောသည်။