ကော့သောင်းတွင် မီးပွိုင့်နှစ်ခု လာမည့်နှစ်တပ်မည်

0
474

ကော့သောင်းမြို့တွင် မီးပွိုင့် နှစ် ခုကို လာမည့်ဘဏ္ဍာရေးနှစ်တွင် တပ် ဆင်မည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းကပြောသည်။
စက်တင်ဘာလ ၂၅ ရက်က ပြု လုပ်သည့် တိုင်းလွှတ်တော်ပုံမှန်အစည်း အဝေးတွင် တိုင်းလွှတ်တော် ကိုယ်စား လှယ် ဦးနေထွန်းမေးမြန်းသည့် ကော့သောင်းမြို့လမ်းဆုံ၊ လမ်းခွ၊ အ ဝိုင်းပတ် စသည့် အချက်ချာကျသည့်နေ ရာများတွင် အချက်ပြမီးများ ထားရှိပေး ရန် အစီအစဉ်ရှိ၊မရှိမေးခွန်းကို လူမှုရေး နှင့် စည်ပင်သာယာရေးဝန်ကြီးကိုယ်စား ဦးဖြိုးဝင်းထွန်းက ဖြေဆိုခြင်း ဖြစ်သည်။
မီးပွိုင့်ကို အဏ္ဏဝါရပ်ကွက်ရှိ ဆိပ် ကမ်းသာလမ်းနှင့် နာရီစင်လမ်းဆုံ ၊ အေးရိပ်ငြိမ်ရပ်ကွက်ရှိ မြရည်ပုလဲလမ်း နှင့် တော်ဝင်လမ်းဆုံတို့တွင် တပ်ဆင် မည်ဖြစ်ကြောင်း ဦးဖြိုးဝင်းထွန်းက ပြော သည်။

၎င်းအပြင် မီးပွိုင့်နှစ်ခုတွင် ထား ရှိမည့် ယာဉ်ထိန်းရဲအဆောက်အအုံ နှစ် လုံးဆောက်လုပ်ခြင်း၊ အရှိန်လျှော့မျဉ်း များ ရေးဆွဲခြင်း၊ အရှိန်လျှော့မီးဝါ ၁၆ စုံ(ယခင်ပျက်နေသည့် ငါးစုံအပါအဝင်) နှင့် ပျက်စီးနေသည့် မှန်ခုံးငါးစုံတို့ကို ပါ တပ်ဆင်ခြင်း စသည်တို့ကို လုပ် ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆို သည်။
ယင်းလုပ်ငန်းများအတွက် ကျပ်၃၅ ဒဿမ ၈ သန်းခန့် ကုန်ကျနိုင်ပြီး လာ မည့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်ရန်ပုံငွေ သို့မဟုတ် နယ်စပ်ဖြတ်သန်းခ ရရှိငွေမှ လျာထားဆောင်ရွက်ပေးမည် ဖြစ် ကြောင်း ၎င်းက ပြောသည်။

“အစီအစဉ်ကောင်းပါတယ် မီးပွိုင့် ဘယ်လိုလိုက်နာရမလဲဆိုတာ သေချာ လေးတော့ ပညာပေးသင့်တယ်”ဟု ပိ တောက်ရွှေဝါရပ်ကွက်နေ ဦးကိုကိုအောင် က ပြောသည်။
ကော့သောင်းမြို့တွင် ယာဉ်အသွား အလာများပြားလာခြင်း၊ ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း မလိုက်နာခြင်း စသည်တို့ကြောင့် ယာဉ်တိုက်မှုများ ပိုမို များပြားလာကြောင်း တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးနေထွန်းကပြောသည်။

လက်ရှိ ကော့သောင်းမြို့ပေါ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် အရှိန်လျှော့မီးဝါ ၂၇ နေရာ၊ ကြေးမုံမှန် ခုံး ၇ နေရာ၊ လူကူးမျဉ်းကြား ၁၂ နေရာ၊ သတိပေးလမ်းညွှန်ဆိုင်းဘုတ် ၄၀ ခုနှင့် လမ်းမကြီးတစ်လျှောက် လမ်းလယ်မျဉ်း များ ရေးဆွဲထားကြောင်း ဦးဖြိုးဝင်းထွန်း က ပြောသည်။