ဆီဈေးကြောင့် ထားဝယ်-ရန်ကုန် အထူးကားအချို့ လက်မှတ်ဈေးတက်

0
782

ဆီဈေးမြင့်တက်လာခြင်းကြောင့် ရန်ကုန်-ထားဝယ်ပြေးဆွဲနေသည့် အထူးခရီးသည်တင်ကားအချို့ ကား လက်မှတ်ဈေး တိုးမြှင့်လိုက်ကြောင်း ထားဝယ် အဝေးပြေးယာဉ်လိုင်းအသိုင်း အဝိုင်းထံမှ သိရသည်။

ယခင်က အထူးကားလက်မှတ်တစ် စောင်လျှင် ကျပ် ၂၃၅၀၀ဖြင့် ရောင်းချ နေခဲ့ရာမှာ ယခုစက်တင်ဘာလမှ စတင် ၍ ကျပ်၂၅၃၀၀သို့ တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း ထားဝယ်-ရန်ကုန် ပြေး ဆွဲနေသည့် ယာဉ်လိုင်းအချို့ထံမှ သိရ သည်။
လက်ရှိတိုးမြှင့်လိုက်သည့် ၂၅၃၀၀ ဈေးသည် လွန်ခဲ့သည့် နှစ်နှစ်ဝန်းကျင် က သတ်မှတ်ခဲ့သည့် ဈေးဖြစ်ပြီးနောက် ပိုင်းတွင် ကျပ် ၂၃၅၀၀ သို့ လျှော့ချ ရောင်းချနေခဲ့ခြင်းဖြစ်ကြောင်း ဈေးနှုန်း တက်လိုက်သည့် ယာဉ်လိုင်းတာဝန်ရှိ သူများက ပြောသည်။
“ဆီဈေးပြန်ကျရင်တော့ ပုံမှန် အတိုင်း ပြန်ချမယ်နဲ့တူတယ်။ သေချာ တော့ မသိဘူး။ အဲ့ဒါတော့ မပြောတတ် ဘူး”ဟု မန္တလာမင်းယာဉ်လိုင်းဂိတ်မှူး ကိုရွှေဘိုက ဆိုသည်။

ထားဝယ်-ရန်ကုန်ပြေးဆွဲနေသည့် ယာဉ်လိုင်း ၃ လိုင်းထက် မနည်းဈေး တက်ခဲ့ကြောင်း ထားဝယ်အဝေးပြေး ယာဉ်လိုင်း အသိုင်းအဝိုင်းထံမှ သိရသည်။
အချို့ ယာဉ်လိုင်းများမှ အထူး ကားများကိုမူ ဈေးတိုးမြှင့်ခဲ့ခြင်း မရှိပေ။
“ထားဝယ်က နယ်ခံတွေက အပြောင်း အလဲကို မကြိုက်ဘူး။ အဓိက ခရီး သည်ပဲ ဦးစားပေးတယ်။ ခရီးသည် အဆင်မပြေမှာတော့ ကြောက်တယ်။ ထားဝယ်-ရန်ကုန်တစ်ခုပဲ မတက်တာ ကျန်လိုင်း(ရန်ကုန်မှ အခြားမြို့များသို့ ပြေးဆွဲနေသည့် လိုင်းများ)တွေတော့ အကုန်တက်တယ်”ဟု ရွှေမန္တလေးဂိတ် မှူး ဦးသူရိန်က ဆိုသည်။

အထူးကား အချို့ဈေးတက်ခဲ့သော် လည်း ရိုးရိုးကားများမှာမူ ဈေးတက်ခြင်း မရှိပေ။
အထူးကားများသည် ရိုးရိုးကား ထက် ခရီးထိုင်ခုံနည်းခြင်းသည့်အတွက် တွက်ချေမကိုက်ခြင်းကြောင့် ဈေးတက် ရခြင်းဖြစ်ကြောင်း ယာဉ်လိုင်းအသိုင်း အဝိုင်းထံမှ သိရသည်။