မွန်သာမက အခြားတိုင်းရင်းသား မဲပါရအောင် မွန်ပါတီကြိုးစားမည်

0
425

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်မွန်ပါတီအနေဖြင့် မွန်တိုင်းရင်းသား
မဲများသာမက အခြားတိုင်းရင်းသားမဲများ
ပါ ရရှိအောင် ကြိုးစားသွားမည်ဟုပါတီခေါင်းဆောင်များက ပြောသည်။
စက်တင်ဘာလ ၂၁ ရက်တွင်ကျင်းပခဲ့သည့် မွန်ပါတီအမည်သစ်
မိတ်ဆက်ပွဲ အခမ်းအနားအပြီး ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ မွန်ပါ
တီခေါင်းဆောင်တို့က ထိုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ မွန်ပါတီအားလုံးအရင်တုန်းကပေါ့နော် အားကိုးအား
ထားတာ ကိုယ့်မွန်မဲပဲ”ဟု မွန်ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်
နိုင်ကျန်ရစ်က ပြောသည်။လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်မူမွန်သာမက အခြားတိုင်းရင်းသားများပါမွန်ပါတီအပေါ် ယုံကြည်သက်ဝင်လာ
အောင် ဖြစ်နိုင်ချေရှိသည့် ကတိကဝတ်ပေးပြီး စည်းရုံးသွားမည်ဟု ၎င်းက
ဆိုသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အမျိုး
သားကိုယ်စားပြုပါတီ ၃ ပါတီတို့ ပေါင်းစည်းထားသည် ပါတီကို “မွန်ပါတီ”ဟု
အမည်ပေးထားပြီး ပါတီ အမည်သစ်ကိုမွန်ပြည်သူတို့အား တရားဝင်မိတ်ဆက်
ခဲ့ပြီး ဖြစ်သည်။မွန်ပါတီအနေဖြင့် ပါတီအခြေခံဥပဒေစည်းမျဉ်း၊ တရားဝင်မှတ်ပုံတင်
ခြင်းနှင့် ပါတီရှေ့ဆက်လုပ်ငန်းစဉ်များကို ပထမအကြိမ် ကျင်းပသွားမည့်ဗဟိုကော်မတီအစည်းအဝေးတွင်
ဆုံးဖြတ်အတည်ပြုသွားမည်ဟု ပါတီခေါင်းဆောင်တို့က ပြောသည်။

လက်ရှိတွင် မွန်ပါတီကို ဥက္ကဋ္ဌအဖွဲ့ ၄ ဦး၊ အတွင်းရေးမှူးအဖွဲ့ ၆ ဦး၊ဗဟိုကော်မတီဝင် အယောက် ၁၂၀ နှင့်ဗဟို အလုပ် အမှုဆောင် ကော် မတီဝင်
၅၃ ဦး တို့ဖြင့် ရွေးချယ်ဖွဲ့ စည်းထားသည်ဟု မွန်ပါတီ တွဲဖက်အတွင်းရေးမှူး(၁) နိုင်လရီတမက ပြောသည်။ကျန်ရှိနေသေးသည့် မွန်အင်အား
စုများလည်း မွန်ပါတီထဲ ပါဝင်လာနိုင်ရန်အတွက် ဆက်လက်ကြိုးပမ်းသွား
မည်ဟုလည်း မွန်ပါတီခေါင်းဆောင်
တို့က သဘောတူဆုံးဖြတ်ထားသည်