ကော့သောင်း လွတ်လပ်ရေး ကျောက်တိုင် အကြီးစားပြုပြင်မည်

0
369

ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်
ရှိ လွတ်လပ်ရေးကျောက်တိုင်ကို အကြီးစား ပြုပြင်ရန် စီစဉ်လျက်ရှိကြောင်း
ကော့သောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
နယ်စပ်ဖြတ်သန်းခမှ မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရရှိသည့် ဝင်ငွေ
ဖြင့် ပြုပြင်သွားမည်ဖြစ်ပြီး ငွေသုံးစွဲခွင့်ကို အစိုးရထံ တင်ပြထားပြီးဖြစ်
ကြောင်း အထက်ပါ အဖွဲ့အမှုဆောင်အရာရှိ ဦးဘဂွမ်က ဆိုသည်။

“အကြီးစားပြင်ဆင်မှုဆိုတာကကျောက်တိုင်ကို နဂိုမူလအတိုင်းထားပြီးနံဘေးပတ်လည် ကွင်းပြင် ခြံခတ်မယ်။
မြေထိန်းနံရံလုပ်မယ် ၊ အတက်အဆင်းအုတ်ခုံတွေ တည်ဆောက်မယ်”ဟု
ဦးဘဂွမ်က ပြောသည်။ကျောက်တိုင် ဝန်းကျင်ပတ်လည်
အကြီးစားပြင်ဆင်မှုအတွက် ကျပ်သိန်း၄၃၅၊ မြေထိန်းနံရံအတွက် ကျပ်
၉၇သိန်း စုစုပေါင်း ၅၃၂သိန်း သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ကော့သောင်း လွတ်လပ်ရေးကျောက်တိုင်ကို စတင်ဆောက်လုပ်ခဲ့
ချိန်မှစ၍ ယခု ပထမဆုံးအကြိမ် အကြီးစားပြုပြင်မည်ဖြစ်ကြောင်း မြို့နယ်
စည်ပင်သာယာရေးအဖွဲ့က ဆိုသည်။