ကြိုးပြင်ကာကွယ်တော သတ်မှတ်မှု ရပ်ဆိုင်းထားပေးရန် ထင်းမယ်ဒေသခံများ လက်မှတ်ထိုးတောင်းဆို

0
395

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ထင်းမယ်ရွာဧရိယာ အတွင်း
ပြုလုပ်မည့် ကြိုးပြင်ကာကွယ်တောအားရပ်ဆိုင်းထားပေးရန် ဒေသခံများက
လက်မှတ်ထိုး တောင်းဆိုခဲ့ကြောင်းကာယကံရှင်များနှင့် တောင်ပိုင်းလူငယ်ကွန်ရက်ထံမှ သိရသည်။

ဘုတ်ပြင်းမြို့နယ်၊ ထင်းမယ်ရွာဧရိယာအတွင်း ပြည်ထောင်စုအစိုးရမှကြိုးပြင်ကာကွယ်တော ပြုလုပ်ရန် လျာထားကြောင်း ကြေညာထားသည့် သစ်
တောမြေ ဧက ၈၉၆၀ အနက် ထက်ဝက်ခန့်မာ ဒေသခံများလုပ်ကိုင်စားသောက်
နေကြသည့် ဥယျာဉ်ခြံမြေများ ပါဝင်နေသည်ဟု တောင်ပိုင်းလူငယ်ကွန်ရက်မှဒါရိုက်တာ ဦးစံငွေက ပြောသည်။ထို့ကြောင့် အဆိုပါ လျာထားချက်အား ရပ်ဆိုင်းပေးရန် ကျေးရွာနေ ဒေသခံ ၄၃ ဦးက လက်မှတ်ရေးထိုးကာစက်တင်ဘာလ ၁၈ ရက်က တိုင်းဒေသ
ကြီး သစ်တောဦးစီးဌာန၊ ညွန်ကြားရေးမှူးထံနှင့် သက်ဆိုင်ရာဌာနများသို့လက်မှတ်ရေးထိုး တောင်းဆိုခြင်း ဖြစ်
ကြောင်း ဦးစံငွေက ဆိုသည်။

“ရွာသားတွေက ဆိုင်းဘုတ်မှာရေးထားတာတွေ မြေပုံအညွှန်းတွေကိုနားမလည်ကြတော့ သူတို့ဥယျာဉ်တွေ
ပါနေမှန်း မသိကြတော့ အချိန်မီ မတင်ပြနိုင်ကြဘူး”ဟု ၎င်းက ပြောသည်။ထင်းမယ်ရွာသူရွာသားအများစုသည်
ကရင်လူမျိုးများ ဖြစ်သည်။၂၀၁၈ ခုနှစ် မေလ ၆ ရက် နေ့စွဲ ဖြင့်သစ်တောဦးစီးဌာနမှ လာရောက် စိုက်ထူခဲ့သည့် အသိပေးကြေညာချက် ဆိုင်းဘုတ်တွင် အဆိုပါ ကြေညာချက်နှင့်ပတ်သက်ပီး အရေးဆိုတင်ပြခြင်းကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ
၎ ရက် မတိုင်မီ စာဖြင့်သော် လည်းကောင်းကိုယ်တိုင် သော်လည်းကောင်း ကြေးတိုင်အရာရှိ ညွန်ကြားရေးမှူး၊ တိုင်းသစ်တောဦးစီး ဌာနထံသို့ တင်သွင်းလျှောက်ထားရမည်ဟု ရေးသားထားသည်။”အစည်းအဝေးတော့ တစ်ခါလာလုပ်တယ်၊ ဘာလည်းဆိုတာ ရွာသား
တွေက ရှင်းရှင်းလင်းလင်း မသိရဘူး”ဟု ထင်းမယ်ရွာသား ကိုစောမြင့်ဦးကပြောသည်။

ကြိုးပြင်ကာကွယ်တောအဖြစ်သတ်မှတ်ထားသည့်သစ်တောဧကပေါင်း ၈၉၆၀ သည် ထင်းမယ်ကျေးရွာနှင့် ပြင်းမချောင်းကျေးရွာ နှစ်ရွာစလုံး၏ ဧရိယာအတွင်း ပါဝင်နေပြီးမိမိတို့လုပ်ကိုင်စားသောက်လာသည့် ကွမ်းသီး၊ ရော်ဘာ၊သီဟိုနှင့် ကော်ဖီခြံများ ပါဝင်နေသည့်အ
တွက် ယင်းသို့သတ်မှတ်လိုက်လျှင် စားဝတ်နေရေး ခက်ခဲသွားနိုင်ကြောင်းကိုစောမြင့်ဦးက ဆိုသည်။”ကျွန်တော်တို့ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်စားသောက်နေတဲ့ဥယျာဉ်ခြံမြေတွေ ပြန်ရရင် ကျေနပ်ပါပြီ”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။ထင်းမယ်ရွာနှင့်ပြင်းမချောင်း
ကျေးရွာနှစ်ရွာပေါင်းလျှင် အိမ်ခြေ ၂၀၀နီးပါးခန့်ရှိပြီး ဒေသခံ ၉၅ ရာခိုင်နှုန်းမှာဥယျာဉ်ခြံ စိုက်ပျိုးသည့်လုပ်ငန်းဖြင့် အ
သက်မွေးဝမ်းကျောင်း ပြုနေကြကြောင်းရွာသားများထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်း သစ်တောဖုံးလွမ်းမှု ရှိနေသေးသည့် ထားဝယ်ခရိုင်၊မြိတ်ခရိုင်၊ ကော့သောင်းခရိုင် အတွင်းရှိနေရာ ၁၉ ခုတွင်း မြေဧက ၂ သိန်းကျော်အား ကြိုးပြင်ကာကွယ်တော သတ်မှတ်ရန် ပြင်ဆင်လျက်ရှိသည်။