ကျွန်းစုတွင် ဒီရေတော အသုံးပြုမှုလျှော့ချရန် ဝါးအသုံးပြုနည်းသင်တန်းပေးမည်

0
383

ဒီရေတော အသုံးပြုမှု လျော့ကျစေရန်အတွက် ဝါးအသုံးပြုနည်းဆိုင်ရာ
သင်တန်းကို ကျွန်းစုမြို့နယ် ကတန်ကျွန်းကျေးရွာတွင် အောက်တိုဘာလနောက်ဆုံးအပတ်တွင် ပြုလုပ်မည်ဖြစ်
ကြောင်း တနင်္သာရီတိုင်း အစိမ်းရောင်ကွန်ရက်ထံက သိရသည်။ယင်းသင်တန်းတွင် ဝါးဖြင့်
အိမ်ဆောက်လုပ်နည်းနှင့် စီးပွားဖြစ်ဝါးစိုက်ပျိုးနည်းတို့ကို ဆက်ရက်ကြာအခမဲ့ သင်ကြားပေးမည် ဖြစ်ကြောင်းအစိမ်းရောင်ကွန်ရက်တည်ထောင်သူဦးမျိုးဦးက ပြောသည်။

ဒီရေတော အသုံးပြုမှု လျှော့ကျစေရန်အတွက် သစ်အစား ဝါးကို အသုံးပြုကာနေအိမ်ဆောက်လုပ်တတ်စေရန်နှင့် ဝါးအဆောက်အအုံများ တွင်ကျယ်လာ
ပြီး ခရီးသွားများကို ဆွဲဆောင်နိုင်စေရန်အတွက် ယင်းသင်တန်းကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ဦးမျိုးဦးက ပြော
သည်။”ဒီရေတော အသုံးပြုတာလျှော့ချဖို့အတွက် ဒီရေတောတွေ မသုံးရတော့ဘူး
ဆိုရင် ဘာသုံးရမလဲဆိုတဲ့ မေးခွန်းပေါ်လာတယ်။သစ်ကလည်း ရှားလာနေပြီဆိုတော့ ဝါးကို အစားထိုးပြီး အသုံးပြုနိုင်တယ်လေ”ဟု ၎င်းက ဆိုသည်။
ယင်းအပြင် ဝါးစိုက်ခင်းအတွင်းသီးထပ်၊ သီးညှပ်များ စိုက်ပျိုးနည်းများကိုလည်း သင်ကြားပေးမည်ဖြစ်ပြီး
နောက်ပိုင်းပြုလုပ်မည့် သင်တန်းများတွင် ဝါးဖြင့် ပရိဘောဂပစ္စည်းများ ထုတ်လုပ်နည်းကိုပါ သင်ပေးရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောသည်။ယင်းကဲ့သို့ ဝါးအသုံးပြုနည်းကိုဒေသခံများ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုး၊အသုံးပြုလာပါက ဒီရေတောသစ်များနေရာတွင် ဝါးကို အစားထိုးအသုံးပြုလာ
နိုင်ပြီး ဒီရေတောပြုန်းတီးမှုများကို ကာကွယ်လာနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ယင်းသင်တန်းကို မြိတ်ခရိုင်းအတွင်းရှိ မြိတ်၊ ကျွန်းစု၊ ပုလော စသည့်
သုံးမြို့နယ်မှ ဒေသခံအယောက် ၃၀ ကိုပို့ချပေးမည်ဖြစ်သည်။
ယခုလ စက်တင်ဘာ ၁၈ ရက်ကိုကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ထားသည်။