ကျွန်းစုတွင် ကမ်းနီးကင်းမွန်လှေ လုပ်ငန်းရှင်များအသင်း ဖွဲ့စည်း

0
459

ကျွန်းစုမြို့နယ်တွင် တစ်နိုင်တစ်ပိုင်ကင်း မွန်လှေလုပ်ငန်းရှင်များအသင်းကို စက်တင်ဘာ လ ၁၅ ရက်က
ဖွဲ့စည်းလိုက်သည်။ကျွန်းစုမြို့ရှိ လွှတ်တော်ကိုယ်စားလှယ်များရုံးတွင် လွှတ်တော်ကိုယ်စား
လှယ်များ၊ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြိတ်ခရိုင် ကင်းမွန်လှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိ သူများ၊ကျွန်းစုဒေသခံများ အပါအဝင် လူပေါင်း၂၀၀ ဝန်းကျင် တွေ့ဆုံ ဆွေးနွေးပြီးနောက်ယင်းသို့ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်းယင်းအသင်းထံမှ သိရသည်။ကမ်းနီးကင်းမွန်လှေများ ဒိုင်နမို၅ ကီလိုဝပ်ထက်ပိုမိုတပ်ဆင်ခြင်းမပြုရန် ငါးလုပ်ငန်း ဦးစီးဌာနက ထုတ်ပြန်ပြီး ၁၂ ရက်အကြာတွင် ကျွန်းစုမြို့နယ် တစ်နိုင်တစ်ပိုင် ကမ်းနီးကင်းမွန်လှေလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းလိုက်ခြင်း ဖြစ် သည်။ကမ်းနီးလှေငယ်များအနေဖြင်လုပ်ကိုင်စားသောက်နိုင်ရန်အတွက် ဒိုင်နမို ၂၀ ကီလိုဝပ် ခွင့်ပြုပေးနိုင်ရန်အတွက် အခြားမြို့နယ်များမှ ကင်းမွန်လုပ်ငန်းရှင်များအသင်း များနှင့်ပေါင်းကာ  တောင်းဆိုသွားမည်ဖြစ်ကြောင်း ကျွန်းစု မြို့နယ်တစ်နိုင်တစ်ပိုင်ကင်းမွန်လှေလုပ်ငန်းရှင်များအသင်း၏တွဲဖက်အတွင်းရေးမှူး
ဦးရဲထွဋ်က ပြောသည်။

“မိုးရာသီတစ်လျှောက်လုံးနားထားရပြီး နွေရာသီရောက်မှ လုပ်ရတဲ့အလုပ်ပါ။ မျိုးတုန်း စေလောက်တဲ့ ကီလိုဝပ်၅၀-၁၀၀ ကို တောင်းဆိုနေတာမဟုတ်ပါဘူး”ဟု ဦးရဲထွဋ်က ဆိုသည်။ကမ်းနီးကင်းမွန်လှေများ ဒိုင်နမို၅ ကီလိုဝပ်ထက်ပိုမိုတပ်ဆင်ခြင်းမပြု
ရန် တားမြစ်ထားသည့်အတွက် လက်ရှိအချိန်တွင် လုပ်ငန်း ရပ်နားထားရကြောင်း တစ်နိုင်တစ်ပိုင်ကမ်းနီး ကင်းမွန်လုပ်ငန်းလုပ်ကိုင် ကြသူအသိုင်း
အဝိုင်းထံမှ သိရသည်။ကမ်းနီးကင်းမွန်လှေလုပ်ငန်းရှင်များအသင်းကို ဒိုင်နမိုမီးအားကိစ္စ
တောင်းဆိုရန်သာမက ကမ်းမွန်ဖမ်းဆီးသည့်လုပ်ငန်းများ ဥပဒေနှင့်အညီ ရေ
ရှည်တည်တံ့စေရန် ရည်ရွယ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဦးရဲထွဋ်က ပြောသည်။

“ဂေဟစနစ် ပျက်စီးမှုနည်းတဲ့ မိရိုးဖလာလုပ်ငန်းတစ်ခုကို အစိုးရက ဥပဒေ
ပြဋ္ဌာန်းပြီး စည်းကမ်းရှိရှိနဲ့ ရေရှည်လုပ်ကိုင်ဆောင်ရွက်သွားနိုင်ဖို့က အဓိက
ပေါ့”ဟု ၎င်းက ဆိုသည်။ကင်းမွန်ဖမ်းဆီးသည့် လှေတစ်
ချို့မှာ စည်းကမ်းဖောက်ဖျက်ကာ နယ်ကျော် ဖမ်းယူနေ မှုများရှိနေသည့်အတွက်ယင်းသို့ အသင်းဖွဲ့စည်း ခြင်းအားဖြင့်
ယခင်ထက်ပိုမို ထိန်းကျောင်းလာနိုင်မည်ဟု ယုံကြည်သည့်အတွက် ထောက်
ခံကြိုဆိုကြောင်း ကျွန်းစုမြို့နယ်ကော်ဇယာကျေးရွာမှ တစ်နိုင်တစ်ပိုင်
ကမ်းနီးကင်းမွန်လှေရှင်တစ်ဦးက ပြောသည်