ကော့သောင်း ပန်းခြံထဲရှိ အိမ်ရာမဲ့ အများစု ထိုင်းဘက်မှ လာရောက်စွန့်ပစ်ထားသူများဟုဆို

0
368

ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်ရှိ ဆိပ်ကမ်းသာ ပန်းခြံအတွင်း ညဘက်အိပ်စက်ကြသည့် အိမ်ရာမဲ့များသည်
ထိုင်းဘက်တွင် အချုပ်ခံရပြီး နယ်စပ်သို့လာပစ်ခံထားသူအများစု ပါဝင်သည်ဟု
ကော့သောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ထိုင်းဘက်တွင် ချုပ်နှောင်ခံရပြီး
မြန်မာဘက်သို့ တရားဝင်လွဲပြောင်းပေးခြင်းမရှိဘဲ တိတ်တဆိတ်လာရောက်စွန့်ပစ်ခံရသည့် စိတ်ကျန်းမာရေးမကောင်းသူ၊ ငွေကြေးမတတ်နိုင်သူ၊ နေရပ်မပြန်နိုင်သူ အများစုဖြစ်သည်ဟု အထက်ပါအဖွဲ့က ပြောသည်။အဆိုပါ အိမ်ရာမဲ့များသည် ပန်းခြံအတွင်း အခန်းဖွဲ့နေထိုင်ကြသည်အထိလုပ်လာသောကြောင့် ပန်းခြံစည်းကမ်းထိန်းအဖွဲ့နှင့်အတူ ရဲ ၊ အုပ်ချုပ်ရေးအဖွဲ့
တို့ဖြင့် တားမြစ်ထားရသည်ဟုကော့သောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဘဂွမ်က ဆိုသည်။

“နေရပ်ပြန်ဖို့ ကူညီပေးတော့လည်း
မပြန်ကြဘူး၊ ဒီလိုပဲ နေကြတယ် ၊ အတတ်နိုင်ဆုံး ပန်းခြံထဲ ညဘက်မအိပ်အောင်တော့ စည်းကမ်းထုတ်ထားရတယ်”ဟု ၎င်းက ဆိုသည်။လက်ရှိတွင် ဆိပ်ကမ်းသာ ပန်းခြံတွင် နေထိုင်နေသည့် အိမ်ရာမဲ့ ၁၀ ဦးကျော် ရှိသည်။ကော့သောင်းမြို့သည် ထိုင်းမြန်မာ
နယ်စပ်နှင့် ထိစပ်နေသည့်အတွက် ထိုင်းဘက်တွင် အဖမ်းခံရသူများအနက် မူးယစ်ဆေးကြောင့် စိတ်ကျန်းမာရေးမကောင်းသူ၊ စိတ်ကစဥ့်ကလျားဖြစ်နေသူ၊ ဆွေမျိုးမရှိ၊ ပြန်စရာမရှိသည့် အိမ်ရာမဲ့များကို လာစွန့်လေ့ရှိသည်ဟုကော့သောင်း ရနောင်းပဲ့ချိတ်မောင်းနေသူများထံမှ သိရသည်။