စက်သုံးဆီဈေးကြောင့် ထားဝယ်ခရိုင်အတွင်း ယာဉ်လိုင်းများ တွက်ခြေမကိုက်

0
391

စက်သုံးဆီဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ထားဝယ်ခရိုင်အတွင်း ပြေး
ဆွဲနေသည့် ယာဉ်လိုင်းများ တွက်ခြေမကိုက်ဘဲ ပြေးဆွဲနေရသည်မှာ နှစ်လခန့်
ရှိနေပြီဖြစ်ကြောင်း အဆိုပါယာဉ်လိုင်းပိုင်ရှင်အချို့ထံမှ သိရသည်။ပြီးခဲ့သည့် ဇူလိုင်လအတွင်းကထားဝယ်မြို့မှ လောင်းလုံးမြို့နယ်ရှင်မော်အသွားအပြန် ခရီးစဉ်တစ်ခုအတွက် စက်သုံးဆီ ကုန်ကျစရိတ်မှာ ကျပ်၁၈၀၀၀မှ ကျပ် ၂၅၀၀၀သာ ကုန်ကျ
ကြောင်း ယင်း ခရီးစဉ်ကိုပြေးဆွဲေ နသည့်သယ်ယူပို့ဆောင်ရေး (၂) ယာဉ်လိုင်းအသင်း ဥက္ကဋ္ဌ ဦးလှရှိန်က ပြောသည်။
ယခု စက်တင်ဘာလတွင်မူ ယင်းခရီးစဉ်အတွက် စက်သုံးဆီ ကုန်ကျစာ
ရိတ်မှာ ကျပ် ၂၈၀၀၀ မှ ကျပ် ၃၀၀၀၀ကြား ကုန်ကျနေကြောင်း ဦးလှရှိန်ကပြောသည်။
“အခုလောလောဆယ်တော့ ဆွဲသာဆွဲနေရတာ တွက်ခြေမကိုက်ဘူး။ အရှုံးဆယ်ခါ၊ အမြတ်တစ်ခါဖြစ်လာတယ်။ဆီဈေးကလည်း တက်သွားပြီးရင် ပြန်
ဆင်းတယ်ဆိုတာကို မရှိဘူး”ဟု ၎င်းကဆိုသည်။

သရက်ချောင်း ကားလိုင်းတွင်လည်း ဇူလိုင်လက ထားဝယ်၊ သရက်ချောင်း အသွားအပြန် ခရီးစဉ်တွင်ပျမ်းမျှကားတစ်စီး၏ စက်သုံးဆီကုန်ကျစာရိတ် ကျပ် ၅၀၀၀ ကျော် ကုန်ကျ
သော်လည်း ယခု စက်တင်ဘာလတွင်မူကျပ် ၈၀၀၀ ခန့် ကုန်ကျနေကြောင်းထားဝယ်၊ သရက်ချောင်းယာဉ်လိုင်းအသင်း ဥက္ကဋ္ဌက ပြောသည်။
ဆီဈေးတက်သည့်အပြင် မိုးရာသီလည်းဖြစ်၊ အပြင်က တရားမဝင်ပြေး
ဆွဲနေသည့် ယာဉ်လိုင်းများကြောင့်လည်းတရားဝင်ပြေးဆွဲနေသည့် ယာဉ်လိုင်းများ ရပ်တည်ရခက်ခဲလာကြောင်း အနီးပြေးယာဉ်ပိုင်ရှင်အချို့က ပြောသည်။
“တချို့ဆို မကိုက်ဘူး။ ကားတာရာပါးသွားတာပဲ အဖတ်တင်တယ်ဆိုပြီး
ပြန်ဆွဲလိုက်၊ ရပ်လိုက် လုပ်နေကြတယ်”ဟု ဦးချစ်လွင်က ဆိုသည်။ယခင်က ကားလေးစီးဖြင့် ပြေးဆွဲနေသော်လည်း စက်သုံးဆီးဈေးနှုန်းများ
မြင့်တက်လာသည့်အချိန်မှစပြီး ကားတစ်စီးသာ ပြေးဆွဲနေကြောင်း ထားဝယ်
မြို့မှ ရေဖြူမြို့နယ် ကလိန်အောင်မြို့ကိုပြေးဆွဲနေသည့် ဟိဏ်းဇာဏီ ယာဉ်လိုင်း
မှ ယာဉ်ပိုင်ရှင် ဦးအောင်ကိုက ပြောသည်။

ပုံမှန်စရိတ်များဖြစ်သည့် ကားပြင်ဆင်စရိတ်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်စရိတ်များအပြင် ဆီဈေးတက်လာ
ခြင်းကြောင့် တွက်ချေမကိုက် ဖြစ်လာရခြင်းဖြစ်ကြောင်း ယာဉ်ပိုင်ရှင်များက
ညည်းကြသည်။ယင်းကဲ့သို့ စက်သုံးဆီဈေးများတက်နေသော်လည်း ခရီးသည်များထံ
တွင် ကားခ တိုးကောက်ခွင့်မရှိသဖြင့်ကားပြေးဆွဲမှုကို ရပ်နားထားရှိကြောင်းယာဉ်ပိုင်ရှင်အချို့က ပြောသည်။
လက်ရှိတွင် ခရီးစဉ်တစ်ခုကို ကျပ်ငါးရာမှ တစ်ထောင်အကြား တိုးကောက်
ပါက အဆင်ပြေလာနိုင်ကြောင်း ယာဉ်လိုင်းပိုင်ရှင်အချို့က ပြောသည်။ထားဝယ်ခရိုင်အတွင်း ပြေးဆွဲနေ
သော ယာဉ်လိုင်းများသည် ခရီးသည်တစ်ဦးလျှင် ခရီး အနီး၊ အဝေး အပေါ်မူတည်ပြီး ကျပ်၁၀၀၀ မှကျပ် ၃၀၀၀ အ
ကြား ကောက်ခံကြောင်း အဆိုပါ ယာဉ်
လိုင်းပိုင်ရှင်အချို့ထံမှ သိရသည်။