တနင်္သာရီတိုင်းအပါအဝင် ဒေသငါးခုတွင်သယံဇာတပြသာနာများကို သုံးနှစ် သုတေသန လုပ်မည်

0
342

တနင်္သာရီတိုင်းအပါအဝင် ဒေသငါးခုတွင် သယံဇာတဆိုင်ရာပြသာနာများကို
များကို သုံးနှစ်အကြာ သုတေသနပြုမည်ဖြစ်ကြောင်း စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းထံမှ သိရသည်။တနင်္သာရီတိုင်းနှင့် မွန်၊ ကရင်၊
ရှမ်း၊ ကယားပြည်နယ် တို့တွင် သုတေသနပြုမည်ဖြစ်သည်။တိုင်းအတွင်းရှိ သယံဇာတတူးဖော်နေသည့်နေရာများအားလုံးကို သု
တေသနပြုမည်ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

ပထမနှစ်တွင် သယံဇာတဆိုင်ရာ
ပြသာနာများကို အချက်အလက်စုဆောင်းသည့်အပိုင်း အဓိကလုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းအသင်း ပတ်ဝန်းကျင်ရေး
ရာတာဝန်ခံ ကိုအေးချမ်းမောင်က ပြောသည်။ကျန် ၂ နှစ်တွင် ယင်းကောက်ခံရရှိသည့် အချက်အလက်များကို အစိုးရအပါအဝင် ပတ်ဝန်ကျင်ရေးရာ လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းများထံဖြန့်ဝေပေးမည်ဖြစ်ကြောင်း ကိုအေးချမ်းမောင်က ပြောသည်။သယံဇာတထုတ်ယူသုံးစွဲသည့်ဒေသများတွင် အစိုးရ၊ ထုတ်ယူသည့်ကုမ္ပဏီတို့နှင့်ဒေသခံများအကြား အငြင်းပွားမှုများ ဖြစ်နေသဖြင့် ယင်းအငြင်းပွားမှုများလျော့နည်းအောင် လုပ်ဆောင်နိုင်
မည့် နည်းလမ်းများကို ဖော်ထုတ်နိုင်ရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၎င်းက ပြောသည်။

“ကျွန်တော်တို့မျှော်လင့်တာကတော့ ဒီလိုမျိုး သုတေသန လုပ်မယ်ဆိုရင်တော့ လက်ရှိ သယံဇာတနဲ့ပတ်သက်တဲ့အငြင်ပွားမှုတွေ လျော့နည်းလာမယ်လို့ထင်တယ်”ဟု ၎င်းကဆိုသည်။ငြိမ်းချမ်းရေးနှင့် သယံဇာတ စီမံကိန်းဟုအမည်ပေးထားသည်ယင်းစီမံကိန်း အခြားဒေသများတွင် စတင်နေပြီဖြစ်ပြီး တနင်္သာရီတိုင်းတွင် စက်တင်
ဘာလ နောက်ဆုံးအပတ် သို့မဟုတ်အောက်တိုဘာလတွင် စတင်နိုင်မည်ဖြစ်ကြောင်း စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေး အသင်းထံမှ သိရသည်။